Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeCelebrities' Newsဂီတ အစည်းအရုံး အလုပ်...

ဂီတ အစည်းအရုံး အလုပ် အမှုဆောင် သစ်ရွေးချယ်ပွဲ ဂီတလောကသားတို့အသံ

ဒီဇင်ဘာ ၁၉ ရက် နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အလုပ်အမှုဆောင် သစ် ရွေးကောက်ပွဲကို အလွှာ အသီးသီးက ဂီတ အနုပညာရှင် အတတ်ပညာရှင် အသီးသီးက တက်ရောက် ဆန္ဒ မဲပေးခဲ့ကြပါတယ်။ဒါကြောင့် ဆန္ဒ ပြုမဲပေးခဲ့ကြ တဲ့ ဂီတသမား တွေရဲ့ အကြံပြု စကားသံတို့ကိုလည်း  ပေါ်ပြူလာက သွားရောက်မေးမြန်းစုစည်းကာ ဖော်ပြလိုက်ပါတယ်။

ကံ့ကော်တော် မျိုးအောင်

ရွေးကောက်ပွဲ တစ်ခုဆိုတာ စနစ်တကျနဲ့ ရွေးကောက်ပွဲ ကော်မ ရှင် ပုဂ္ဂိုလ်တွေက တကယ့်ကို သမာသမတ် ရှိကြရမှာ ပါ။ နောက်လာမယ့် အမှုဆောင်သစ် တွေလည်း အရင်ကလို စနစ်တကျ ရှိရင်တော့ အားရဝမ်းသာ မိမှာပါ။ အခုရွေးကောက်ပွဲ လုပ်လို့ ပေါ်ထွက် လာမယ့် အမှုဆောင်အသစ်တွေဟာ ဆိုရင် ဂီတလောကတစ်ခုရဲ့ အမှု ဆောင် ဆိုတာက ဒီလောကရဲ့ အမှု ဆောင်တွေ ပေါ့နော်။ ပြောရရင် တော့ ကိစ္စအဝဝကို အကောင်းဆုံး ဝေဖန်ပိုင်းခြားနိုင်ရင်တော့ ဒါဟာ တအားကောင်း သွားမှာပါ။ ပြီးတော့ ဒီဂီတအစည်းအရုံးနဲ့ အမှုဆောင် အဖွဲ့အစည်းဟာ ညီညာမှုနဲ့ အရိုးခံ ဖြူစင်ဖြောင့်မတ်မှု ရှိနေရင်တော့ ဒါဟာ လိုက်လျောညီထွေမှုလည်း ဖြစ်မယ်။ အကုန်လုံဲး့ အံဝင်ခွင်ကျ ဖြစ်မယ် ဖြစ်ပြီး ဂီတလာကကြီးလည်း အစဉ်တည်တံ့ခိုင်မြဲနေမှာပါ။

တူးတူး

ဒီလိုဂီတ ရွေးကောက်ပွဲ လုပ် တာကတော့ လုပ်ရိုးလုပ်စဉ်ပါ။ ကျွန် တော် ကြားဖူးတာတော့ ငါးနှစ် တစ် ခါလား မသိဘူး။ ဒါဟာ လုပ်သင့်တဲ့ အရာတစ်ခုပါ။ ဒါပေမယ့်လည်း ကျွန်တော် မြင်တာတော့ အစည်း အရုံးမှာ စတီရီယိုဘက်က လာ ရောက်မှုတွေ အားနည်းတယ်။ ဘာလို့လည်း ဆိုတော့ သူတို့လည်း အလုပ်ရှုပ်နေ မှာပေါ့။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ မတူကြတာ တွေလည်း ရှိနေတယ်။ အဓိက က တော့ ဒီရွေးကောက်ပွဲ လုပ်လိုက် တော့ အမှုဆောင်သစ်တွေ ထွက် ပေါ်လာမယ်။ အမှုဆောင်သစ်တွေ ကလည်း ဂီတလောက ရေး၊ ဆို၊ တီး တွေရဲ့ ကောင်းကျိုးအတွက် ပံ့ပိုးပေးဖို့ အရေးကြီးတာပေါ့။ သူတို့ ကိုလည်း အဲ့ဒါကြောင့်ပဲ ရွေးထားတာ လေ။ ဒီဂီတလောက အကျိုးရှိမယ့် အရာတွေကို သူတို့တွေ ဆောင်ရွက် သင့်တယ်။ အဲဒီလို တကယ်လုပ် နိုင်မယ့် အမှုဆောင်ဖြစ်ဖို့ မျှော်လင့် ပါတယ်။ ကျွန်တော် ဖြစ်စေချင် တာက ဒီဂီတအစည်းအရုံးနဲ့ အမှု ဆောင်သစ်တွေနဲ့ လိုက်လျော ညီမှုတွေ ရှိပြီး ပိုမို ကောင်းမွန်တဲ့ လမ်းကြောင်းကြီး တစ်ခုကို သွားဖို့ပဲ။ အခုက ဂီတလောကကြီးက တဖြည်းဖြည်းနဲ့ အောက်ကို ဆင်းလာပြီ။ အပေါ် မရောက်တော့ ဘူး။ အဲဒါတွေကိုလည်း ဒီအမှု ဆောင် တွေ လုပ်လို့ လည်းမပြီးဘူး။ ကျွန်တော်တို့ အားလုံး ဆောင်ရွက် မှသာ အောင်မြင် မယ်လို့ ကျွန်တော် မြင်တယ်။

မြန်မာပြည် သိန်းတန်

အန်ကယ်တို့ စတီရီယို ခေတ်ဦးထဲက သီချင်းဆိုလာခဲ့တာ ဆိုတော့ ခေတ်ဦးတေးဂီတ ပညာရှင်လို့ ပြောလို့ရတယ်ပေါ့။ အဲဒီလိုမျိုးပဲ အခုဒီအသက်အရွယ်ထိ ပရိသတ်များရဲ့ အားပေးမှုကြောင့် ဒီလိုနေရာထိ ရောက်လာတာပေါ့။ အဲဒီလိုမျိုးပဲ အခုပေါ်ထွက်လာမယ့် မျိုးဆက်သစ် လေးတွေကိုလည်း ကျွန်တော်တို့လို့မျိုး ဖြစ်စေချင်တယ်။ ဂီတလောကကြီး တိုးတက်စေချင် တယ်။ အဲဒါကြောင့် ကျွန်တော်ဒီနေ့ မှာ ဒီလိုမျိုး မဲလာပေးရတာပါ။ အန်ကယ်အနေနဲ့ အမှုဆောင် အဖွဲ့ တွေကို ဆန္ဒပြုလိုတာကတော့ သီလ ပါပဲ။ သီလဆောင်လို့ရှိရင် ဂီတ အောင် ပါတယ်။ သီလမြဲဖို့ လိုတယ်။ အကုန်လုံး သီလမြဲရင် အရာရာ အောင်မြင်နိုင်မယ်လို့ အန်ကယ်ထင် ပါတယ်။

မေခလာ

ချစ်ငယ်ကတော့ ဒီရွေးကောက် ပွဲကို ဂီတလောကသားတွေ အားလုံး ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် အကြီး၊ အလတ်၊ အငယ်မရွေး လုပ်ဆောင် သွားရင်တော့ ဒီလောကကြီး အောင် မြင်သွားလိမ့်မယ်လို့ ချစ်ငယ်ထင် ပါတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲ ပြီးသွားလို့ အမှုဆောင်အသစ်တွေ ထွက်ပေါ် လာရင်လည်း ချစ်ငယ် တိတိကျကျ ဆွေးနွေးချင်တယ်။ ချစ်ငယ်လည်း ဂီတလောကမှာ အနေကြာပါပြီ။ ပွဲတွေလည်း အများကြီး ဆိုဒါလည်း အတွေ့ အကြုံတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ လိုအပ်ချက်တွေ တွေ့ တယ်ပေါ့နော်။ အဲတာတွေ အားလုံးကို သူအမြင်၊ ကိုယ့်အမြင်နဲ့ ဆွေးနွေးချင်တယ်။ ဂီတလာကသား တွေ အားလုံးအတွက် ဒီထွက်ရှိလာ မယ့် အမှုဆောင်အသစ်တွေနဲ့ ဆွေး နွေး သွားချင်ပါတယ်လို့  အကြံပြု ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071