Saturday, May 2, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...
HomeNewsLocal Newsချောင်းဦးတွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရသဖြင့်...

ချောင်းဦးတွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရသဖြင့် (၂) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရ

ချောင်းဦးတွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရသဖြင့် (၂) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့တွင် လက်လုပ်စိန်ပြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၃) ရက်နေ့ ည (၉) နာရီဝန်းကျင်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ချောင်းဦး – အမြင့်လမ်းဆုံဘက်မှနေ၍ ချောင်းဦးမြို့တွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တမာမြိုင်ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်း ကျည်များကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ စာရေး ဒေါ်ဝါဝါမိုး(၂၃)နှစ် (ဘ)ဦးကြည်လွင်နှင့် ဒေါ်ပေါက်ပေါက် (ခ) ဒေါ်ထားထားနွယ်(၅၀)နှစ် (ဘ) ဦးဌေးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးကြည်လွင်(၅၀) နှစ် (ဘ)ဦးချစ်အောင်၊ပညာ ရေးဝန်ထမ်းဖြစ်သူ ဦးမောင်မောင်ကျော်(၄၁)နှစ် (ဘ)ဦးဉာဏ်ရှိန်၊ ဒေါ်နွယ်စန်း(၅၃)နှစ် (ဘ) ဦးဘိုလေးနှင့် ဒေါ်မိုးမိုးအောင် (၃၅) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အဖွဲ့များအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်း ဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည့်အ တွက် ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိ

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန် (၃) သိန်းခန့်ကို တရုတ် ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်ဝမ် ၊ စင်္ကာပူ ၊ အိန္ဒိယ ၊ ဂျပန် နိုင်ငံများသို့တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆၄၀၀၀၀ ရှိပြီး အမှန်တကယ်အစေးခြစ်ထုတ်ယူနေသည့် ဧကမှာ ရှစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ ရော်ဘာစိုက်ပျိုးသော ဒေသများသည် ရခိုင်ပြည်နယ် ၊...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ် လှုပ်ခတ်မှုကို ဒေသခံများသိသာစွာခံစားခဲ့ရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ် ၄၃ စက္ကန့်ကလှုပ်ခတ်ခဲ့ရာ ဒေသခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။ မအူပင်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "သိသိသာသာခံစားခဲ့ရတယ် ငလျင်လှုပ်လိုက်တာကို။ လှုပ်ပြီးတဲ့အချိန် ကြောက်လို့မအိပ်ရဲဘူးဖြစ်သွားတယ်။ အတော်ကြာမှ စိတ်ကိုအေးအေးထားပြီးအိပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း လှုပ်သွားသေးတယ် မအူပင်မှာက သတိထားပြီးနေရတယ်"...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖမ်းမိ

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတို့ဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးစဉ်  မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦးအား ဖော်ထုတ်ဖမ်းဆီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071