(Unicode)
ခြေထောက်တုများထပ်မံလှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ
သရုပ်ဆောင်ခိုင်နှင်းဝေဟာ ယမန်နေ့က လူဦးရေ ၄ဦးစာအတွက် ခြေထောက်တု ၄ခုကို ထပ်မံလှူဒါန်းခဲ့ပါတယ်။
ခြေတုတစ်ဖက်ကို အနည်းဆုံး ၃သိန်းကနေ အများဆုံး သိန်း ၂၀အထိ အနေအထားပေါ်မူတည်ကာကျသင့်နိုင်ပြီး ခိုင်နှင်းဝေအနေနဲ့ တစ်လမှာ ၁၀ဦးဝန်းကျင်ခန့် လှူဒါန်းနေရတယ်လို့ဆိုပါတယ်။
သရုပ်ဆောင်ခိုင်နှင်းဝေက “ခြေတုအကြမ်းရသူများနှင့် အချောရသူများကို လေ့ကျင့်ပေးခြင်း၊ အချောတပ်ပေးခြင်းများကို ဆက်လက်လှူဒါန်းပေးနေပါတယ်ရှင်၊ ပီတိအားလုံးမျှဝေရင်း ခုနှစ်ရက်သားသမီးများအားလုံး မိမိတို့ကိုယ်တိုင်လှူဒါန်းရသကဲ့သို့ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်” လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားမျှဝေထားပါတယ်။
(Zawgyi)
ေျခေထာက္တုမ်ားထပ္မံလႉဒါန္းခဲ့တဲ့ သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝ
သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝဟာ ယမန္ေန႔က လူဦးေရ ၄ဦးစာအတြက္ ေျခေထာက္တု ၄ခုကို ထပ္မံလႉဒါန္းခဲ့ပါတယ္။
ေျခတုတစ္ဖက္ကို အနည္းဆုံး ၃သိန္းကေန အမ်ားဆုံး သိန္း ၂၀အထိ အေနအထားေပၚမူတည္ကာက်သင့္ႏိုင္ၿပီး ခိုင္ႏွင္းေဝအေနနဲ႔ တစ္လမွာ ၁၀ဦးဝန္းက်င္ခန႔္ လႉဒါန္းေနရတယ္လို႔ဆိုပါတယ္။
သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝက “ေျခတုအၾကမ္းရသူမ်ားႏွင့္ အေခ်ာရသူမ်ားကို ေလ့က်င့္ေပးျခင္း၊ အေခ်ာတပ္ေပးျခင္းမ်ားကို ဆက္လက္လႉဒါန္းေပးေနပါတယ္ရွင္၊ ပီတိအားလုံးမွ်ေဝရင္း ခုႏွစ္ရက္သားသမီးမ်ားအားလုံး မိမိတို႔ကိုယ္တိုင္လႉဒါန္းရသကဲ့သို႔ သာဓုေခၚဆိုႏိုင္ၾကပါေစရွင္” လို႔ သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားမွ်ေဝထားပါတယ္။