Miss Universe Myanmar 2014 ဆုရှင် သျှားထွဋ်အိန္ဒြာ က ချစ်သူဖြစ်သူ သရုပ်ဆောင် အောင်ရဲထိုက် နဲ့အတူ ပွဲတစ်ခု မှာ နှစ်ယောက် အတူ ပွဲတက်လာတာကို တွေ့ရပါ တယ်။ ၂ယောက်စလုံး က အနုပညာ သမားတွေဖြစ်တဲ့ အတွက် တစ်ယောက်ကို တစ်ယောက် အပြန် အလှန် အကြံဥာဏ်တွေ ပေးဖြစ်ကြောင်းကို သျှားထွဋ်အိန္ဒြာက
“အပြင်လောက နဲ့ပတ်သက်ရင်တော့ တစ်ယောက်နဲ့ တစ်ယောက် သဝန်တို တာတော့ ရှိတယ်။ အလုပ်နဲ့ ပတ်သက်ပြီး သဝန်တိုတာ၊ စိတ် ကောက်တာ တို့ တစ်ခါမှ မရှိပါဘူး။ သူကလည်း ကိုယ့်အလုပ်ကို ကူညီ တယ်။ ကိုယ်လည်း သူ့အလုပ်ကိုကူညီ တယ်။ သျှား ကျတော့ မော်ဒယ်ဘက် ကနေ လာတဲ့အတွက် ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင် သျှားကသူ့ကို sharing လုပ်ပေးတယ်”လို့ ပြောပါတယ်။
ချစ်သူသက်တမ်း ၁နှစ်နဲ့ ၅ လ ရှိနေပြီဖြစ်ပေမယ့် လက် ထပ်ဖို့ အဝေးကြီးလိုသေး ကြောင်း သျှားထွဋ်အိန္ဒြာ က ပြောပါတယ်။
“သျှားလည်း မ ပြည့်စုံသေးဘူး။ သူ လည်း အများကြီး ကြိုးစားရ ဦးမယ်။ ရှေ့ဆက်ပြီး နှစ် ယောက်လုံး အ လုပ်တွေ ကြိုးစား ရ ဦးမှာဖြစ် တဲ့ အတွက် လက်ထပ် ဖို့က အများ ကြီးလိုပါ သေးတယ်” လို့ ပြောပါတယ်။
တွယ်တာ