Friday, September 18, 2026

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...
HomeEntertainmentBusinessဂီတဈေးကွက်ပြောင်းလဲမှုအပေါ်ဂီတလောကသားတွေရဲ့ အမြင်

ဂီတဈေးကွက်ပြောင်းလဲမှုအပေါ်ဂီတလောကသားတွေရဲ့ အမြင်

အခွေတစ်ခွေထွက်ဖို့ထက် အွန်လိုင်းဘက်ကို ဦးတည်နေတဲ့ ဂီတလောက ဈေးကွက်အပြောင်းအလဲမှာ ဘယ်သူတွေက သာပြီး ဘယ်သူတွေက နာမလဲ။ ဂီတလောကသားတွေရဲ့ ရင်တွင်းခံစားချက်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

ဘိုဖြူ

ကျွန်တော် ရှေ့မှာဆိုရင် နံနက် ခင်းသစ်ဆိုတဲ့ တေးစီးရီးထွက် ထားတယ်။ ပုံမှန်လေးပေါ့။ ဒီခေတ်ဒီအခါမှာ ပုံမှန်လောက် ရောင်း ရရင်ပဲကျေးဇူးတင်ရမှာပါ။ အစ်ကိုတို့က ပရိသတ်ကိုဘယ်လိုပြန် ပေးရမလဲဆိုတာကိုပဲ အဆင်ပြေအောင် လုပ်ရမှာပေါ့။ အနုပညာသမားတစ်ယောက်ရဲ့ တာဝန်တစ်ခုလို့ပဲ အစ်ကို တို့ကတော့ မှတ်ယူပါတယ်။ အစ်ကိုတို့က ကက် ဆက်ခေတ် လည်းမီတယ်။ စီဒီ ခေတ်လည်း မီတယ်။ အစ်ကိုတို့အခွေ တွေဆို ရတနာမြိုင်တို့လို တေးသံ သွင်းတွေမေးကြည့်။ သိန်းနဲ့ချီရောင်း ခဲ့ရတာ။ ကြွားပြောတာမဟုတ်ပါဘူး။ ပြောပြတာ။ အခုခေတ်မှာ ဘာ ကြောင့် ဈေးကွက် ပျက်သွားသလဲ။ အစ်ကိုတို့ကကော ဘာတွေ ပြုပြင်ရမလဲ။ အရောင်း တွေကျကုန်တယ်။ အခွေလောကပျက်ကုန်တယ်ဆိုတာ စိတ် မကောင်းစရာပါ။ ဘယ်လိုပဲဖြစ် ဖြစ်ပါ။ စီဒီနဲ့နားထောင်ရတဲ့အရ သာကို ဘာနဲ့ မှ မလဲနိုင်ပါဘူး။

 

လမင်းခ

လမင်းဆိုရင်လည်း နောက် ပိုင်း က သီချင်းတစ်ပုဒ်ချင်းစီထုတ်တဲ့ ဘက် ကို ပိုသွားဖြစ်မယ်ထင်တယ်။ အမ်တီဗီ ဆိုရင် အခုလမင်းအခွေထဲ ကနေရွေးပြီး ရိုက်ကူးထား တာက ၃ ပုဒ်၊ ၄ ပုဒ်လောက် တော့ရှိပြီ။ လတ်တလောအနေနဲ့ FG Entertainment နဲ့ ရိုက်ထားတာ ၂ ပုဒ်ရှိ တယ်။ သူတို့က ဖေ့စ်ဘွတ်ခ် ပေါ်မှာ မကြာခင်တင်ပေးလိမ့်မယ်။ ပြီးတော့ Canal+ ဂီတမှာလည်း အဲဒီ ၂ ပုဒ်ကို သူတို့ လွှင့်ပေးလိမ့်မယ်။ အမ်တီဗီကို အခွေအနေနဲ့ ထုတ်ဖို့ တော့ အစီအစဉ် မရှိတော့ပါဘူး။

 

ဖြိုးကြီး

အမှန်တကယ်ကတော့သီချင်း တစ်ပုဒ်ချင်းစီထွက်တာက ဒီဘက်နောက်ပိုင်းမှာ တော်တော်လေး ခေတ်စားလာတယ်။ ဖေ့စ်ဘွတ်ခ် ကနေ Download Link ပဲဖြစ်ဖြစ်၊ Streaming တွေကပဲဖြစ်ဖြစ်ပေါ့။ သူကတော့ မြန်မြန်ဖန်တီးပြီး ပရိသတ်ဆီမြန်မြန် ရောက်တာပေါ့လေ။ ကျွန်တော်လည်း စီးရီးခွေမထွက်ခင် မှာသီချင်းတစ်ပုဒ်ချင်းစီဖြန့်ဖြစ်ခဲ့ သေး တယ်။ ကျွန်တော်တို့ကဖန်တီး ပြီးသွားပြီလေ။ ပရိသတ်နားထောင်ဖို့ အတွက်ပဲ စဉ်းစားရတာပေါ့။ Industryက ပျက်စီးသွားပြီ။ ဂီတ ဈေးကွက်ကို စဉ်း စားမယ် ဆိုရင် တော့ ရှုံးမှာပဲ။ ကျွန်တော် ချမ်းတော့ မချမ်း သာပါဘူး။ ဒါပေမဲ့ အနုပညာသမား က ကိုယ်ဖန်တီးပြီးသား အနုပညာ ကိုပရိသတ်ဆီ ဘယ်လိုနည်းနဲ့ရောက် နိုင်မလဲ စဉ်းစား ရမှာပေါ့။ အဲဒီအတွက် စဉ်းစားတဲ့အချိန်မှာ ဒီဘက် ခေတ်မှာ တော့ တိတိကျကျ စီးပွား ရေးကိစ္စကို ခေါင်းထဲက နေထုတ်ထားမှရမယ်။ နဂိုကတည်းကလည်း မရှိပါဘူး။ ဟိုးငယ်ငယ်လေးသီချင်း စတင်လုပ်ကိုင်တဲ့ အချိန်က တည်းကအဲဒီနှစ်ခုက တွဲပြီးပါလာတာ မဟုတ် တဲ့ အတွက်ဒီအချိန်မှာ ကြိုးတော့ကြိုး စားရတာပေါ့လေ။ အခွေထုတ် တယ် ဆိုတာ ငွေရေးကြေးရေးအရ ပတ် သက်မှုတော့ရှိတာပေါ့။ ဒါပေမဲ့ အဲဒီ အပိုင်းကို ပရိသတ်နဲ့ ကျွန်တော်နဲ့ သီချင်းတွေနဲ့ပဲ ပတ်သက်ပါမယ်။ ကျန်တာတွေက တော့ I Don’t Know

 

မျိုးမျိုး

ကိုယ်က အင်တာနက်ကနေ Single ၂ ချပ်ထုတ်ပြီးသွားပြီ။ ကိုကို လွင်ဆီကပေါ့နော်။ အနာဂတ်မှာက အင်တာနက်ပါပဲ။ ကမ္ဘာမှာ လည်း အင်တာနက်ကပဲ လုပ်တော့မှာပါ။ ကိုယ်ကတော့ အဲဒါကို အားပေးတယ်။ ခိုးတာလည်း ရှိမှာပါပဲ။ ဒါ ပေမဲ့ တစ်ကမ္ဘာ လုံးတောင်မနိုင်သေး တဲ့ဟာကို ကိုယ်တို့လုပ်ဖို့ အဆင် မပြေ သေးပါဘူး။ သို့ပေမဲ့ ဒါက ဘာ ကောင်းလဲဆိုတော့ လူတိုင်းဆီကို အလွယ်ဆုံးနဲ့ အမြန်ဆုံးရောက်သွား နိုင်မယ်။ ကြားခံဘာမှမရှိဘူး။ အဲဒါ ကို ကိုယ်သိပ် သဘောကျတယ်။ ဒီနေ့ တင်မယ်ဗျာ။ အလကား တင်ချင်တင်မယ်။ Music Store ကနေ ဖြန့်ချင် ဖြန့်မယ်။ ဒါပေမဲ့ နားထောင် တဲ့လူဆီချက်ချင်း ရောက်တယ်။ အဲဒါကို သဘောကျတာ။ နောက်ပိုင်းမှာ ဒါကအဆင်ပြေသွားမှာ ပါ။

 

ဆုန်သင်းပါရ်

ဂီတဈေးကွက်ကတော့ ပြောင်းလဲသွားပါပြီ။ အခုခေတ်ကတော့ ပရိသတ်နဲ့ထိတွေ့ရတာ ပိုပြီးတော့ လွယ် တာပေါ့။ ဥပမာ- အွန်လိုင်းမှာ Live လွှင့်ပြီး Cover Song လေး တွေဆိုတာပဲဖြစ်ဖြစ်၊ သူတို့ဘာသာ သူတို့ သီချင်းလေးတွေကို တီးကြ၊ ဆို ကြတာပဲဖြစ်ဖြစ် ပရိသတ်လက်ခံပြီး အွန်လိုင်းမှာ လည်း ကြည့်ရတာလွယ် တယ်ဆိုတော့ ပရိသတ်နဲ့ ချက်ချင်း လူသိပိုများတာပေါ့လေ။ စန်းရှိရင် ရှိ သလောက်ပေါ့။ ပရိသတ်နဲ့ ထိ တွေ့မှုက ဒီခေတ် လူငယ်တွေကတော့ ပိုပြီးတော့ရှိတယ်။ ဒါပေမဲ့ အကြာကြီးရေရှည်ခံဖို့ကကျတော့ အရင် ခေတ်ကနဲ့ သိပ်မတူဘူးပေါ့။ အဲဒီလို မျိုးပဲမြင်ပါတယ်။

Ads Space Available


Continue reading

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071