ငလျင်ကြောင့် ထိခို-က်ပျ-က်ဆီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်နှင့် အိုးအိမ်များပြန်လည်ထူထောင်ရန်၊ နေထိုင်မှုအဆင်ပြေစေရန် သက်သာသော အတိုးနှုန်းဖြင့် တစ်ဘက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီထံမှ သိရသည်။
ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် အထူးချေးငွေ အစီအစဉ်ဖြင့် ဘဏ်နှင့် ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများမှတဆင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ရန်ပုံငွေ စုစုပေါင်း ကျပ်(၇၀၀)ဘီလီယံ ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
ငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေများပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ ပထမကြိမ်အစည်းအ ဝေးတွင် ဒေါ်သန်းသန်းဆွေက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆောက်အုံနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အတိုးနှုန်း(၃)ရာခိုင်နှုန်း၊ MSME လုပ်ငန်းလည်ပတ်ရင်းနှီးငွေနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် အတိုးနှုန်း(၅)ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ၏ စက်ယန္တာယားကြီးများနှင့် ရင်းနှီးမြုပ်နှံမှု စရိတ်အတွက် အတိုးနှုန်း (၇)ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက်ယာ ယီချေးငွေအတွက် အတိုးနှုန်း(၇)ရာခိုင်နှုန်းတို့ဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် ရန်ပုံငွေဖြင့်ထုတ်ချေးခြင်းဖြစ်ခြင်းကြောင်း ဆုံးရှုံးနိုင်ခြေမရှိအောင် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရန်လည်း ဒေါ်သန်းသန်းဆွေက ပြောသည်။
ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း မန္တလေးအပါအဝင် နေရာအများအပြားမှာ ထိခို-က်ပျ-က်ဆီးမှုများရှိခဲ့ပြီး ရှေး ဟောင်းအဆောက်ဦး၊ စေတီ၊ ဘာသာရေးအဆောက်အုံနှင့် လူနေအိမ်အများအပြား ထိခို-က်ပျ-က်ဆီးခဲ့ရသည့် အခြေအနေဖြစ်သည်။
