Tuesday, April 7, 2026

ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ အစည်းဝေးတွင် နိုင်ငံတော်သမ္မအဖြစ်...

ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ရေသန့်ဘူးများကိုလည်း ထိုင်းအစိုးရ ထည့်သွင်း

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်ဖိအားများကြောင့် မလိုလားအပ်သော ဈေးနှုန်းမြင့်တက်မှုများမဖြစ်စေရန်အတွက် ပလပ်စတစ်အလုံးများနှင့်အတူ ရေသန့်ဘူးနှင့် အရသာမှုန့်တို့ကိုလည်း ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထိုင်းအစိုးရက ထည့်သွင်းခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန်လက်မှတ်ရေးထိုးပြီး...

စက်သုံးဆီဖြန့်ဖြူးမှုတည်ငြိမ်လာပြီး သုံးစွဲမှုလျှော့ချနိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာလာ

လက်ရှိတွင် စက်သုံးဆီလုံလောက်မှုအနေဖြင့် ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘော...

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပထမဆုံးလာရောက်တွေ့ဆုံသည့်...

"အဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ကိုယုံကြည်ဟု ပြောကြားခဲ့ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms....
HomeCelebrities' Newsချစ်သူများနေ့ အိချောပို ဘယ်မှာရှိနေမလဲ

ချစ်သူများနေ့ အိချောပို ဘယ်မှာရှိနေမလဲ

ZAW_7519အိချောပိုက ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ဟန်းနီးမွန်း ဟာသရုပ်ရှင် ဇာတ်ကားကြီး မှာ ကျော်ရဲအောင်၊ မြင့်မြတ် ၊ ကျော်ကျော်ဗို၊ ရွှေမှုန်ရတီ တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ အိမ်မွေးကြောင်လေး “ဂျိုလီ” ကို တအားချစ် တဲ့ ကြောင်မေမေ “ရူပါခင်” အဖြစ် အိချောပိုကို တွေ့မြင်ရ မှာဖြစ်ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေ နဲ့ ပတ်သက်လို့ အိချောပိုက..

“ဒီဇာတ်ကားက အိချောအတွက် အမှတ်တရ တွေရော၊ ပျော်စရာတွေရော အများကြီးပါ။ တစ်ကားလုံး အသွားရော၊ အပြန်ရော ကားပေါ် မှာပဲ ရိုက်ကူးသွား တယ်။ အိချောတို့ မနက်စောစော ကြီးတွေ ထပြီး မိတ်ကပ် တွေပြင်၊ ကားပေါ် တက်၊ ဇာတ်ကား ရိုက်ရင်း သွားကြ တယ်။ ခရီးသွား ဇာတ်ကားလေးလည်း ဖြစ်တယ်။ ကြောင်လေးလည်း ချီပြီး ရိုက်ကူးရတဲ့ အတွက် ဂါဝန်လေးတွေ၊ ပန်းလေးတွေ စီစဉ်ပြီး ဝတ်ခဲ့တယ်။  ဇာတ်ကား မရိုက်ကူးခင်လည်း ကြောင် လေးနဲ့ တည့်အောင် ပေါင်းထားရတာပေါ့” လို့ ပြောပါတယ်။ အိချောပိုက “ဖွေးစိန်မ ရဲ့ ဘော်ဒီဂတ်” ရုပ်ရှင်မှာ ပါဝင်ရတဲ့ ကာရိုက်တာနဲ့ လိုက်ဖက် အောင် ဆံပင်ညှပ် လိုက်တယ်လို့ သိရပါတယ်။ တစ်ကားလုံးကို အဝတ် အစားတစ်စုံနဲ့ပဲ ရိုက်ကူးခဲ့ရတယ်လို့ဆိုတဲ့ အိချောပိုက..

“အိချောက ဒီဇာတ်ကားမှာ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကောင်မလေး တစ်ယောက် နေရာကပါ။ အိမ်ဖော် အလုပ်လုပ် တဲ့ ကောင် မလေး ၊ ပြေးရလွှားရတဲ့ အက်ရှင် ပုံစံလေးတွေလည်း ပါတော့ အိချောလည်း ကာရိုက်တာက ဆံပင်တို နဲ့ ပိုလိုက်ဖက်မယ် ထင်တယ်။ ဒါကြောင့် ဆံပင်ညှပ် လိုက်တာပါ။ ဒီဇာတ်ကား အတွက်လည်း မြဝတီမှာ ရိုက်ကူးဖို့ လက်ကျန်လေးတွေ ရှိပါသေးတယ်” လို့ အိချောပို က ပြောပြပါတယ်။ အိချောပိုက ဘားအံမှာလည်း “ကံကြမ္မာ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို သွားရောက် ရိုက်ကူး မှာဖြစ်ပါ တယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများ နေ့မှာလည်း ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးရင်းနဲ့ပဲ ဖြတ်သန်း သွားမယ် လို့ အိချောပိုက ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071