Sunday, August 2, 2026

၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍...

နေပြည်တော်၊ ဩဂုတ် ၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့ဧရိယာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂)...

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...
HomeNewsLocal Newsချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များ...

ချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များ အခက်အခဲများနှင့်ရင် ဆိုင်နေရ

ချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် လေးကေ့ကော်ဒေသမှစစ်ဘေးရှောင်များ အခက်အခဲများနှင့်ရင် ဆိုင်နေရ

ကရင်ပြည်နယ်၊မြဝတီမြို့၏ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်၌ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိခိုလှုံနေရသည့် လေးကေ့ကော်ဒေသမှစစ်ဘေးရှောင်များမှာ ချိန်ခါမဟုတ်မိုးရွာသွန်းမှုများကြောင့် အခက်အခဲများဖြင့်ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်ကူ ညီသူများထံမှသိရသည်။

ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ မိုးရွာသွန်းခဲ့သဖြင့် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် ယာယီတဲမှားထိုး၍နေထိုင်နေရသူများသည် အောက်ခြေမှမိုးရေဝင်ခြင်း၊အမိုးအကာမိုးရေယိုခြင်း၊လေတိုက်မှုကြောင့် အမိုးအကာများလှန်၍ မိုးရေစိုခြင်းများဖြစ်ပေါ်ခဲ့သည်။

မိုးရွာသွန်းမှုကြောင့် တောင်ပေါ်မှမိုးရေများစီးကျခြင်းကြောင့် အခက်အခဲများပိုမိုဖြစ်ပေါ်လာခြင်းဖြစ်ပြီး အောက်ခြေမိုးရေရောက်ရှိခြင်းများနှင့်စားနပ်ရိက္ခာများရေစိုနေခြင်းတို့ကြောင့် ချက် ပြုတ်စားသောက်ရန်အတွက်လည်း ခက်ခဲမှုများရှိနေသည်ဟု သိရသည်။

ထို့ပြင် မိုးရွာသွန်းမှုသည် ဖေဖော်ဝါရီ ၁၉ ရက် (ယနေ့)တွင်လည်း ထပ်မံရွာသွန်းမှုကြောင့် စားနက်ရိက္ခာများ၊ဆေးဝါးများနှင့်အသုံးအဆောင်များရေစိုပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“မိုးကဆက်တိုက်ရွာတော့ သူတို့အတွက်ဒုက္ခတွေရောက်တာပေါ့ အဓိကအရေးကြီးတဲ့ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေရေစိုတာကပိုဆိုးတယ် နောက်ပြီး ကလေးတွေရယ် သက်ကြီးရွယ်အိုတွေရယ်လည်း မိုးရွာနေတော့ မိုးရေစိုပြီးတစ်ညလုံးမအိပ်ကြရဘူး”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြော သည်။

မိုးရေစို၍ အချို့ကလေးငယ်များနှင့်သပ်ကြီးရွယ်အိုများတွင် ဖျားနာမှုများဖြစ်ပေါ်လျက်ရှိကာ ဆေးဝါးအကူအညီများလိုအပ်လျက်ရှိပြီး ကျန်း မာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

“ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သ လို တာလပတ်စတွေလည်းအတော်လိုနေတယ် သူတို့တွေစစ်ဘေးရှောင်နေရတာဘယ်လောက်အထိကြာမယ်ဆိုတာမသိရတဲ့အတွက် အခုလိုမိုးရွာတဲ့အခါမှာ မိုးရေမမိအောင် လုံလုံခြုံခြုံဖြစ်အောင်လုပ်ပေးမှအဆင်ပြေမှာ”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် သောင်ရင်းမြစ်ကမ်းဘေးတစ် လျှောက်၌ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ကျော်နေ ထိုင်လျက်ရှိပြီး အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြအကူအညီတောင်းခံထားသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှသိရသည်။

Zaw Gyi

ခ်ိန္ခါမဟုတ္မိုး႐ြာသြန္းမႈေၾကာင့္ ေလးေက့ေကာ္ေဒသမွစစ္ေဘးေရွာင္မ်ား အခက္အခဲမ်ားႏွင့္ရင္ ဆိုင္ေနရ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕၏ ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ကမ္းေဘးတစ္ေလွ်ာက္၌ စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိခိုလႈံေနရသည့္ ေလးေက့ေကာ္ေဒသမွစစ္ေဘးေရွာင္မ်ားမွာ ခ်ိန္ခါမဟုတ္မိုး႐ြာသြန္းမႈမ်ားေၾကာင့္ အခက္အခဲမ်ားျဖင့္ရင္ဆိုင္ေနရသည္ဟု စစ္ေဘးေရွာင္ကူ ညီသူမ်ားထံမွသိရသည္။

ေဖေဖာ္ဝါရီ ၁၈ ရက္မွစတင္ကာ မိုး႐ြာသြန္းခဲ့သျဖင့္ ေသာင္ရင္းျမစ္ကမ္းေဘးတစ္ေလွ်ာက္တြင္ ယာယီတဲမွားထိုး၍ေနထိုင္ေနရသူမ်ားသည္ ေအာက္ေျခမွမိုးေရဝင္ျခင္း၊အမိုးအကာမိုးေရယိုျခင္း၊ေလတိုက္မႈေၾကာင့္ အမိုးအကာမ်ားလွန္၍ မိုးေရစိုျခင္းမ်ားျဖစ္ေပၚခဲ့သည္။

မိုး႐ြာသြန္းမႈေၾကာင့္ ေတာင္ေပၚမွမိုးေရမ်ားစီးက်ျခင္းေၾကာင့္ အခက္အခဲမ်ားပိုမိုျဖစ္ေပၚလာျခင္းျဖစ္ၿပီး ေအာက္ေျခမိုးေရေရာက္ရွိျခင္းမ်ားႏွင့္စားနပ္ရိကၡာမ်ားေရစိုေနျခင္းတို႔ေၾကာင့္ ခ်က္ ျပဳတ္စားေသာက္ရန္အတြက္လည္း ခက္ခဲမႈမ်ားရွိေနသည္ဟု သိရသည္။

ထို႔ျပင္ မိုး႐ြာသြန္းမႈသည္ ေဖေဖာ္ဝါရီ ၁၉ ရက္ (ယေန႔)တြင္လည္း ထပ္မံ႐ြာသြန္းမႈေၾကာင့္ စားနက္ရိကၡာမ်ား၊ေဆးဝါးမ်ားႏွင့္အသုံးအေဆာင္မ်ားေရစိုပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္ဟု သိရသည္။

“မိုးကဆက္တိုက္႐ြာေတာ့ သူတို႔အတြက္ဒုကၡေတြေရာက္တာေပါ့ အဓိကအေရးႀကီးတဲ့ စားနပ္ရိကၡာနဲ႔ေဆးဝါးေတြေရစိုတာကပိုဆိုးတယ္ ေနာက္ၿပီး ကေလးေတြရယ္ သက္ႀကီး႐ြယ္အိုေတြရယ္လည္း မိုး႐ြာေနေတာ့ မိုးေရစိုၿပီးတစ္ညလုံးမအိပ္ၾကရဘူး”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာ သည္။

မိုးေရစို၍ အခ်ိဳ႕ကေလးငယ္မ်ားႏွင့္သပ္ႀကီး႐ြယ္အိုမ်ားတြင္ ဖ်ားနာမႈမ်ားျဖစ္ေပၚလ်က္ရွိကာ ေဆးဝါးအကူအညီမ်ားလိုအပ္လ်က္ရွိၿပီး က်န္း မာေရးေစာင့္ေရွာက္မႈမ်ားလည္း လိုအပ္လ်က္ရွိသည္ဟု သိရသည္။

“ေဆးဝါးနဲ႔က်န္းမာေရးေစာင့္ေရွာက္မႈလိုအပ္သ လို တာလပတ္စေတြလည္းအေတာ္လိုေနတယ္ သူတို႔ေတြစစ္ေဘးေရွာင္ေနရတာဘယ္ေလာက္အထိၾကာမယ္ဆိုတာမသိရတဲ့အတြက္ အခုလိုမိုး႐ြာတဲ့အခါမွာ မိုးေရမမိေအာင္ လုံလုံၿခဳံၿခဳံျဖစ္ေအာင္လုပ္ေပးမွအဆင္ေျပမွာ”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

လက္ရွိအခ်ိန္တြင္ ေသာင္ရင္းျမစ္ကမ္းေဘးတစ္ ေလွ်ာက္၌ စစ္ေဘးေရွာင္ဦးေရ ၅၀၀၀ေက်ာ္ေန ထိုင္လ်က္ရွိၿပီး အခက္အခဲမ်ားအား ကူညီေျဖရွင္းေပးႏိုင္ရန္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားသို႔ တင္ျပအကူအညီေတာင္းခံထားသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍ ရေပေါင်းဆုံနှင့် ယင်းမာပင်တွင် ယနေ့ ယာယီမီးပြတ်မည်

နေပြည်တော်၊ ဩဂုတ် ၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့ဧရိယာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂) ဓာတ်အားလိုင်းတစ်လျှောက် အသေးစိတ်စစ်ဆေးခဲ့ရာ တာဝါတိုင် ၅ တိုင်တွင် Jumper ကြိုးများ လွန်းဖွာနေခြင်း၊ ကြွေသီးတွဲများ ကွဲအက်နေခြင်းနှင့် Arching Horn များ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဓာတ်အားစနစ် တည်ငြိမ်မှု မြှင့်တင်နိုင်ရန်နှင့် မလိုလားအပ်သော ဓာတ်အားပြတ်တောက်မှုများကို ကာကွယ်နိုင်ရန်အတွက် အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့ (၂၀၂၆ ခုနှစ်...

ပါရီ၌ ကျင်းပသည့် EWC 2026 MLBB MSC ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos အသင်း ဒုတိယဆု ရရှိ

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းမည်

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာထိ RBE ရထားဖြင့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဥ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်တရားမဝင် Level Crossing (လမ်းကူး)များပိတ်သိမ်းနိုင်ရေး၊ ရ ထားလမ်းဘေးဝဲ/ယာတွင် နေထိုင်သူများအန္တရာယ် ကင်းရှင်းစေရန် ကျူးကျော်တဲများ၊ အဆောက်အအုံများရှင်းလင်းရေးတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းတစ်လျှောက် သံလမ်းများပြုပြင်ထိန်းသိမ်းနေမှု၊ သံလမ်းဇလီဖားတုံးများမြှင့်တင်နေမှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071