ဂီတအစည်းအရုံး ရွေးကောက်ပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂီတအစည်းအရုံး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဂီတ အစည်းအရုံး ရွေးကောက်ပွဲကို ဂီတလောက သားတွေ စိတ်ဝင်စားလာအောင် အစည်းအရုံး အနေ နဲ့ ဘယ်လို လှုံ့ဆော် ဆော်သြပေးနေတယ်ဆိုတာ သိရဖို့ ဂီတအစည်းအရုံး အတွင်းရေးမှူးဖြစ် တဲ့ ဖြူဖြူကျော်သိန်း နဲ့ အင်တာဗျုးဖြစ်ခဲ့ပါ တယ်။
မေး- လက်ရှိ ဂီတအစည်းအရုံး ရွေးကောက်ပွဲကို ဂီတ လောကသားတွေ အနေနဲ့ စိတ်ဝင်စားမှု အနည်းအများ ဘယ်လိုရှိ ပါသလဲ။ အစ်မ မြင်မိသလောက် ပြောပြပေးပါ။
ဖြေ- အခု ပွင့်လင်းရာသီ ဖြစ်နေတဲ့အခါမှာ စတီရီ ယိုနဲ့ ခေတ်သစ်ဘက်က စိတ်ဝင်စားမှု နည်းနည်းအား နည်းတယ်။ အဲဒါလေးကိုတော့ တွေ့ရတယ်။ တစ်ခြား အလွှာတွေကတော့ ပုံမှန်စိတ်ဝင်စားတဲ့ အတိုင်း စိတ် ဝင်စားကြပါတယ်။ စတီရီယိုနဲ့ ခေတ်သစ်ကြတော့ လက်ရှိ Current အလုပ်လုပ်နေကြတဲ့ လူတွေလည်း များ တဲ့အခါမှာ ပွင့်လင်းရာသီလည်း ဖြစ်တဲ့အခါကြတော့ တွေ့လို့ရှိရင် သေချာလေးလိုက်ပြီး ပြောပေးနေရတဲ့ အနေအထားမျိုး ရှိတယ်။ ဖေ့စ်ဘုတ်ခ်ကိုလည်း သိပ်မကြည့်ဖြစ်ကြဘူးလေ။ ဖေ့စ်ဘွတ်ခ် တအားသုံးပေမယ့် ဂီတအစည်းအရုံးရဲ့ ဖေ့စ်ဘုတ်ခ် Page ကိုကြတော့ Like မလုပ်ထားကြတဲ့အခါကြတော့ အစ်မတောင်မှ ကိုယ့် Page ကနေ Share ပြီး ပြောပေးရတဲ့ အနေအထား တွေဖြစ်တယ်။ ကြုံရင်ကြုံသလို တွေ့ရင်တွေ့သလိုတော့ ပြော ပေးဖြစ်ပါတယ်။ အဲဒီနေ့ အဲဒါ ရှိတယ်နော်ပေါ့။
မေး- အစ်မအနေနဲ့ကော ပြန်လည် အရွေးခံဖို့ အစီအစဉ်ရှိပါ သလား။
ဖြေ- အစ်မကတော့ ပြန်လည်အရွေး မခံဖြစ်ပါဘူး။ ဒီ အစည်း အရုံး သက်တမ်း ၅နှစ်တောင်မှ ကိုယ့်မှာမနည်းပြီးအောင် လုပ်ရတာလေ။ နောက် အစည်းအရုံးသစ် ကြရင်လည်း အကြံ ပြုကြတာလေးတွေရှိတယ်။ အမှုဆောင်သက်တမ်းကို ၃နှစ်ပဲ ထားရင်ကောင်းမယ်ပေါ့။ အစ်မတို့လည်း အဲဒီလိုဖြစ်ချင်ခဲ့တာ ကြာပြီ။ ပြီးတော့ အမှုဆောင်အရေအတွက် ၅ဝကျော် ၆ဝဖြစ်နေတာ တအားများတယ်ပေါ့။ ဒါလေး လျှော့ချသင့် တယ်ဆိုတာ အစ်မတို့ လက်ထက်မှာလုပ်ခဲ့ချင်ခဲ့တယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင် မပြေခဲ့သေး ဘူး။ နောက် သက်တမ်း အတွက်ကိုတော့ လက်ရှိအမှုဆောင် အဖွဲ့ကရော ဂီတသမားတွေကရော အကြံပြုထားတာတော့ ရှိတယ်။ ၃နှစ် သက်တမ်းလောက်ဆိုရင် အတော်ပဲလို့ ထင် တယ်။ အစ်မဆိုရင်လည်း ပထမဆုံး ဒီမိုကရေစီစနစ်နဲ့ ရွေး ချယ်တဲ့ကာလမို့ ကိုယ်တွေလည်း မအားကြပေမယ့်လည်း ကိုယ့်ဂီတ ညီအစ်ကို မောင်နှစ်မတွေရဲ့ တောင်း ဆိုမှုကြောင့် ရော ကိုယ်တစ်ခုခုလေးနဲ့ ကူညီပေးနိုင်သလောက် ကူညီနိုင် အောင် ဆိုပြီးတော့ရယ် နာမည်ပဲ ဖြစ်ဖြစ် ကူညီရာရောက် အောင်ဆိုပြီး ဒီလိုပဲဝင်ကူ ပေးခဲ့တာပါ။ အစ်မတို့ အနေနဲ့ ဒီ ၅နှစ် သက်တမ်းမှာ အားရတာတွေ လည်း ရှိသလို အား မရတာတွေလည်း အများကြီးပါ။ ကိုယ်လည်း မလုပ်နိုင်ခဲ့ တာတွေ အများကြီးပါ။ လုပ်နိုင်သ လောက် လေးကိုပဲ ဝိုင်းပြီး လုပ်ပေးကြရင်တောင်မှ ရွေ့တယ်ဆိုတာက နည်းနည်း နည်း နည်းရွေ့ရင်းက နေပြီးတော့ အဝေးကြီးရောက်သွားမှာပါ။ နောက်သက်တမ်း တစ်ခုကြရင် အစ်မတို့ ထက်ပိုပြီးတော့ နှစ်နှစ်ကာကာ အချိန်ပေးပြီးတော့ လုပ်ပေးနိုင်တဲ့ အမှု ဆောင်တွေ ရှိလာမယ်ဆိုရင် အကျေနပ်ဆုံးပဲ။ အဲဒီလိုဖြစ်လာ ဖို့လည်းမျှော်လင့်တယ်။
မေး- ဂီတမှုပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဂီတ လောကသားတွေ အနေနဲ့ရ သင့် ရထိုက်တာတွေကို ဂီတအစည်း အရုံးက ဘယ်လိုမျိုးလုပ် ဆောင်ပေးနေတာတွေရှိပါသလဲ။
ဖြေ- Fm တို့ဘာတို့ကနေ သီချင်းတွေ လွှင့်တဲ့အခါကျရင် မူ ပိုင်ခွင့်အနု ပညာကြေးတွေ ခွဲပေးတာမျိုးတွေ ရှိတယ်။ အဲဒီလို ခွဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစ်မတို့လက်ထက်မတိုင်ခင်က ဆိုရင် ငွေသားနဲ့ခွဲပေးတယ်။ အဲဒီ့အခါကြတော့ အားလုံး လည်း သိခဲ့ကြတဲ့အတိုင်းပဲ အဂတိ လိုက်စားမှုတွေ အလွဲသုံး စားမှုတွေဆိုတာရှိခဲ့လို့ အစ်မတို့လည်း တရားဥပဒေနဲ့ ရင် ဆိုင်ပြီးတော့ ဖမ်းဆီး အရေးယူတာမျိုးတွေ လုပ်ခဲ့ဖူးတယ်။ အဲဒီ့ နောက်ပိုင်းမှာတော့ အစ်မတို့ System ကိုလုံးဝ ပြောင်းခဲ့တယ်။ ငွေသားနဲ့ လုံးဝမထုတ်ပေးတော့ဘူး။ ဂီတ သမားတွေက မှတ်ပုံတင်ရယ် ဘဏ်အကောင့်နံပါတ်ရယ် လာပြတယ်ဆိုရင် အဲဒီ့အကောင့်ကို တန်းလွှဲပေးတယ်။ လစဉ်အဲဒီလို လွှဲပေးတာကို Email သို့မဟုတ် Viber Message နဲ့ပို့ပေးတယ်။ ဘယ်လောက်ဘယ်လောက် ဘယ် ထဲကိုတော့ ထည့်လိုက်ပါပြီ ဆိုပြီးတော့ပေါ့။ တချို့ကြ တော့လည်း Mobile အ ကောင့် မရှိတဲ့ အခါကြတော့ ကွန်ပ လိန်းလာကြတယ်။ မဝင်ဘူးပေါ့။ အမှန်တော့ မစစ်ကြည့်လို့ ပါ။ အစ်မတို့အနေနဲ့ အစည်းအရုံးမှာ လာပြီး ချိတ်ထားတဲ့ ဂီတသမားတိုင်းကိုတော့ ကမ္ဘောဇဘဏ်က နေပဲလွှဲပေး နေ တယ်။ အစ်မတို့ လက်ထဲမှာလည်း လုံးဝကိုင်မထားဘူး။ ဒါပေမဲ့ အ ထောက်အထားနဲ့တော့ ရှိတယ်။ ငွေကျပ်သိန်း ၅ထောင်ကျော်လောက် ခွဲပေးလို့ မရနိုင်ဘဲနဲ့ အစည်းအရုံးရဲ့ အကောင့်ထဲမှာ ရှိနေတယ်။ အဲဒါကို ကိုယ်လည်း တတ်နိုင် သလောက် ကြုံတိုင်း တွေ့တိုင်းတော့ ပြောနေတာပဲ။ အ ကောင့်တွေ လာဖွင့်ကြပါ။ ကိုယ့် ရေး ဆို တီး ဖမ်း ထုတ် လုပ်ခဲ့တဲ့ သီချင်းလေးတွေ အခွေလေးတွေကို နာမည်နဲ့တကွ လာပေးကြပါ။ တချို့လည်း ဟိုတစ်လောလေးကမှ လာဖွင့် ကြတယ်။ နှစ်ပေါင်းများစွာ ပေါင်း လိုက်ရင်ငွေ ၉သိန်း၊ ၁ဝသိန်း၊ သိန်း ၃ဝလောက်အထိ ဝင်ကြတဲ့သူတွေ တောင် ရှိတယ်။ တကယ် အကျိုးအမြတ်ကို ခံစားကြရတဲ့ သူတွေက တော့ ကျေနပ်သွားကြတယ်။ ဒီလိုတောင် ရနေတာလားပေါ့။ တိတိကျကျ ခွဲပေးဖို့အတွက် ဘယ်သူဆိုတယ်၊ ဘယ်သူရေး တယ်၊ ဘယ်သူတီးတယ်၊ ဘယ်သူ ထုတ်လုပ်တယ် ဆိုတာ မသိလို့ မဝေခွဲနိုင်ဘဲနဲ့ ပုံနေတဲ့ ပိုက်ဆံက အဲဒီလောက် ရှိနေတယ်။ အဲ ဒါ ကအစ်မတို့ ပိုက်ဆံလည်း မဟုတ်သလို အစည်းအရုံးရဲ့ ပိုက်ဆံလည်း မဟုတ်ပါဘူး။ တချို့တွေက လည်း အကြံပေးကြတယ်။ အစည်းအရုံးအတွက် တစ်ခုခုသုံး လိုက်ပါလားပေါ့။ နောက်သက်တမ်း ကြမှပဲ အားလုံး ဝိုင်း တိုင်ပင်ပြီးတော့ စဉ်းစားပြီး လုပ်ကြတော့ပေါ့လေ။
လင်းအက္ခရာ