Thursday, January 16, 2025

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက်...

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅ ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်...

ဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဟောလိဝုဒ်နာမည်ကျော်မင်းသား အယောင်ဆောင်ထားသည့် လိမ်လည်လှည့်ဖြားသူများကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦး ဘဝပျက်ခဲ့ရသည့်အတွက် အယောင်ဆောင်လှည့်စားမှုများကို သတိထားကြရန် ဘရက်ပစ်၏ အေးဂျင့်က ပရိသတ်များကို သတိပေးလိုက်သည်။ အသက် ၅၃ နှစ်အရွယ်...

မြန်မာ့လက်ရွေးစင် ငွေခေတ်ဘောလုံးသမားကြီး ဂိုးအောင်ကျော်ကျော် ကို...

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဘောလုံးအသင်းသည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ ဂိုးနည်းပြဖြစ်သူ ဂိုးအောင်ကျော်ကျော် ကို လာမည့် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခေါ်ယူခဲ့ကြောင်းသိရသည်။ ဦးအောင်ကျော်ကျော်သည် ၁၉၉၃ ဆီးဂိမ်းတွင် သူ၏...
HomeNewsLocal Newsချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ...

ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ ဒုတိယ အများဆုံးအဖြစ်ရပ်တည်နေ

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ ဒုတိယအများဆုံးအဖြစ်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်မှုမှာ မြန်မာနိုင်ငံအနေနဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကံပိုက်တည်းတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းလေးခုကိုလည်း ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဟာ လင်ချန်းမြို့ မိန်တိန်းဒေသနဲ့ မျက်နှာချင်းဆိုင်မှာ ဆက်စပ်တည်ရှိနေပြီး ကုန်သွယ်မှု ပမာဏ ဒုတိယ အများဆုံးစခန်းအဖြစ်ရပ်တည် လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လင်ချန်းဒေသသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတွင်သာမက ခရီးသွားလုပ်ငန်းနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း ဝန်ကြီး ဦးအောင်နိုင်ဦးက ဆိုသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ၁၉၅၀ ခုနှစ်မှ စတင်ပြီး သံတမန် ဆက်ဆံရေးထူထောင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုဖြင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်တည် ဆောက်ခဲ့ကြသည့်အပြင် နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်ကို ၁၉၇၂ ခုနှစ်နိုဝင်ဘာလ (၁၉) ရက်တွင် လည်းကောင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ၁၉၉၄ ခုနှစ် သြဂုတ်လ (၁၃) ရက်တွင်လည်းကောင်း ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါစာချုပ်များ၏ အသီးအပွင့်များကို နှစ်နိုင်ငံပြည်သူများ ယနေ့ထိ ခံစားနေရကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် မေ(၂၅) ရက်က ကျင်းပခဲ့ပြီး မေ (၂၈) အထိ (၄)ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာ(နေပြည်တော်)-တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ ယူနန်ပြည်နယ် လင်ချန်းမြို့ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး လင်ချန်းမြို့ပြည်သူ့အစိုးရမြိုတော်ဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပြခန်းပေါင်း (၇၉) ခု ပြသထားပြီး ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့် ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ပါဝင်ပြသသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဖက်မှလည်း ကုန်သည်လုပ်ငန်းရှင်၊ ကုမ္ပဏီ (၇၀) ကျော်မှ ပြခန်းပေါင်း (၄၀)ကျော် ပြသထားပြီး စားသောက်ကုန်များ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက် မိသားစုနှင့်အဆက်သွယ်ပြတ်တောက်ကာ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက လာရောက်အကူအညီတောင်းခံမှုများ လာချိန်၌ ထုတ်ပြန်ကြေငြာခဲ့ခြင်းလည်းဖြစ်သည်။ ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် အဆိုပါအမှုများကို စေ့စေ့စပ်စပ်ကိုင်တွယ်ဖြေရှင်းရန် ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ညွှန်ကြားထားပြီး ဖမ်းဆီးခံထားရပြီးသောင်တင်နေသူများကိုကယ်တင်ကာ ဘေးကင်းစွာအိမ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်းပြောကြားခဲ့သည်။ တယ်လီကွန်းလိမ်လည်မှုနှင့် အခြားရာဇဝတ်လုပ်ငန်းများသည် မသိနားမလည်သူများကို ပြည်ပ၌ အလုပ်အကိုင်ကောင်းကောင်း၊လစာကောင်းကောင်းကို စားရိတ်ငြိမ်းရနိုင်မည်ဟုပြောဆိုစည်းရုံးကာ မက်လုံးပေးလေ့ရှိတတ်သဖြင့် ယင်းသို့အလိမ်မခံရစေရန်လည်း သတိထားဖို့လိုကြောင်း ထပ်မံသတိပေးထားသည်။ အဆိုပါဂိုဏ်းများသို့ရောက်ရှိသွားပါက ၎င်းတို့သည် တယ်လီကွန်းလိမ်လည်မှုနှင့်...

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅ ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေနိုင်သည့်ပြဿနာများကို အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြေရှင်းရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေး၌ ခရီးသွားများဘေးကင်းရေးနှင့် ခရီးသွားလာရေးဘေးကင်းမှုအစီအမံများ မြှင့်တင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ အလုံအလောက်ချထားရေးတို့ကိုလည်း ညွှန်ကြားခဲ့ကြောင်းသိရသည်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စိုးရိမ်စရာကိစ္စများလျော့ပါးစေရန်အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို ခေါ်ယူကာ အန္တရာယ်ရှိနိုင်သူများကို ကြိုတင်ကာကွယ်ပေးပြီး ကျူးလွန်သူများကိုလည်း ထိထိရောက်ရောက်အရေးယူရန် ညွှန်ကြားထားသည်ဟု ထိုင်းရဲတပ်ဖွဲ့၏အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ ဆက်လက်၍ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတကာအေဂျင်စီများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်များတွင်လည်း အထူးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်သွားရန်ရည်မှန်းထားကြောင်းသိရသည်။ ထို့နောက်...

ဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဟောလိဝုဒ်နာမည်ကျော်မင်းသား အယောင်ဆောင်ထားသည့် လိမ်လည်လှည့်ဖြားသူများကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦး ဘဝပျက်ခဲ့ရသည့်အတွက် အယောင်ဆောင်လှည့်စားမှုများကို သတိထားကြရန် ဘရက်ပစ်၏ အေးဂျင့်က ပရိသတ်များကို သတိပေးလိုက်သည်။ အသက် ၅၃ နှစ်အရွယ် ပြင်သစ်သူက သူသည် ပစ်နှင့် ချစ်ကြိုက်နေခဲ့ပြီဟု ယုံကြည်နေခဲ့ကြောင်း ပြင်သစ် TF1 ရုပ်သံလိုင်းကို ပြောကြားခဲ့ပြီး သူသည် ခင်ပွန်းဖြစ်သူနှင့်ပင် ကွာရှင်းပြတ်စဲခဲ့ကာ လိမ်ညာသူများကို ယူရို ၈၃၀၀၀၀ (ဒေါ်လာ ၈၅၀,၀၀၀) လွှဲပေးခဲ့သည်ဟု ဆိုခဲ့သည်။ “လူလိမ်တွေဟာ နာမည်ကျော်တွေနဲ့ ပရိသတ်တွေရဲ့ ခိုင်မာတဲ့ ချိတ်ဆက်ဆက်ဆံမှုကို အခွင့်ကောင်းယူကြတာ အတော်ဆိုးပါတယ်” ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071