အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ယခုသီတင်းပတ်အစောပိုင်းမှစ၍ အချိန်အခါမဟုတ် ဖုန်မှုန့်နှင့် မိုးကြိုးမုန်တိုင်းများ ဝင်ရောက်တို-က်ခ-တ်မှုကြောင့် လူ ၁၄ ဦးထက်မနည်း ေ-သဆုံးခဲ့ပြီဖြစ်ကာ မြို့ပေါင်း ၁၀၄ မြို့တွင် ပုံမှန်လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ပြည်နယ်တစ်ခွင်တွင် နောက် ၅ ရက်ခန့်အထိ မိုးဆက်လက်ရွာသွန်းနေမည်ဟု ခန့်မှန်းထားကာ အာမက်ဒါဘတ်အပါအဝင် ခရိုင် ၂၉ ခုတွင် သတိပေးချက်ထုတ်ထားသည်။
တရားဝင်သတင်းထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့တွင် မိုးကြိုးပစ်၍ လူတစ်ဦး ေ-သဆုံးခဲ့ပြီး တနင်္လာနေ့တွင် လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် ဒေသအများအပြား၌ ထိခို-က်ပျ-က်စီးမှုများနေရာအနှံ့ဖြစ်ခဲ့ကာ လူ ၁၃ ဦး ေ-သဆုံးခဲ့သည်ဟု ဆိုသည်။
ဒေသအသီးသီးတွင် လေပြင်းတို-က်ခ-တ်မှုများနှင့်အတူ ရွာသွန်းခဲ့သော မိုးရေချိန်သည် ၁ လက်မမှ ၁ ဒဿမ ၅ လက်မအကြား ရှိခဲ့ပြီး Vadodara ဒေသတွင် လေတို-က်နှုန်း တစ်နာရီ ၈၀ ကီလိုမီတာရှိခဲ့သည်။ ဆူရက်ရှ်ထရာနှင့် မြောက်ဂူဂျာရတ်ဒေသတို့တွင် မိုးသီးမုန်တိုင်းများဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
မုန်တိုင်းဝင်ရောက်မှုကြောင့် ဒေသတွင်း ကောက်ပဲသီးနှံများနှင့် သစ်သီးဝလံများ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရသည်။
Ref: ဂျီအက်စ်