Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအားတရားစွဲဆိုပိုင်ခွင့်မရှိဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြောဆိုတင်ပြ

ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအားတရားစွဲဆိုပိုင်ခွင့်မရှိဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြောဆိုတင်ပြ

ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအားတရားစွဲဆိုပိုင်ခွင့်မရှိဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြောဆိုတင်ပြ

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်လျှောက်လဲမှုပြု လုပ်ရာတွင် မြန်မာနိုင်ငံကိုယ်စား လှယ် (Agent)ဖြစ်သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံဘက်မှ ပြောကြားခဲ့သည့် အချက် အလက်ပိုင်းဆိုင်ရာနှင့်နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြော ဆိုချက်များသည် ကနဦးကန့်ကွက်လွှာအဆင့်တွင်ပြောဆိုရန် သင့်လျှော်ဆီလျော်မှု မရှိဘဲ ယခုအချိန်သည် မှန်ကန်သည့် အချိန်နှင့်နေရာမဟုတ်သဖြင့် အဆိုပါ စွပ်စွဲမှုများအား မြန်မာနိုင်ငံအနေ ဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း ပြည် ထောင်စုဝန်ကြီးဦးကိုကိူလှိုင်ကပြောသည်။

ထို့ပြင် အဆိုပါ စွပ်စွဲမှုများသည် တရားရုံးမှ တ ရားစွဲဆိုပိုင်ခွင့်ရှိ၊မရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအား ပြစ်မှုကျူးလွန်သူများအဖြစ်ယူဆစေရန် တရားသူကြီးများနှင့်အများပြည်သူအား သွေး ဆောင်ခြင်းဖြစ်သည်ကို မိမိအနေဖြင့်နားလည်ကာ ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြုရှေ့နေများမှ တ ရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များဆိုင်ရာဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ ကန့် ကွက်ချက်များအား ငြင်းပယ်ပြီးဖြစ်၍ ယခုတင်သွင်းသည့် ကနဦးကန့်ကွက်ချက်များအား အ လေးအနက်စဉ်းစားရန် မလိုဟုအကြံပြုနေကြောင်းဆက်လက်ပြောဆိုသည်။

“မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ဆုံးဖြတ်ချက်အပိုဒ်(၈၅)အရ မိမိတို့ရပိုင်ခွင့်ကိုအသုံးချပြီး ကနဦးကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်ပါတယ် ဒါ့အပြင် ကနဦးကန့်ကွက်လွှာ အ ဆင့်တွင်ပင် စွပ်စွဲထားတဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ပါဘူး”ဟုပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ကပြောသည်။

သို့သော် ဂမ်ဘီယာနိုင်ငံမှ ယခုကြားနာပွဲအား အ သုံးပြု၍ ထိုသို့စွပ်စွဲမှုများပြုလုပ်ခဲ့သဖြင့် မြန်မာ နိုင်ငံကိုယ်စားလှယ်အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲဆိတ်ဆိတ်နေ၍ မရသဖြင့် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့်ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာ ချုပ်အား လိုက်နာရန် သန္နိဌာန်ချမှတ်ထားပြီးဖြစ်ကာ ယင်းသဘောတူညီချက်နှင့်အညီ ရာဇသတ်ကြီးကိုပြင်ဆင်သည့် ဥပဒေနှင့်ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့အား ပြဌာန်းခဲ့ပြီးဖြစ်သည်ဟုပြောသည်။

ကြားဖြတ်စီမံဆောင်ရွက်ချက်များအရ လိုက်နာဆောင်ရွက်ရမည်များကိုလည်း အကောင်အ ထည်ဖော်လျက်ရှိကာ မြေပြင်အခြေအနေများ ပို မိုကောင်းမွန်လာစေရန် စဉ်ဆက်မပြတ်ကြိုးပမ်းနေသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအား တရား စွဲဆိုထားခြင်းအား ဂမ်ဘီယာနိုင်ငံ အနေဖြင့် တ ရားစွဲဆိုပိုင်ခွင့်မရှိ​ကြောင်း တရားရုံးမှဆုံးဖြတ်ပေးရန် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့တင်ပြခဲ့သည်။

ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုအား ဖေဖော်ဝါရီ ၂၈ ရက်၌ပြုလုပ်သွားမည်ဖြစ် သည်။

Zaw Gyi

ဂမ္ဘီယာႏိုင္ငံမွ ျမန္မာႏိုင္ငံအားတရားစြဲဆိုပိုင္ခြင့္မရွိဟု ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္ေျပာဆိုတင္ျပ

ျမန္မာႏိုင္ငံ၏ ဒုတိယအႀကိမ္ေလွ်ာက္လဲမႈျပဳ လုပ္ရာတြင္ ျမန္မာႏိုင္ငံကိုယ္စား လွယ္ (Agent)ျဖစ္သည့္ အျပည္ျပည္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္က နိဂုံးခ်ဳပ္မိန႔္ခြန္းေျပာၾကားရာ၌ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဂမ္ဘီယာႏိုင္ငံဘက္မွ ေျပာၾကားခဲ့သည့္ အခ်က္ အလက္ပိုင္းဆိုင္ရာႏွင့္ႏိုင္ငံေရးဆိုင္ရာ စြပ္စြဲေျပာ ဆိုခ်က္မ်ားသည္ ကနဦးကန႔္ကြက္လႊာအဆင့္တြင္ေျပာဆိုရန္ သင့္ေလွ်ာ္ဆီေလ်ာ္မႈ မရွိဘဲ ယခုအခ်ိန္သည္ မွန္ကန္သည့္ အခ်ိန္ႏွင့္ေနရာမဟုတ္သျဖင့္ အဆိုပါ စြပ္စြဲမႈမ်ားအား ျမန္မာႏိုင္ငံအေန ျဖင့္ ျပန္လည္တုံ႔ျပန္မည္မဟုတ္ေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးဦးကိုကိူလႈိင္ကေျပာသည္။

ထို႔ျပင္ အဆိုပါ စြပ္စြဲမႈမ်ားသည္ တရား႐ုံးမွ တ ရားစြဲဆိုပိုင္ခြင့္ရွိ၊မရွိ မဆုံးျဖတ္မီ ျမန္မာအစိုးရအား ျပစ္မႈက်ဴးလြန္သူမ်ားအျဖစ္ယူဆေစရန္ တရားသူႀကီးမ်ားႏွင့္အမ်ားျပည္သူအား ေသြး ေဆာင္ျခင္းျဖစ္သည္ကို မိမိအေနျဖင့္နားလည္ကာ ဂမ္ဘီယာႏိုင္ငံ ကိုယ္စားျပဳေရွ႕ေနမ်ားမွ တ ရား႐ုံးအေနျဖင့္ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ားဆိုင္ရာဆုံးျဖတ္ခ်က္တြင္ ျမန္မာႏိုင္ငံ၏ ကန႔္ ကြက္ခ်က္မ်ားအား ျငင္းပယ္ၿပီးျဖစ္၍ ယခုတင္သြင္းသည့္ ကနဦးကန႔္ကြက္ခ်က္မ်ားအား အ ေလးအနက္စဥ္းစားရန္ မလိုဟုအႀကံျပဳေနေၾကာင္းဆက္လက္ေျပာဆိုသည္။

“ျမန္မာႏိုင္ငံအေနနဲ႔ အျပည္ျပည္ဆိုင္ရာတရား႐ုံး ဆုံးျဖတ္ခ်က္အပိုဒ္(၈၅)အရ မိမိတို႔ရပိုင္ခြင့္ကိုအသုံးခ်ၿပီး ကနဦးကန႔္ကြက္လႊာတင္သြင္းျခင္းျဖစ္ပါတယ္ ဒါ့အျပင္ ကနဦးကန႔္ကြက္လႊာ အ ဆင့္တြင္ပင္ စြပ္စြဲထားတဲ့ ျပစ္မႈေတြနဲ႔ပတ္သက္ၿပီး ႀကိဳတင္ဆုံးျဖတ္ျခင္းမ်ိဳး မျပဳသင့္ပါဘူး”ဟုျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္ကေျပာသည္။

သို႔ေသာ္ ဂမ္ဘီယာႏိုင္ငံမွ ယခုၾကားနာပြဲအား အ သုံးျပဳ၍ ထိုသို႔စြပ္စြဲမႈမ်ားျပဳလုပ္ခဲ့သျဖင့္ ျမန္မာ ႏိုင္ငံကိုယ္စားလွယ္အေနျဖင့္ လုံးဝတုံ႔ျပန္ျခင္းမျပဳဘဲဆိတ္ဆိတ္ေန၍ မရသျဖင့္ ျမန္မာႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာ ခ်ဳပ္အား လိုက္နာရန္ သႏၷိဌာန္ခ်မွတ္ထားၿပီးျဖစ္ကာ ယင္းသေဘာတူညီခ်က္ႏွင့္အညီ ရာဇသတ္ႀကီးကိုျပင္ဆင္သည့္ ဥပေဒႏွင့္ရာဇဝတ္က်င့္ထုံး ဥပေဒကို ျပင္ဆင္သည့္ဥပေဒတို႔အား ျပဌာန္းခဲ့ၿပီးျဖစ္သည္ဟုေျပာသည္။

ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ားအရ လိုက္နာေဆာင္႐ြက္ရမည္မ်ားကိုလည္း အေကာင္အ ထည္ေဖာ္လ်က္ရွိကာ ေျမျပင္အေျခအေနမ်ား ပို မိုေကာင္းမြန္လာေစရန္ စဥ္ဆက္မျပတ္ႀကိဳးပမ္းေနသည္ဟု ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။

ထို႔ျပင္ ဂမ္ဘီယာႏိုင္ငံမွ ျမန္မာႏိုင္ငံအား တရား စြဲဆိုထားျခင္းအား ဂမ္ဘီယာႏိုင္ငံ အေနျဖင့္ တ ရားစြဲဆိုပိုင္ခြင့္မရွိ​ေၾကာင္း တရား႐ုံးမွဆုံးျဖတ္ေပးရန္ ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္က အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)သို႔တင္ျပခဲ့သည္။

ဂမ္ဘီယာႏိုင္ငံ၏ ဒုတိယအႀကိမ္ ေလွ်ာက္လဲမႈအား ေဖေဖာ္ဝါရီ ၂၈ ရက္၌ျပဳလုပ္သြားမည္ျဖစ္ သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071