Saturday, August 1, 2026

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...

မုတ်သုန်လေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက် ဖြန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက်ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးနိုင်သည်ဟု မိုးဇလ၏ ယနေ့ သြဂုတ် ၁...
HomeMoviesဂူဂယ်လ်ကဂြိုဟ်တုဓာတ်ပုံ AI နည်းပညာသစ်ကို...

ဂူဂယ်လ်ကဂြိုဟ်တုဓာတ်ပုံ AI နည်းပညာသစ်ကို ပြန်လည်ရုပ်သိမ်း

ဩဂုတ်လ ၁ ရက်

Google Earth အသုံးပြုသူများအနေဖြင့် ဂြိုဟ်တုဓာတ်ပုံများပေါ်တွင် AI နည်းပညာဖြင့် ပုံရိပ်များကို စိတ်ကြိုက် ဖန်တီးပုံဖော်နိုင်သည့် လုပ်ဆောင်ချက်သစ်တစ်ရပ်ကို သတင်းအမှားများ ပျံ့နှံ့လာနိုင်ခြေ သုတေသီများနှင့် အိုးပင်းဆို့ဇ် သတင်းအချက်အလက် (OSINT) ကျွမ်းကျင်သူများ၏ ပြင်းထန်သော စိစစ်ဝေဖန်မှုများ အပြီးတွင် ဂူဂယ်လ်က သောကြာနေ့၌ ပြန်လည်ရုပ်သိမ်းလိုက်သည်။

“ဂျီအိုစပေရှယ် နည်းပညာရှင်တွေက ဒီလုပ်ဆောင်ချက်ကို အသုံးဝင်တဲ့ အကြောင်းအရာများစွာမှာ အသုံးပြုနေတာကို ကျွန်ုပ်တို့ တွေ့ရှိရပေမဲ့ ကျွန်ုပ်တို့ရဲ့ မူဝါဒတွေကို ချိုးဖောက်နေပုံရတဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေကို မျှဝေနေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်” ဟု ဂူဂယ်လ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ဒါကြောင့် ပိုမိုခိုင်မာတဲ့ စိစစ်ထိန်းချုပ်မှုတွေကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေစဉ်အတွင်း Google Earth မှာပါဝင်တဲ့ ဒီလုပ်ဆောင်ချက်ကို ပြန်လည်ရုပ်သိမ်းထားတာ ဖြစ်ပါတယ်။ လူအများဟာ ကမ္ဘာကြီးရဲ့ မြင်ကွင်းတစ်ခုအတွက် Google Earth ကို အထူးယုံကြည်ကြတယ်ဆိုတာကို ကျွန်ုပ်တို့ သိရှိပါတယ်” ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ကြာသပတေးနေ့က စတင်မိတ်ဆက်ခဲ့သည့် “Create image” အမည်ရှိ နည်းပညာသည် ဂူဂယ်လ်၏ Nano Banana 2 ပုံရိပ်ဖန်တီးမှု နည်းပညာကို Google Earth အတွင်း ထည့်သွင်းထားခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့် နေရာတစ်ခုခုသို့ ချဲ့ကြည့်ကာ စနစ်တွင်ရှိသော ဂြိုဟ်တု၊ ဝေဟင်နှင့် 3D မြေပုံ ဒေတာများကို အခြေခံ၍ စက္ကန့်ပိုင်းအတွင်း ပုံရိပ်များ ဖန်တီးနိုင်မည် ဖြစ်သည်။

ဂူဂယ်လ်က ယင်းလုပ်ဆောင်ချက်ကို “သမိုင်းဝင် ဖြစ်ရပ်များကို ပုံဖော်ခြင်း၊ အိမ်ခြံမြေ စီမံကိန်းများ ဆွဲသားခြင်းနှင့် အခြား ကိစ္စရပ်များ လုပ်ဆောင်နိုင်ရန်” လျာထားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းမည်

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာထိ RBE ရထားဖြင့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဥ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်တရားမဝင် Level Crossing (လမ်းကူး)များပိတ်သိမ်းနိုင်ရေး၊ ရ ထားလမ်းဘေးဝဲ/ယာတွင် နေထိုင်သူများအန္တရာယ် ကင်းရှင်းစေရန် ကျူးကျော်တဲများ၊ အဆောက်အအုံများရှင်းလင်းရေးတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းတစ်လျှောက် သံလမ်းများပြုပြင်ထိန်းသိမ်းနေမှု၊ သံလမ်းဇလီဖားတုံးများမြှင့်တင်နေမှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၉) ရွာမှရေဘေးသင့်သူ(၈,၃၈၂)ဦးရှိလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ စာ ရေးကွင်းကျေးရွာ၏ ရွာဦးဘုန်းကြီး ကျောင်းတွင် ယာယီရေဘေးကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု တိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တို့က ယနေ့ သြဂုတ် ၁ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေး စီစဉ်နေ

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS News က ဖော်ပြထားပါတယ်။ သတင်းရင်းမြစ်တွေ ပြောပြချက်အရ "အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အခုချိန်ထိ အပြင်းထန်ဆုံးဖြစ်လာမယ့် ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဖို့ စီစဉ်နေပါတယ်။ဒီတိုက်ခိုက်မှုတွေကို ပိတ်ရက်တစ်လျှောက်လုံးမှာ လုပ်လာနိုင်တယ်" လို့ ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေ အပါအဝင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အဓိကထားပြီး ပစ်မှတ်ထားလာနိုင်တယ်လို့လည်း သတင်းရင်းမြစ် နှစ်ခုက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071