ဒေါ်နယ်ထရမ့်ပ်နှင့် အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖက်တာ အယ်လ်-စစ်စီတို့သည် တနင်္လာနေ့တွင် ရှမ်အယ်လ်-ရှိတ် ရှိ ဂါဇာတွင် အစ္စရေး၏ စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ၏ အဆိုပြုချက်ကို ဆွေးနွေးရန်အတွက် နိုင်ငံတကာထိပ်သီးအစည်းအဝေးတွင် ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း အီဂျစ်သမ္မတက စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ဂါဇာကမ်းမြှောင်မှာ စစ်ပွဲတွေအဆုံးသ-တ်ဖို့၊ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်ဖို့နဲ့ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးခေတ်သစ်ကိုပြောင်းသွားစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီစတားမာတို့နှင့်အတူ အီတလီနိုင်ငံမှ ဂျီဩဂျီယာ မယ်လိုနီနှင့် စပိန်နိုင်ငံမှ ပေဒရို ဆန်ရှေးတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ပြင်သစ်သမ္မတ အီမန်နျူဝယ် မေခရွန်လည်း တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု သို့မဟုတ် ဟားမတ်စ် ပါလက်စတိုင်းအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည် မတက်ရောက်ပါဆိုသည်ကိုမူ လောလောဆယ်မသိရသေးပေ။
လူပေါင်း ၆၇,၀၀၀ ကျော် ေ-သဆုံးပြီး အငတ်ဘေးဒ-ဏ်ခံခဲ့ရသော အများအပြားပျ-က်စီးဆုံးရှုံးခဲ့သည့် ဂါဇာကမ်း မြောင်ဒေသရှိ အစ္စရေး၏ ဂါဇာစစ်ပွဲကို အဆုံးသ-တ်ရန် ယခုသီတင်းပတ်တွင်ရရှိခဲ့သည့် အမေရိကန်ကြားဝင် သဘောတူညီချက်၏ ပထမအဆင့်အရ အစ္စရေးတပ်ဖွဲ့များ တစ်စိတ်တစ်ပိုင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဂါဇာစီးတီးမှ အယ်လ်ဂျာဇီးယား သတင်းထောက် ဟာနီ မာမွတ်က အပ-စ်အခ-တ်ရပ်စဲရေးသည် “အကြမ်းဖက်မှုပုံစံတစ်မျိုးကို အဆုံးသ-တ်လိုက်သော်လည်း တို-က်ပွဲဆက်လက်ဖြစ်နေသည်” ဟု ပြောကြားခဲ့သည်။
Ref: အယ်လ်ဂျာဇီးယား
