နှစ်စမှာ အချစ်တွေအပြည့်နဲ့ မင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့သူ တွေကတော့ သရုပ်ဆောင်ပိုင်ဖြိုးသု နဲ့ ဒါရိုက်တာ ဏကြီးပါ။ စေ့စပ်ပွဲကို ၂ဝ၁၈ ဇွန်လမှာ ပြုလုပ်ခဲ့ပြီး ၆ လ အကြာ ၂ဝ၁၉ ဇန်နဝါရီ ၁ ရက်နေ့ မှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်စမှာ မင်္ဂလာဦးအလှူ အဖြစ် ကိုယ်လူချောအဖွဲ့ ၈၂ ဦး၊ စက်မှုအခြေခံ သာရေးနာရေး အဖွဲ့ ဝင် ၁၈ဝ ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့ အတွက် ဆန်တစ်တင်းခွဲ၊ ဆီ ၃ ပိဿာစီ လှူဒါန်းပွဲကို ဇန်နဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
မင်္ဂလာဦးအလှူအဖြစ် လှူဒါန်း ဖြစ်တာနဲ့ပတ်သက်ပြီး ပိုင်ဖြိုးသုက …
”မင်္ဂလာဦးအလှူ အဖြစ် သုတို့ ရုပ်ရှင်လောကက ရုပ်ရှင်အဖွဲ့သား တွေ လိုအပ်တဲ့ ဆီတို့ ဆန်တို့ကို လှူ ဒါန်းဖြစ်တယ်။ သုတို့ မင်္ဂလာဆောင် ကို အရမ်းကြီးကြီးကျယ်ကျယ်ကြီး လည်းမလုပ်ချင်ဘူး။ သုရော သူရော က မင်္ဂလာဝတ်စုံကြီးတွေနဲ့ ခမ်းခမ်း နား နားမနေတတ်ဘူး။ မနက်မင်္ဂလာ ဦးအလှူရယ်။ ညနေပိုင်း Dinner ပွဲ ရယ် နှစ်ပွဲပဲ သုတို့ လုပ်ဖြစ်တယ်”လို့ ပိုင်ဖြိုးသုက ပြောပြခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူကိုဏကြီးကို အိမ် ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုက …
”အဓိကကတော့ သူ့စိတ်ထား လေးပါပဲ။ သူက စိတ်ကောင်းအရမ်း ရှိတယ်။ သုအပေါ်လည်း အရမ်း နားလည်ပေးနိုင်တယ်။ သုက နည်း နည်းဂေါက်တောက်တောက် ကြောင် တောင်တောင်ဆိုတော့ အဲဒါတွေ အ ကုန်လုံးကိုလည်း သူက ခွင့်လွှတ်ပေး နိုင်တယ်။ သုထက်လည်း တည်ငြိမ် တယ်။ ရင့်ကျက်တယ်။ လူကြီးဆန် တယ်။ အဲဒါတွေကြောင့်ပါ”လို့ ပြော ပြခဲ့ပါတယ်။
ဟန်းနီးမွန်းခရီးစဉ်နဲ့ပတ်သက် ပြီးတော့လည်း…
” ဟန်းနီးမွန်းခရီးစဉ် ကတော့ မစဉ်းစားရသေးဘူး။ မင်္ဂ လာဆောင်ပြီးတာနဲ့ ကားရိုက်က ပြန်ဝင်ရမှာဆိုတော့ ကားရိုက်ပြီးမှပဲ သွားဖို့ စဉ်းစားဖြစ်မယ်”လို့ ပိုင် ဖြိုးသုက ပြောပြခဲ့ပါသေးတယ်။
ချစ်စရာသတို့သမီးလေးကို ပိုင်ဆိုင်ထားတာကြောင့် မျက်နှာမှာ အပြုံးပန်းတွေ ပွင့်လန်းကာ ပျော်ရွှင်နေတဲ့ သတို့သားဖြစ်သူ ဒါရိုက်တာ ဏကြီးကလည်း ချစ်သူဆီက အဖြေ ရတဲ့နေ့မှာ လက်ထပ်ခဲ့တာနဲ့ပတ် သက်ပြီး ”မင်္ဂလာဆောင်တဲ့ ဇန်နဝါ ရီလ တစ်ရက်နေ့က ကျွန်တော် သု ဆီက အဖြေရတဲ့နေ့ ကျွန်တော်တို့ ချစ်သူသက်တမ်းငါးနှစ်အကြာမှာ လက်ထပ်တာ။ အခုကျွန်တော်တို့ နှစ်ယောက်ရဲ့ အနာဂတ်အတွက်ကို ကျွန်တော်ရင်ခုန်နေတယ်။ ကျွန် တော်တို့ နှစ်ယောက်အတူတူလုပ် မယ့်အလုပ်တွေအတွက် အတူတူရှေ့ ဆက်ရမယ့် ဘဝတွေအတွက် ကျွန် တော်စိတ်လှုပ်ရှားနေတယ်။ ရှေ့ ဆက်ပြီးတော့လည်း နှစ်ယောက် အတူတူ အနုပညာအလုပ်တွေကို ပို ကောင်းအောင်လုပ်သွားမယ်”လို့ ပြောပြခဲ့ပါသေးတယ်။
မင်္ဂလာဧည့်ခံပွဲကို ညနေပိုင်းမှာ Dinner တွင် ဧည့်ပရိ သတ်များ၊ အနုပညာရှင် မောင်နှမ များနဲ့ စည်စည်ကားကားကျင်းပပြု လုပ်ခဲ့ကြပါသေးတယ်။
ဓာတ်ပုံ-အောင်ဇော်မင်း