Sunday, September 20, 2026

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...
HomeNewsLocal Newsချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင်...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၀

နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင် ညစဉ် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေးအစီအစဉ်အရ သိရသည်။

အဆိုပါ တရားပွဲများကို ညစဉ် ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် ရွှေမင်းဝံဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘန၊ စက်တင်ဘာ ၂၁ ရက်တွင် တိပိဋကယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ စက်တင်ဘာ ၂၂ ရက်တွင် အဝေရာရာမ ရန်ကင်းဆရာတော် ဘဒ္ဒန္တဩဒါတသိရီဘိဝံသ၊ စက်တင်ဘာ ၂၃ ရက်တွင် ပညာဘူမိတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် စက်တင်ဘာ ၂၄ ရက်တွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့က တရားတော်များ အသီးသီး ဟောကြားချီးမြှင့်မည်ဖြစ်သည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၁၉ ရက် စနေနေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် ရန်ကုန်မြို့ရှိ ဂရင်းဟံသာဆေးရုံကြီး၌ တစ်ဘဝခန္ဓာချုပ်ငြိမ်း ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကို စက်တင်ဘာ ၂၅ ရက် သောကြာနေ့ မွန်းတည့် ၁၂ နာရီခွဲတွင် ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ စတင်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် ဥတုဇရုပ်ကလာပ်တော်ကို ပင့်ဆောင်မည်ဖြစ်သည်။

ထို့နောက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT Park သို့ ပင့်ဆောင်၍ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများက နောက်ဆုံးပူဇော်ကြမည်ဖြစ်ကာ ညနေ ၄ နာရီခွဲတွင် အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အန္တိမအဂ္ဂိဈာပန အခမ်းအနားတွင် ဆရာတော်ဘုရားကြီး၏ သက်တော်နှင့်အညီ ပင့်သံဃာတော် ဆရာတော်ဘုရားကြီး အပါး ၁၀၀ ပင့်ဖိတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို ဆက်လက်အကောင်အထည် ဖော်သွားမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " ပါတီရဲ့ လုပ်ငန်းစီမံချက်ကိုအရှိန်အဟုန်နဲ့ဆောင် ရွက်နိုင်ဖို့ အစပျိုးတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာ ၁ ရက်ကနေ  ဒီဇင်ဘာ ၃၁ ရက်အထိအကျုံးဝင်မယ့် ရက်(၉၀)စီမံချက်ကိုချမှတ်အကောင်အထည်ဖော်သွားမှာပါ။ ဒါ့အပြင် (၁)နှစ်စီမံချက်၊ (၅)နှစ်စီမံချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံတွေကြိုတင်ရေးဆွဲထားပြီး...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်ရီအပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်အတည်ပြုမှုအရ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အတွင်းရေးမှူးများအဖြစ် ဦးတင်အောင်ချစ်နှင့် ဦးအောင်စိုးတို့ကို ရွေးချယ်အတည်ပြုခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071