Wednesday, June 24, 2026

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ...

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က...

မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံသို့ဟွန်ဆန် သွားမည်

ဇွန် ၂၄ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ...
HomeInternationalဂျေရုဆလင်အထိ တောမီးရောက်လာနိုင်--နေတန်ယာဟု

ဂျေရုဆလင်အထိ တောမီးရောက်လာနိုင်–နေတန်ယာဟု

အရေးပေါ်အခြေအနေကြေညာထားရသော ဂျေရုဆလင်အနီး အလျင်အမြန် ပျံ့နှံ့လေ-ာင်ကျွမ်းနေသော တောမီးသည် မြို့အထိရောက်ရှိလာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ထူထပ်သော မီးခိုးလုံးများသည် ဂျေရုဆလင်အနီး လမ်းများပေါ် ထွက်ပေါ်နေခဲ့ပြီး လူများစွာ ဒဏ်ရာရရှိစေခဲ့သော တောမီးကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက အသည်းအသန်ကြိုးပမ်းနေသကဲ့သို့ စစ်တပ်ကလည်း တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ကာ တောမီးငြိမ်းသတ်ရာတွင် ကူညီလျက်ရှိသည်။

အရပ်သား ရာပေါင်းများစွာသည် နှစ်များစွာအတွင်း အဆိုးဝါးဆုံးတောမီးဘေးအန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု အစ္စရေး၏ Magen David Adom (MDA) ကယ်ဆယ်ရေးအေဂျင်စီက သတင်းထုတ်ပြန်သည်။

ဒဏ်ရာရခဲ့သူ ၂၃ ဦးကို MDA က ကုသပေးခဲ့ပြီး ၎င်းတို့ထဲမှ ၁၃ ဦးကို ဆေးရုံတင်ပေးခဲ့ကြောင်းနှင့် အများစုသည် မီးခိုးငွေ့ရှုရှိုက်မီခြင်းနှင့် မီးလေ-ာင်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဟု ဆိုသည်။ တောမီး သတိပေးချက်အဆင့်ကို အမြင့်ဆုံးအဆင့်သို့ သတ်မှတ်ထားကြောင်းလည်း အေဂျင်စီက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနောက်လေများ တို-က်ခို-က်နေမှုကြောင့် တောမီးသည် ဂျေရုဆလင် အစွန်အဖျားနေရာများသို့ အလွယ်တကူရောက်ရှိလာနိုင်သကဲ့သို့ မြို့တွင်းထိပင် ကူးစက်လာနိုင်သည်ဟု နေတန်ယာဟုက သတိပေးခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ရနိုင်သမျှ မီးသတ်ကားအားလုံး စေလွှတ်ရမှာဖြစ်ကာ လက်ရှိမီးတားလိုင်းတွေထက် ပိုကောင်းတဲ့ မီးတားလိုင်းတွေ ဖန်တီးဖို့ လိုပါတယ်၊ လက်ရှိအခြေအနေက ဒေသဆိုင်ရာအတိုင်းအတာမဟုတ်ဘဲ တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ ရောက်နေပါပြီ” ဟု သူက ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“လက်ရှိ ဦးစားပေးက ဂျေရုဆလင်ကို ကာကွယ်ဖို့ပဲ” ဟုလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ အများကြီး ထိုးကျသွားတာနဲ့အမျှ ဆီဆိုင်တွေမှာ ရောင်းတဲ့ဈေးကို လိုက်မချပေးကြဘူး။ <…> ဒါနဲ့ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ တရားရေးဌာန (DOJ) ကို ကျွန်တော် ညွှန်ကြားထားပါတယ်" လို့ အမေရိကန်ခေါင်းဆောင်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီမတိုင်ခင် အစောပိုင်းတုန်းကလည်း ဇွန်လ ၂၂ ရက်နေ့မှာ...

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးအခြေအနေများကို တင်းကျပ်စေရန် ရည်ရွယ်၍ ဒါကာမြို့နှင့် အခြားခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များချထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုများကြောင့် ရှိတ်ဟာစီနာ အာဏာမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ဘရစ် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးအကြံပေးများနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ၏ ၁၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန်အတွက် နူးဒေလီတွင် ရောက်ရှိနေသည်။ မေလတွင် ချမှတ်ခဲ့သော နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် နှစ်ခုကို ပြန်လည်အမှတ်ရကာ တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071