အောက်တိုဘာလမှာထုတ်လွှင့်မယ့် Meissa’s Song ရဲ့ ပိုစတာ ထွက်လာပါပြီ။
ဒီဇာတ်ကားထဲမှာတော့ Exo အဖွဲ့ဝင် Chanyeol,INFINITE အဖွဲ့ဝင် Kim Myung Soo နဲ့ B.A.P အဖွဲ့ဝင် Daehyun တို့နဲ့အတူ Moon Yong Suk,ဂီတကြယ်ပွင့်တွေဖြစ်တဲ့ Brad Little နဲ့ Michael Lee တို့ ပါဝင်သရုပ်ဆောင်မှာပါ။
လုံးဝကွဲပြားတဲ့ ယဉ်ကျေးမှုတွေရှိတဲ့ မတူညီတဲ့ လူမျိုး ၂ခုရဲ့အကြောင်းကို ဂီတနဲ့ စစ်ရေးပါပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ခမာနိုင်ငံမှာ မွေးပြီး ခမာနိုင်ငံမှာကြီးပြင်းခဲ့တဲ့ ကောင်လေး Raman ဟာ သူ့ကို အိမ်မက်တွေနဲ့မျှော်လင့်ချက်တွေပေးခဲ့တဲ့ စစ်သား Meissaကိုရှာဖို့ ကိုရီးယားကိုလာခဲ့တဲ့အကြောင်း ဇာတ် အိမ်တည်ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားကိုတော့ အောက်တိုဘာလ ၁၅ရက် နေ့ ၁၇ ရက်နေ့ထိ အွန်လိုင်းကနေ ထုတ်လွှင့်ပြ သသွားမှာပါ။