Thursday, August 6, 2026

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့်...

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့်...
HomeInternationalဂရင်းလန်းသို့ ထရမ့်ပ်ဂျူနီယာ ရောက်ရှိလာ

ဂရင်းလန်းသို့ ထရမ့်ပ်ဂျူနီယာ ရောက်ရှိလာ

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို အမေရိကပိုင်အဖြစ် ထိန်းချုပ်ရယူလိုကြောင်း ဖခင်ဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့အပြီး ရက်သတ္တပတ်အကြာတွင် ဂရင်းလန်းသို့ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာရောက်ရှိလာခဲ့သည်။

နေ့ချင်းပြန်ခရီးစဉ် ဖြစ်ကြောင်းနှင့် အစိုးရအရာရှိများနှင့် တွေ့ဆုံရန်အစီအစဉ်မရှိကြောင်း ခရီးစဉ်မတိုင်မီတွင် ထရမ့်ပ်ဂျူနီယာက ပြောဆိုခဲ့သည်။

ဂရင်းလန်းအပေါ် ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုသည် အမေရိကအတွက် လုံး၀ မရှိမဖြစ်လိုအပ်သည်ဟု ပြီးခဲ့သည့်လတွင် ပြောဆိုခဲ့သော အငြင်းပွားဖွယ်အကြောင်းအရာကို မကြာခင်ရက်ပိုင်းတွင် ထရမ့်ပ်က ထပ်မံအသက်သွင်းလာခဲ့ခြင်းဖြစ်သည်။ ထရမ့်ပ်က ထိုသို့ပြောခဲ့ချိန်တွင် မိမိတို့အနေဖြင့် ရောင်းချရန်မရှိပါဟု ကျွန်း၏ ဝန်ကြီးချုပ်က တုန့်ပြန်ထားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ရေး သို့မဟုတ် စီးပွားရေးအင်အားသုံးနိုင်ပါသလားဆိုသောအမေးကို မသံုးဘူးဟု မဆိုနိုင်ဟု ထရမ့်ပ်က ဖြေကြားခဲ့သည်။

လူဦးရေ ၅၇၀၀၀ ရှိသော ဂရင်းလန်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ေဒသသော်လည်း ယင်း၏ စီးပွားရေးသည် ကိုပင်ဟေဂင်၏ ထောက်ပံ့မှုအပေါ် များစွာမှီခိုထားရကာ ဒိန်းမတ်ဘုရင့်နိုင်ငံတော်၏ အစိတ်အပိုင်းအဖြစ် ဆက်တည်ရှိနေသည်။

ထရမ့်ပ်သည် သူ၏ ပထမဆုံး အမေရိကန်သမ္မတသက်တမ်းအတွင်းကလည်း အာတိတ်ကျွန်းကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ယင်းအချိန်ကလည်း ယခုကဲ့သို့ပင် ငြင်းဆန်ခဲ့ရသည်။

ထရမ့်ပ်ဂျူနီယာ၏ ခရီးစဉ်နှင့်ပတ်သက်၍ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ကို ဒိန်းမတ်ရုပ်သံက မေးမြန်းခဲ့ရာ၌ ဂရင်းလန်းကို ဂရင်းလန်းကျွန်းသူ/သားများက ပိုင်ဆိုင်ကြောင်းနှင့် သူတို့၏ အနာဂတ်ကို ဒေသခံလူထုကသာ ဆုံးဖြတ်နိုင်ကြောင်း တုန့်ပြန်ဖြေကြားခဲ့သည်။

“ဂရင်းလန်းသည် ရောင်းရန်မဟုတ်” ဆိုသည်ကို သူ သဘောတူသော်လည်း ရင်းနှီးသည့်နေတိုးမဟာမိတ် အမေရိကနှင့် အလွန်နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း သူကပြောကြားခဲ့သည်။

Ref: ဘီဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် အခွင့်အလမ်းသစ်ပေါ်ပေါက်

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ပေါ်ပေါက်လာကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ အဓိကလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG တို့ပါဝင်ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ သဘောထားပြောင်းလဲလာမှုကလည်း ယင်းအခြေအနေကို ပိုမိုထင်ရှားစေကြောင်း သုံးသပ်ထားသည်။ SCEF သည် ဇူလိုင်လအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကတိပြုထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သနာဒီရက်၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဧပြီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးသွားရောက်သည့် နိုင်ငံများအနက် ထိုင်းနိုင်ငံကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071