Unicode
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာရှိတဲ့ ချင်းလူမျိုး များက မြန်မာအလှမယ် သူဇာဝင့်လွင်ရဲ့ အောင်မြင်မှု အတွက် အမှတ်တရဂုဏ်ပြုပွဲ တစ်ခုကို မေလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
ဒီဂုဏ်ပြုပွဲကို ပြိုင်ပွဲမှာသူမကို ချင်းဝတ်စုံ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ချင်းလူမျိုးများကပဲ စုစည်း ကျင်းပပေးခဲ့ကြတာဖြစ်ပါတယ်။
သူမအနေနဲ့ ဒီပွဲကို Miss Universe ပြိုင်ပွဲ အတွင်းမှာ သူမရဲ့ အခန်းဖော်ဖြစ်တဲ့ ကိုရီးယား အလှမယ်နဲ့အတူ တက်ရောက် ခဲ့တာဖြစ်ပါ တယ်။
ဂုဏ်ပြုပွဲလုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ကိုလည်း သူမရဲ့ facebook စာမျက်နှာမှာ ‘Florida မှာရှိတဲ့ ချစ်ရတဲ့ ချင်းလူမျိုးတွေ က သူဇာ့ကို ဂုဏ်ပြုပွဲလေးပြုလုပ်ပေးပီး အားပေး စကားတွေရော လိုအပ်ရင် သုံးဖို့ တွေရောပေးတဲ့ အတွက် အရမ်း ဝမ်းသာပြီး ကျေးဇူးလဲ အရမ်းတင်ပါတယ်.. ပွဲမှာလိုအပ်တဲ့အရာတွေ အခက်အခဲတွေရော ပြီးတော့ NC winner ရတာလဲ ချင်းလူမျိုးတွေ ရဲ့ကျေး ဇူးတွေကြောင့်ပါပဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်’ လို့ ရေးသားဖော်ပြထားပါတယ်။
Zaw Gyi
ချင်းလူမျိုးများက ဂုဏ်ပြုပွဲ လုပ်ပေးခဲ့တဲ့ Miss Universe Myanmar 2020 သူဇာဝင့်လွင်