Sunday, September 20, 2026

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...
HomeCelebrities' Newsငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အောင်ထက်...

ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အောင်ထက် ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အိပ်မက်

အောင်ထက်ဆိုတာ အနုပညာ ညီအစ်ကိုမောင်နှမတွေ များစွာ ချစ်ခင်ကြသလို ပရိသတ်တွေများစွာလည်း ချစ်ခင် အားပေးမှုက တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာတဲ့ အနုပညာရှင် ဂီတသမားတစ်ဦးပါ။ သူ့မှာ သီချင်းတစ်ပုဒ်ကို အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုနိုင်တဲ့ ပါရမီရှိတယ်။ ရိုးသားဖြူစင်တဲ့ နှစ်လိုဖွယ် ကောင်းသော အပြုံးကို ပိုင်ဆိုင်ထားတယ်။

နိုဝင်ဘာ ၁၈ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြို ဂီတဖျော်ဖြေပွဲမှာ အောင်ထက်လည်း ပါဝင်သီဆို ဖျော် ဖြေခဲ့ပါတယ်။ “တက္ကသိုလ်နှစ် တစ်ရာပြည့်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ကို ပြောထားတာ ကြာပါပြီ။ ကျွန်တော်လည်း ပျော်ပျော်ကြီးနဲ့ တစ်တပ်တစ်အား ပါဝင်မယ် လို့ လက်ခံထားတဲ့အတွက် ဒီပွဲကြီးမှာ ပါဝင်ဖြစ်ပါတယ်။ ဖျော်ဖြေမှုပုံစံကတော့ အရင်တုန်းက တက္ကသိုလ်ကျောင်းမှာ ရှိတတ်တဲ့ ဇာတ်လမ်းလေးတွေနဲ့ ပတ်သက် တဲ့ သီချင်းလေးတွေကို သီဆိုဖျော်ဖြေတာပါ။ ကျွန်တော်တို့ လူငယ်တွေကို ရှေ့က အဆိုတော်ကြီးတွေကလည်း ဆိုခွင့်ပေးပါတယ်။ ပျော်စရာ ကောင်းပါတယ်” လို့ အောင်ထက် ကပြောပါတယ်။

တက္ကသိုလ်နဲ့ ပတ်သက်လို့ အတွဲခွေတစ်ခွေမှာလည်း ပါဝင်သီဆိုထားသေး တဲ့ အောင်ထက်က…  “ဖြိုးပြည့်စုံရယ်၊ ကျွန်တော်ရယ်၊ Jewel ရယ်ပြီးတော့ တခြားအဆို တော်တွေလည်း အများကြီးပါပါသေးတယ်။ “အဓိပတိလမ်းမှခြေရာများ” ဆိုတဲ့ ကျောင်း သီချင်း အတွဲခွေလေးကို M United ကနေပြီးတော့ ဦးဆောင်ပြီးလုပ်ပါတယ်။ ကျွန်တော်လည်း အဲဒီအခွေ လေးမှာ ပါဝင်ဖြစ်ပါတယ်။ ကျွန်တော်က အဲဒီအထဲမှာ ကျောင်းသီချင်းလေး တစ်ပုဒ် ပါဖြစ်တယ်ပေါ့နော်” လို့ ဆိုပါတယ်။   အောက်တိုဘာလ အတွင်းမှာ ထွက်ရှိထားတဲ့ “နှစ်” တစ်ကိုယ်တော်အခွေကိုလည်း အမ်တီဗီထွက်ဖို့ အောင်ထက် ကကြိုးစားနေပါတယ်။ အောင်ထက်ရဲ့ ၂ဝ၁၈ခုနှစ် အစီအစဉ်က… “၂ဝ၁၈ ခုနှစ်ထဲမှာတော့ ကျွန်တော့်ရဲ့ လောလောဆယ်အသစ် ထွက်ရှိထားတဲ့ “နှစ်” အယ်ဘမ် အမ် တီဗီလေးတွေ ထွက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ကျွန်တော်ရယ်၊ ဖြိုးပြည့်စုံရယ် အတွဲခွေလေး ကိုလည်း ၂ဝ၁၈ခုနှစ်နှစ်ဆန်းပိုင်းလောက်မှာ ထွက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ၂ဝ၁၈ခုနှစ်ထဲ မှာ ကျွန်တော်တို့ ရှိုးတွေလုပ်ဖို့လည်း စီစဉ်နေပါတယ်” လို့ အောင်ထက်က ပြောပြခဲ့ပါတယ်။    အင်တာဗျူးရဲ့ ရှေ့မှာဆိုခဲ့သလို အောင်ထက်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပါတယ်။

သူ့ပရိသတ်တွေကို အောင်ထက်က…     “အနယ်နယ်၊ အရပ်ရပ်မှာရှိကြတဲ့ သီချင်းချစ်သူတွေ အနေနဲ့ ကျွန်တော့်သီချင်းတွေကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒီ့ထက်ပိုပြီးတော့ ကြိုး စားပါ့မယ်” လို့ ပြောပြီး သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အိပ်မက်ကိုလည်း အစဆွဲထုတ် ပေးဖြစ်လိုက်တော့ “One Man Show လုပ်ချင်ပါတယ်။ ကျွန်တော်လည်း ငယ်ငယ်လေး ကတည်းက စတိတ်ပေါ်မှာကျကျနန ဖျော်ဖြေရတာကို တအား သဘောကျတယ်။ အဲဒီအ တွက်လည်း အခုကတည်းက ကြိုးစား ပြင်ဆင်နေပါတယ်။ ဒါပေမဲ့လည်း ဘယ်တော့ဖြစ် မလဲတော့ မသိသေးပါဘူး။ အခုလောလောဆယ် ဂီတ အသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ တိုင်ပင်ထားတဲ့ ရှိုးကတော့ နောက်နှစ်ထဲမှာရှိပါတယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071