Saturday, May 23, 2026

တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ်...

နေပြည်တော်လေဆိပ်အဝင်လမ်း အနာဂတ်ယာဉ်စီးရေတိုးတက်မှုနှင့်ကိုက်ညီစေရန် Master Plan...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား...

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင်...

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ...

ဖလမ်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း...

ချင်းပြည်နယ် ဖလမ်းမြို့နယ်အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်နှင့် ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန်...
HomeNewsLocal Newsငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသည့် မန္တလေးမြို့မှ ဟိုတယ်များ၏...

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသည့် မန္တလေးမြို့မှ ဟိုတယ်များ၏ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျစာရင်းပြုစုတင်ပြရန် ဟိုတယ်ခရီးဝန်ကြီးမှာကြား

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့မှ ဟိုတယ်များ၏ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျစာရင်းပြုစုတင်ပြရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းက မှာကြားသည်။

၎င်းမှ ဧပြီ ၁၀ ရက်နံနက်ပိုင်းက မန္တလေးမြို့၌ပြိုကျပျက်စီးခဲ့သည့် ဟိုတယ်များအားကြည့်ရှုစစ်ဆေးပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များအားတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟိုတယ်ခရီးဝန်ကြီးမှ ငလျင်ဒဏ်ကြောင့် ဟိုတယ်အဆောက်အအုံများအတွင်းအပြင်ပြိုကျပျက်စီးနေမှု၊ ပျက်စီးမှုများကိုရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်များမှတာဝန်ရှိသူများကိုအားပေးကာ ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများကို လမ်းများပိတ်ဆို့မှုမရှိအောင် အမြန်ရှင်းလင်းဖယ်ရှားရန်၊ အပျက်အစီးများကို ဖယ်ရှားခြင်း၊ အဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် မန္တလေးမြို့တော်စည်ပင်မှ တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဟိုတယ်အဆောက်အအုံများ၏ ထိခိုက်ပျက်စီးမှုအပေါ်မူတည်ကာ သက်ဆိုင်ရာပညာရှင်များ၏ စစ်ဆေးချက်များရယူပြီး ၎င်းတို့၏ တွေ့ရှိချက်များအတိုင်း လုပ်ငန်းစဉ်လိုက်ပြုပြင်မွမ်းမံကာ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြိုကျပျက်စီးသွားသော ဟိုတယ်အဆောက်အအုံများကိုလည်း အမြန်ဆုံးရှင်းလင်းနိုင်ရေးဆောင်ရွက်ကြစေလိုသည်ဟု မှာကြားသည်။

ထို့ပြင် ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျစာရင်းပြုစုတင်ပြပေးစေလိုကာ အာမခံထားရှိသော လုပ်ငန်းရှင်များကို အာမခံကြေးများအမြန်ရရှိအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရမှုများမှ ပြန်လည်ထူထောင်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်း အဖွဲ့များ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလုပ်ကိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုသည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဟိုတယ်ခရီးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)၊ ရန်ကုန်ဇုန်၊ တာချီလိတ်ဇုန်နှင့် ပြည်တွင်း/ပြည်ပမှ အလှူရှင်များက လှူဒါန်းသော ထောက်ပံ့ငွေများနှင့် အစားအသောက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို ဒု-ဝန်ကြီး ဦးဖြိုးဇော်စိုးကလက်ခံရယူပြီး ငလျင်ဒဏ်သင့်ဝန်ထမ်းများထံ လွှဲပြောင်းဖြန့်ဝေပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ် လသည်။ ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီ ၂၀ နီးပါးအကြာ စနေနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြခဲ့သည်။ ရှန်ရှီးပြည်နယ်ရှိ အဆိုပါမိုင်းတွင်းတွင် သောကြာနေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားချိန်၌ လူ ၂၅၀ နီးပါး မြေအောက်တွင် အလုပ်လုပ်နေခဲ့ကြသည်။ စနေနေ့နံနက်ပိုင်းအထိ အနည်းဆုံး လူ ၂၀၁ ဦးကို ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့ပြီး ၁၂၃ ဦးသည်...

နေပြည်တော်လေဆိပ်အဝင်လမ်း အနာဂတ်ယာဉ်စီးရေတိုးတက်မှုနှင့်ကိုက်ညီစေရန် Master Plan ရေးဆွဲအဆင့်မြှင့်တင်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား နောင်အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် လမ်းအ သုံးပြုသူဦးရေနှင့် မော်တော်ယာဉ်စီးရေတိုးတက်လာနိုင်မှုများအပေါ်ထည့်သွင်းတွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ရန်မှာ ကြားသည်။ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတား(၁,၃၀၀)ပေတည် ဆောက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့် ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေပြည် တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာ ယီသံဘောင်ဘေလီတံတားတည်ဆောက်ရန်ဆောင် ရွက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်-မန္တ လေးမီးရထားလမ်းခုံးကျော်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို...

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071