စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် တည် ဆောက်လျက်ရှိသည့် ချင်းတွင်း မြစ်ကူးတံတား(ထမံသီ) မကြာခင် ပြီးစီးတော့မည်ဖြစ်ပြီး လက်ရှိ၌ တံတားချဥ်းကပ်လမ်းများကို ပြင်ဆင်နေပြီ ဖြစ်သည်။
ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီး – ပန်ဆပ် – ဆွမ္မရာ လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။
တည်ဆောက်နေသော ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သ ည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် (၈၀၁) မီတာ၊ အကျယ် (၉.၄) မီတာ၊ တံတားအခန်းပေါင်း (၁၅) ခန်း၊ ရေလမ်းကင်းလွတ် အမြင့် (၄၀) ပေ(HFL) ဖြ င့်တည်ဆောက်နေခြင်းဖြစ်သည်။
ချင်းတွင်း မြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ် နှင့် လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှု လွယ်ကူမြန်ဆန်လာမည်ဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ – Welcome to Homalin
