ပရဟိတ မင်းသမီး ခိုင်နှင်းဝေက စွန့်ပစ်ခံလေးလသား အရွယ် ကလေးလေးကို မေလ ၁၇ရက်နေ့ က ထပ်မံမွေးစား ခဲ့ပါတယ်။ ကလေး ငယ်လေး က “ခိုင်” မိသားစုရဲ့ အယောက် ၅၀ယောက်မြောက် ကလေးဖြစ်ပြီး ကလေး ကျန်းမာရေး အတွက်လည်း ဆေး ကုသပေးနေတယ် ဆိုတဲ့ အကြောင်းကို သူမ ရဲ့ဖေ့ဘုတ်စ် စာမျက်နှာ အခုလို ပဲရေးသားထားပါတယ်။
“ အသက် တစ်ချောင်း ကယ်ဖြစ်ခဲ့ပါတယ်ရှင် .. သနားစရာ စွန့်ပစ်ခံ (၄)လသား အရွယ် သားလေး ကို သွားရောက်ခေါ်ယူ မွေးစားဖြစ်ပါတယ်.. ကလေးက တကိုယ်လုံး ခြင်ကိုက်ဖုတွေ နှင့် အာဟာရ ပြတ်လပ်ကာ ဗိုက်တွေ ပူပြီး ပုံမှန် အခြေအနေ မျိုး မဟုတ်တာလဲ တွေ့ရတဲ့ အတွက် “ပါရမီ” အထူးကု ဆေးရုံသို တန်းပြကာ လိုအပ်တာများ ပြုလုပ်ခဲ့ပါတယ်..ကျမတို “ခိုင်” မိသားစု ရဲ့ အယောက် (၅၀) မြောက် သားလေး သက်ရှည် ကျန်းမာပါစေ…ကံကောင်းပါစေရှင်.. ”ခိုင်” မိသားစု မှ ကလေးတွေ အားလုံး ကို မေတ္တာဖြင့် စမ်းသပ်ခ မယူပဲ အမြဲ ကြည့်ရှုစောင့်ရှောက်ပေးပါသော ကလေး အထူးကု ပါရဂူ ဒေါက်တာ ဒေါ်ခင်ခင်ထား ဆရာဝန်မကြီး ကို လဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်..” လို ရေးသားထားပါတယ်။
Zaw Gyi
ခြင်ကိုက်ဖုတွေ နဲ့အာဟာရပြတ်လပ်နေတဲ့ ကလေးငယ်ကို ထပ်မံမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ