Monday, July 27, 2026

မိုးသည်းထန်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်တွင် တောင်ကမ်းပါးမြေပြိုကျ၊မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၂၇မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆...

စားသုံးသူရေးရာဦးစီးဌာန၊ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန်...

နေပြည်တော်၊ ဇူလိုင် ၂၇ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးအတွက်...

မြန်မာ့ငြိမ်းချမ်းရေး တိုးတက်စေရန် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုကို...

ဖနွမ်းပင်၊ ဇူလိုင် ၂၆ မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus -...

အစ္စရေးမူဝါဒနှင့်ပတ်သက်၍ မလေးရှားသံအမတ်ကို အမေရိကန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်

ကွာလာလမ်ပူ၊ ဇူလိုင် ၂၅ မလေးရှားနိုင်ငံ၏ အစ္စရေးဆိုင်ရာ ရေရှည်ရပ်တည်လာသည့် မူဝါဒနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မလေးရှားသံအမတ်ကြီးကို အမေရိကန်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် ဘနားမား (Bernama)...
HomeMovies​ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့်...

​ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေ ဒုတိယမြောက် ညအဖြစ် ထပ်ရပ်နားထား

​စစ်ပွဲကြီးတစ်ခုလုံး ပြန်ဖြစ်မလာစေဖို့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာပဲ၊ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တွေက ဒေါ်နယ်တရမ့်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အကြံပေးခဲ့ကြတဲ့အတွက် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေကို ဒုတိယမြောက် ညအဖြစ် ထပ်ပြီး ရပ်နားထားပါတယ်။

တရမ့် အစိုးရအဖွဲ့ထဲက အရာရှိကြီးတွေကလည်း ဒေသတွင်းမှာ ရေရှည်စစ်ဆင်ရေးလုပ်ဖို့ အဟန့်အတားဖြစ်စေနိုင်တဲ့ ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာနေတဲ့အကြောင်း သမ္မတကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

သောကြာနေ့က အိမ်ဖြူတော် အိုဗယ်လ်(Oval) ရုံးခန်း အစည်းအဝေးမှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် နဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန်ကိန်း တို့က အီရန်ကို စစ်ရေးအရ ထပ်မံတိုက်ခိုက်မယ်ဆိုရင် ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို တရမ့်ကို သတိပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ သမ္မတက စစ်တပ်ကို တိုက်ခိုက်မှုအသစ်တွေ ရပ်ထားဖို့ အမိန့်ပေးခဲ့တာပါ။ အစောပိုင်းတုန်းကတော့ သူတို့(အီရန်)ဆီမှာ ရှိတာမှန်သမျှကို “အကုန်ဖျက်ဆီးပစ်နိုင်တယ်” လို့ တရမ့်က သတိပေးခဲ့ဖူးပါတယ်။

​တနင်္ဂနွေနေ့မှာတော့ အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန် မဟာမိတ်တွေကို “လက်စားချေ” တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားမယ်လို့ ပြောလာပါတယ်။ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အက်ခရာမီနီယာက “အမေရိကန်တွေက လွန်ခဲ့တဲ့ နှစ်ညအထိ ဆက်တိုက်ခိုက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ညမှာတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်လိုက်ပါပြီ၊ ကျနော်တို့ရဲ့ မဟာဗျူဟာကလည်း အဓိကအားဖြင့် လက်စားချေဖို့သက်သက်ပဲဖြစ်လို့ ကျနော်တို့ဘက်ကလည်း လက်စားချေ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားလိုက်ပါပြီ” လို့ ပြောပါတယ်။

​တနင်္ဂနွေနေ့က Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေသတွင်း အမေရိကန်စစ်တပ်ရဲ့ ထိပ်ပိုင်းတပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒလေ ကူးပါးက အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အထိရောက်ဆုံးဖြစ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ရောက်သွားပြီလို့ တရမ့်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

​ဒီလိုတင်ပြချက်ကပဲ သီတင်းနှစ်ပတ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်ကို တိုက်ခိုက်နေတာတွေ ရပ်ထားဖို့ တရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိခဲ့တာပါ။ အမေရိကန်အနေနဲ့ အီရန်မှာ တိုက်ခိုက်ဖို့ သတ်မှတ်ထားတဲ့ ပစ်မှတ်စာရင်းတွေ ကုန်သလောက်ဖြစ်နေပြီဖြစ်လို့ အကြီးစား စစ်ဆင်ရေးကြီးတွေ ထပ်မလုပ်ဘဲနဲ့ ဗုံးဆက်ကြဲနေတာက သိပ်အဓိပ္ပာယ်မရှိဘူးလို့ ကူးပါးက တရမ့်ကို ပြောခဲ့ကြောင်း အဲဒီသတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

​တနင်္ဂနွေနေ့က NBC ရဲ့ Meet the Press အစီအစဉ်မှာ အီရန်ကို ထပ်တိုက်ဖို့ မရှိတော့ဘူးလားလို့ မေးမြန်းရာမှာတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ် က “အဲဒီလောက်ကြီးအထိတော့ ကျနော် မပြောလိုပါဘူး။ သမ္မတကြီးကတော့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်း အားလုံးကို ချန်ထားဆဲပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။

​သောကြာနေ့ညနေပိုင်းက စတင်ခဲ့တဲ့ ဒီတိုက်ပွဲတွေ ရပ်တန့်သွားမှုဟာ သီတင်းနှစ်ပတ်နီးပါးကြာ အီရန်ကို တိုက်ခိုက်မှုတွေနဲ့ တရမ့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက်မှာ ပေါ်ပေါက်လာတာပါ။ အမေရိကန်ကတော့ ဒေသတွင်းက အမေရိကန်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေကို တိုက်ခိုက်တာ၊ ပြီးတော့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့တာတွေဟာ အီရန်ကြောင့်လို့ အပြစ်တင်ထားပါတယ်။

​ဒီ အရေးပါတဲ့ ရေကြောင်းလမ်းကို ပြန်ဖွင့်ဖို့အတွက် အီရန်နဲ့ အိုမန်က ထိပ်တန်းသံတမန်တွေ တနင်္ဂနွေနေ့မှာ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။ တီဟီရန်က အရာရှိတစ်ဦးကလည်း စစ်ပွဲပြန်မဖြစ်အောင် အမေရိကန် ညှိနှိုင်းရေးမှူးတွေနဲ့ သူတို့အဖွဲ့တွေ အဆက်အသွယ်ရှိနေတယ်လို့ အတည်ပြုပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအပေါ် ထိန်းချုပ်ခွင့်နဲ့ ငွေကြေးပေးဆောင်မှုတွေကို တောင်းဆိုထားပါတယ်။

​အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါယီ က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ “တင်းမာမှုတွေ ထပ်မကြီးထွားလာအောင် ကြားဝင်စေ့စပ်ပေးသူတွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်” လို့ ပြောပါတယ်။

​ဒါပေမဲ့ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အမေရိကန်မှာ တိကျပြတ်သားတဲ့ မဟာဗျူဟာမရှိဘူးလို့ ပြောဆိုပြီး အမေရိကန်ဟာ “မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချရတာတွေကို ပင်ပန်းနွမ်းနယ်လာနေပြီ” လို့ ပြောဆိုကာ အလျော့မပေးတဲ့သဘောကို ပြသခဲ့ပါတယ်။

​သောကြာနေ့မှာ တရမ့်က သတင်းထောက်တွေကို “ကျနော်တို့ အခု သူတို့ (အီရန်) နဲ့ စကားပြောနေပါတယ်။ နေ့ရက်တွေ ကြာလာတာနဲ့အမျှ သူတို့ဘက်က ပိုပြီး အလေးအနက်ထားလာတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဘက်ကတော့ လက်နက်အပြည့်အစုံနဲ့ တိုက်ဖို့ အဆင်သင့်ရှိနေပေမယ့် သူတို့နဲ့ စကားပြောနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

​အဲဒီနေ့ညက ကျင်းပတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာတော့ အီရန်ဘက်က သဘောတူညီချက်တစ်ခုရယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သူ မထင်ကြောင်း၊ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ နားထောင်ပေးဖို့ အဆင်သင့်ရှိကြောင်း တရမ့်က ပြောကြားသွားခဲ့ပါသေးတယ်။

ငါးလနီးပါးကြာနေပြီဖြစ်တဲ့ ဒီပဋိပက္ခမှာ တရမ့်က သံတမန်ရေးနဲ့ စစ်ရေး ရွေးချယ်စရာတွေကို ချိန်ဆနေတယ်လို့ သိရပါတယ်။ အင်္ဂါနေ့မှာလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အိမ်ဖြူတော်ကို လာဖို့ရှိနေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ အီရန်ခေါင်းဆောင်တွေနဲ့ အမေရိကန်တို့ ဆွေးနွေးနေတာကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦးဖြစ်ပြီး၊ အီရန်ကို ဆက်တိုက်ခိုက်ဖို့ အမေရိကန်ကို ဖိအားပေးနေသူလည်း ဖြစ်ပါတယ်။

နေတန်ယာဟု ကိုယ်တိုင်ကလည်း လာမယ့် အောက်တိုဘာလ ရွေးကောက်ပွဲမတိုင်ခင်မှာ သူဦးဆောင်နေတဲ့ အီရန်နဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေအပေါ် စစ်ရေးလှုပ်ရှားမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်လာတယ်ဆိုတာကို ပြသဖို့ နိုင်ငံရေးအရ ဖိအားတွေ အတော်လေး ရင်ဆိုင်နေရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်တွင် တောင်ကမ်းပါးမြေပြိုကျ၊မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၂၇မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က တောင်ကမ်းပါးမှ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပညာသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ လမ်းပိတ်ဆို့နေသည့် မြေသားများကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု သတင်းထုတ်ပြန်ထားခြင်းမရှိဘဲ မိုးရာသီကာလအတွင်း တောင်စောင်းနှင့် နီးစပ်သည့်နေရာများတွင်...

စားသုံးသူရေးရာဦးစီးဌာန၊ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူ

နေပြည်တော်၊ ဇူလိုင် ၂၇ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ ဓာတ်ခွဲခန်းများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပြီး ပို့ကုန် လယ်ယာထွက်ကုန်များနှင့် စားသုံးဆီများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။ ဌာနအနေဖြင့် ဓာတ်ခွဲခန်းများ၏နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ရရှိရေး၊ 17025 လက်မှတ်ရရှိရေး၊ ပို့ကုန်၊ သွင်းကုန်များ၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပိုမိုထိရောက်စေရေးနှင့်...

မြန်မာ့ငြိမ်းချမ်းရေး တိုးတက်စေရန် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုကို ကမ္ဘောဒီးယား ထောက်ခံ

ဖနွမ်းပင်၊ ဇူလိုင် ၂၆ မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus - 5PC) ကို အဓိကမူဘောင်အဖြစ် ဆက်လက်အသုံးပြုရန်နှင့် မြန်မာနိုင်ငံနှင့် စေတနာရှေ့ထားသည့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ထပ်မံထောက်ခံပြောကြားခဲ့သည်။ ယင်းရပ်တည်ချက်ကို ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ် ဆိုခွန်က ဇူလိုင် ၂၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် 5PC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071