Wednesday, September 16, 2026

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀...

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်...

ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း...

ဒူးမားလွှတ်တော် ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန်...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ယနေ့...

မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ကူဝိတ်ရှိ UN-Habitat...

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ကူဝိတ်နိုင်ငံရှိ ကုလသမဂ္ဂ လူနေအခြေချမှုအစီအစဉ် (UN-Habitat) ရုံးအကြီးအကဲ Dr. Ameera Al-Hasan...
HomeNewsLocal Newsချောက်မြို့၌ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

ချောက်မြို့၌ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ ဘာသာ သာသနာထွန်းကားနိုင်ရေး၊ သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်အား တည်ထားကိုးကွယ်တော်မူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်ထားကိုးကွယ်တော်မူရန် ပထမအကြိမ်အလှူတော်‌ငွေပေးအပ်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ချောက်မြို့စွယ်တော်မြတ်စေတီတော်တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ်မှ ချောက်မြို့သည်ကမ္ဘာတွင် အပူဆုံးမြို့အဖြစ်စံချိန်တင်ခံခဲ့ရသည့်မြို့ဖြစ်၍ ဘာသာ သာသနာ ထွန်းကားနိုင်ရေးနှင့် သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးတို့အတွက် စွယ်တော်မြတ်စေတီတော်အား တည်ထားကိုးကွယ်ရန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြေနေရာပြုပြင်ထားရှိမှု ရာနှုန်းပြည့်ပြီးစီးပြီဟု ပြောသည်။

ထို့ပြင် စွယ်တော်မြတ်စေတီတော်မြတ်ကြီးတည်ထားကိုးကွယ်တော်မူနိုင်ရန် တိုင်းအစိုးရအဖွဲ့အနေဖြင့် ငွေကျပ်(၁ ဒသမ ၅)ဘီလီယံထည့်ဝင်လှူဒါန်းသွားမည်ဟုလည်း မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က ပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းအစိုးရအဖွဲ့မှဦးဆောင်ကာ တိုင်းအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်များအတွင်းရှိ ဒေသခံများ၊ အလှူရှင်များကပေးအပ်လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း(၁၁၀၀၀)ကျော်အားလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်အား ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ကွင်းအမှတ်(၂၂၉၃)၊ ညောင်ဖြူပင်ကွင်း၊ ဦးပိုင်အမှတ်( ၁၊ ၂ )အတွင်း၊ မြေဧရိယာ(၂၀ ဒသမ ၀၈)ဧကပေါ်တွင် တည်ထားကိုးကွယ်တော်မူသွားမည်ဖြစ်ပြီး ရရှိလာသည့် အလှူငွေများအား မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် “ချောက်မြို့ စွယ်တော်မြတ်စေတီအလှူငွေစာရင်း” အမည်ဖြင့် Account ဖွင့်လှစ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀ ဆုံးရှုံး

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန် (Ursula von der Leyen) က ပြောကြားလိုက်ပါတယ်။ ​အီရန်ပတ်ဝန်းကျင်က ပဋိပက္ခတွေနဲ့ ဟော်မုဇ်ရေလက်ကြားက အခြေအနေတွေကြောင့် အခုလို ယူရိုငွေ ဘီလီယံ ၉၀ အထိ ဆုံးရှုံးခဲ့ရတာလို့ သူမက ဆိုပါတယ်။ "ဟော်မုဇ်ရေလက်ကြား ပဋိပက္ခတွေ စတင်ကတည်းကဆိုရင် ပြည်ပကနေ တင်သွင်းရတဲ့ ရုပ်ကြွင်းလောင်စာတွေအတွက် ကျွန်မတို့အနေနဲ့ ယူရို ဘီလီယံ ၉၀...

ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ငသိုင်းချောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ အကူအညီရရှိသူများတွင် မသန်စွမ်းသူ ၁၃၂ ဦး ပါဝင်ပြီး အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရာတွင် ဟင်္သာတနှင့် ကျုံပျော်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများမှ ဝန်ထမ်းများလည်း...

ဒူးမားလွှတ်တော် ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ရုရှားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၅ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။ ခရီးစဉ်သည် ရုရှားနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဦးမောင်မောင်အုန်းက ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071