Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeCelebrities' Newsချမ်းချမ်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အိပ်မက်...

ချမ်းချမ်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အိပ်မက် ၂ဝ၁၈ထဲမှာ တကယ် ဖြစ် လာ တော့မှာလား

ချမ်းချမ်းက ၂ဝ၁၈ ခုနှစ်ထဲမှာ ပြည်ပရှိုးတွေများစွာရှိသလို၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်လည်း ပြင်ဆင်နေကြောင်း သိရပါတယ်။ သူမရဲ့ ၂ဝ၁၈ခုနှစ်အစီအစဉ်က “အစ်မရဲ့ ပရိသတ်အတွက် အလုပ်တွေ ပိုလုပ်ဖြစ်တယ်။ ပြီးတော့ နိုင်ငံရပ်ခြားမှာရှိတဲ့ အစ်မရဲ့ ပရိသတ်တွေအတွက်ပေါ့။ အမေရိကက ပရိသတ်တွေဆို ခေါ်တာ ၄ နှစ်လောက်ရှိနေပြီ။ သွား မဆိုဖြစ် ခဲ့ဘူး။ တစ်ဖက်တစ်လမ်းမှာ အခက်အခဲတွေရှိနေတဲ့အတွက်ကြောင့် အခု ၂ဝ၁၈ မှာတော့ အမေရိကကို ၂ ခေါက်လောက်ပြန် သွားဖို့ ရှိတယ်။ ပွဲ ၂ဝ ကျော်လောက်ပေါ့။ ပြီးသွားရင် ဘန်ကောက်မှာ Show ဆိုမယ်။

ကြားထဲမှာတော့ အစ်မရဲ့ One Lady Show အတွက်ပြင်ဆင်မယ်ပေါ့” လို့ပြောပါတယ်။ လုပ်မယ်၊ လုပ်မယ်နဲ့ မလုပ်ဖြစ်သေးတဲ့ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအကြောင်း ကိုလည်း မေးဖြစ်တဲ့အခါ “အစ်မရဲ့ One Lady Show  ကတော့ အစ်မအကောင်းဆုံး လုပ်ချင်တယ်။ အကောင်းဆုံးဆိုတာ အစ်မလောဘကြီးတာတော့ မဟုတ်ပါဘူး။ ကိုယ့်ပရိသတ် တွေကို အကောင်းဆုံးချပြချင်တာပေါ့နော်။ ဆိုတော့ သူတို့ အတွက် အဆင်ပြေမယ့်အချိန်ရယ်၊ နေရာရယ်၊ ပြီးတော့ ကိုယ့်ကို တီးခတ်ပေးမယ့် ဆရာသမားတွေ အားလပ်တဲ့ နေ့ရက်တွေရယ် အားလုံးတိုက်ပြီးတော့မှ လုပ်ဖြစ်မှာပါ။ ၂ဝ၁၈ ခုနှစ်ထဲမှာ လုပ်ဖြစ်မှာပါ” လို့ သူမကပြောပါတယ်။ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကိုလည်း ချမ်းချမ်းက မေတ္တာထားပါတယ်။ သူမရဲ့ စကားလက်ဆောင်က “ကိုယ်ရောစိတ်ပါ ချမ်းသာအောင် တစ်ခဲနက် နှစ်သိမ့် ပေးတဲ့ ပရိသတ်တွေ တစ်ယောက်ချင်းစီတိုင်းကိုရော၊ အစ်မကို မချစ်သော်လည်း အားပေးတဲ့တစ်ယောက် ချင်းစီတိုင်းကိုရော၊ ချစ်တဲ့သူရော၊ မုန်းတဲ့သူကိုရော အားလုံးကို မေတ္တာ တန်းတူထားပါတယ်။ အစ်မရဲ့ ထမင်းရှင်တွေပါပဲ။ အစ်မရဲ့သီချင်းတစ်ပုဒ်ကို နားထောင်တဲ့သူကလည်း အစ်မရဲ့ ထမင်းရှင်ပါ ပဲ။ ဆယ်ပုဒ်နားထောင်လည်း အစ်မရဲ့ ထမင်း ရှင်ပါပဲ။ ဆိုတော့ နေ့စဉ်နဲ့အမျှ အစ်မကို အား ပေးလာတဲ့ ပရိသတ်တစ်ယောက်ချင်းစီကို ကိုယ်ရော၊ စိတ်ပါ ကျန်းမာပါစေလို့ ဆုမွန် ကောင်းတောင်းပေးပါတယ်” လို့ ချမ်းချမ်း က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071