Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeCelebrities' Newsငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို...

ငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ပြီး ရယ်ချင်သွားတယ်

pp2

ပေါ်ပြူလာဂျာနယ်ရဲ့ နှစ် ၂ဝ ပြည့် အထိမ်းအမှတ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဒီတစ်ပတ်ပေါ်ပြူလာ အထူးအချပ်ပိုရဲ့ မျက်နှာဖုံးရှင်ကတော့ အဆိုတော် ပိုပိုပဲဖြစ်ပါတယ်။ အထူးပြုကဏ္ဍကတော့ အနုပညာရှင်တို့ငယ်စဉ်က ရိုက်ကူးခဲ့တဲ့ အမှတ်တရဓာတ်ပုံနဲ့ အခုချိန်မှာ ရိုက်ကူးဖြစ်တဲ့ ဓာတ်ပုံကို နှိုင်းယှဉ်ပြသခြင်းပဲ ဖြစ်ပါတယ်။ ဘာပဲပြောပြော သြော်… ငါ ငယ်ငယ်တုန်းက ဒီလိုပုံလေးပါလား၊ အခုချိန်မှာ ငါဘာတွေပြောင်းလဲသွားပြီလဲစသဖြင့် ခံစားချက်လေးတွေ တစ်စုံတစ်ရာရရှိစေဖို့ပါ။ ဒါဟာ အနုပညာရှင်ရယ်မှ မဟုတ်ပါဘူး။ လူတိုင်း၊ လူတိုင်း ပြုလုပ်ဖြစ်ကြတဲ့အရာပါ။ ကဲ.. ထားပါတော့။ ပိုပို့ရဲ့ခံစားချက်ကို မေးကြည့်ရအောင်။ ဒီတော့ သူမက …

” ပိုပို အဲဒီအစီအစဉ်လေးကို စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ နှိုင်းယှဉ်မှာကိုး။ တချို့ပုံလေးတွေဆို ဆယ် ကျော်သက်မှာ ရိုက်ကူးထားတဲ့ ပုံလေးတွေ၊ အခု အသက် ၂ဝ နဲ့ ၃ဝ ကြားမှာ ပြန်ရိုက်တာပေါ့နော်။ တချို့ အွန်လိုင်းမှာလည်း တွေ့နေရတာဆိုတော့ ဒီအစီအစဉ်လေးကို သဘောကျသွားတယ်။ ကိုယ်ကိုယ်တိုင်လည်း ငယ်ငယ်တုန်းကရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့် ပြီး ရယ်ချင်သွားတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ငယ်ရွယ်တဲ့ အချိန်လေးတွေကို ပြန်သတိရသွားစေတယ်။ အခုတော့ မျက်နှာအနေအထားက အစ ရင့်သွားတာပေါ့ (ရယ်လျက်) “လို့ ပိုပိုက ဆိုပါတယ်။

pp

ပိုပိုလည်း အနုပညာရှင်မဖြစ်ခင်ကရော၊ ဖြစ်လာခဲ့တဲ့ နောက်မှာရော ဓာတ်ပုံတွေများစွာ ရိုက်ကူးခဲ့တယ်ဆိုတော့ ဓာတ်ပုံတွေ ရိုက်ကူးရတဲ့အပေါ် ပိုပိုဘယ်လို သဘောထားလဲလို့ မေးတော့ …

” ဓာတ်ပုံကတော့ ပိုပိုက ရိုက်ကူးရတာ ဝါသနာပါပါတယ်။ ပိုက လူပုံစံကသူများတွေအမြင်မှာ တက်တူးတွေနဲ့ဆိုတော့ ခပ်ကြမ်းကြမ်းတွေပဲ ရိုက်မယ်ထင်တယ်။ ဒါပေမဲ့ ပိုက Cute ဖြစ်တဲ့ ပုံစံလေးတွေ ရိုက်ကူးရတာသဘောကျတယ်။ ပိုပိုအိုက်တင်တော့ သိပ်အများကြီး မလုပ်တတ်ပါဘူး” လို့ သူမက ပြောပါတယ်။

ပေါ်ပြူလာ အနှစ် ၂ဝ ပြည့်နဲ့ တိုက်ဆိုင်တုန်း ပိုပို အသက် ၂ဝ ပြည့်အရွယ်တုန်းက ဘာတွေလုပ်ဖြစ်နေခဲ့လဲ ဆိုတာကိုလည်း အမှတ်တရအနေနဲ့ မေးမြန်းကြည့်ဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီတုန်းက သူမအနေနဲ့ R&B သီချင်းတွေ သီဆိုခဲ့ပြီး Underground ဂီတလောကမှာ ရပ်တည်နေပါပြီ။ “ချစ်ဖူးခဲ့သမျှ” အခွေထွက်ရှိဖို့အတွက် ကြိုးစားနေပါပြီတဲ့။ အခုအချိန်မှာတော့ သူမက အသက် ၂၇ နှစ် အရွယ်ရောက်ရှိနေပြီဖြစ်ပြီး “ချစ်ဖူးခဲ့သမျှ” ၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” ၊ “သင်္ကြန်ဆုတောင်း” စတဲ့ တေးစီးရီးခွေတွေ ထွက်ရှိထားနိုင်ခဲ့ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ဦးအနေနဲ့ ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ ဘာပဲပြောပြော အခုလို ငယ်ငယ်က ပုံစံမျိုးအတိုင်း ဓာတ်ပုံ ပြန်ရိုက်ကူးရတဲ့အပေါ် ပိုပိုကဘာများ မှတ်ချက်ပေးသလဲလို့ဆိုတော့…

” ၁၈ နှစ်တုန်းက ပုံနဲ့ အခု ၂၇ နှစ် ပုံနှစ်ပုံဆိုတော့ ၉ နှစ်လောက် ကွာသွားပြီပေါ့နော်။ ၉ နှစ်လောက်ကွာသွားတဲ့ ပုံလေးတွေကို ပရိသတ်တွေကြည့်ပြီး အနည်းဆုံးတော့ ပြုံးဖြစ်လိမ့်မယ်ထင်ပါတယ်။ သြော်.. အဲဒီတုန်းက အဲဒီလိုလေးလား။ အခုကျတော့ ဒီလိုဖြစ်သွားပြီလားပေါ့။ အမှတ်တရပေါ့” လို့ ပိုပိုက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071