Friday, May 1, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeArticlesခေရဖို ခေရမ

ခေရဖို ခေရမ

နာမကျန်းဖြစ်စဉ် နှစ်လ လောက် အတွင်းမှာ ကျွန်တော်ဟာ နေ့နေ့ည ည ငှက်ကလေးတွေနဲ့ပဲ နေထိုင်ခဲ့ တယ်။

ဒါကလည်း ကျွန်တော့်အိမ်ရှေ့ က၊ ကျွန်တော်စိုက်ပျိုးခဲ့တဲ့ ‘ခရေဖို- ခရေမ’ အပင်လေးနှစ်ပင်နဲ့ ပတ် သက်နေပါတယ်။ ဒီလိုရှိတယ်။ ကျွန် တော့်အိမ်ရှေ့မှာ ခရေပင်ပုလေး နှစ် ပင်ရှိပါတယ်။ အဲဒီနှစ်ပင်က ခရေ မောင်နှံလို့ ပြောရမယ်ထင်ပါတယ်။ တစ်ပင်က ခရေအဖိုဖြစ်ပြီး တစ်ပင် က ခရေအမလို့ ပြောရမယ်ထင် တယ်။ ခရေအမက မသဘာဝအတိုင်း ခရေပန်းလှလှသေးသေးမွှေးမွှေး လေးတွေ ပွင့်သလောက် ခရေဖိုက တော့ ခရေပန်းမပွင့်။ ကျွန်တော်အံ သြလို့ မဆုံးဘူး။ ခရေဖိုက ‘ခရေသီး’ သီးတယ်။ ခရေသီးဆိုတာ ကျွန် တော်မကြားဖူးဘူး။ ခရေသီးက မရမ်းသီးနဲ့တူပြီး ပြွတ်သိပ်နေအောင် သီးတာ။ ရုက္ခဗေဒအခေါ် ဘယ်လို ရှိတယ် ကျွန်တော် မသိပါဘူး။ ကဗျာ ဆရာသိစရာမလိုဘူးလို့လည်း ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန် တော့်ခရေပင်မှာ နာမည်ရှိတယ်။ ‘ခ ရေဖို’တဲ့။ ကျွန်တော် ခရေဖိုလေးက ‘ပန်းပွင့်ရတဲ့ ဒုက္ခ’ကင်းတယ်။ ပန်း မပွင့်တော့ ကောင်မလေးတွေ မျက် စောင်းမထိုးကြတော့ဘူး။ အဲကလေး တွေပဲ။ ဒီကောင်လေးတွေက စားလို့ မရ သောက်လို့မရဘဲ ခရေသီးကို၊ လူအလစ် လာဆွတ်ကြတာ။ အဲဒါ ကျွန်တော် မကြိုက်ဘူး။ တကယ်ဆို ငှက်ကလေး ဆိတ်ကြပါစေလား။ သစ်သီးငှက်ဆိတ်တော့ သစ်ပင် လည်း ကုသိုလ်ရတာပေါ့။

အဲ ..ကျွန်တော်ပြောချင်တဲ့ ငှက်ကလေးတွေအကြောင်း ရောက် လာပြီ။ ကျွန်တော်ငှက်ကလေးတွေ နဲ့ ပဋ္ဌာန်းဆက်ရှိတယ်။ ကျွန်တော် ငယ်စဉ်က ငှက်ရုပ်ကလေးတွေနဲ့ပဲ ကစားတယ်။ ကျွန်တော့်မှာ ကစား ဖော်မရှိဘူး။ ငှက်ရုပ်လိုလုပ်လား လုပ်ရတယ်။ ကျွန်တော်ငှက်နဲ့ တွဲ ကစားခဲ့တာကတော့ သလဲပင်နှစ် ပင်ဖြစ်ပါတယ်။ သလဲက အခုခရေလို ခရေဖို ခရေမမဟုတ်ဘူး။ သလဲချဉ်နဲ့ သလဲချိုပင်ပါ။ ကျွန်တော်မှာ ငယ်ငယ်တည်းက သစ်ပင်နှစ်ပင်နဲ့ ငှက်နည်းနည်း ပိုင်ခဲ့သူပါ။ ခု ခရေ နှစ်ပင်ပိုင်သလိုမျိုး။ တစ်ခုတော့ရှိ တယ်။ ခရေဖိုခရေမက အထီးအမ ခွဲလို့ ရပေမယ့် နှစ်ပင်လိမ်လျက်နေ တဲ့ သလဲနှစ်ပင်ကတော့၊ ဘယ်အခက် အချို၊ ဘယ်အခက်အချဉ်မြင်ရုံနဲ့ မသိနိုင်ပါဘူး။ စားကြည့်မှ ချိုမှန်း ချဉ်မှန်းသိရတယ်။ ကျွန်တော့်ကို အမြဲမေးခွန်းထုတ်တဲ့ အပင်လေးတွေ ကို စသိခါစကတော့ လိမ့်ဆူရွှေ ပင်ကို သတိရသလို၊ အခုလို ကျွန်တော်နေမကောင်းတဲ့ အခါ သလဲချိုချဉ်ကို သတိရလှတယ်။ ဒီတော့ ကစားခဲ့တဲ့ ငှက်ကလေးတွေ ကို သတိရတဲ့ အထဲပါတာပေါ့။ ငှက် ကလေးတွေက လိမ္မာတယ်ဗျာ။ ကျွန် တော့်စကားဆို တစ်သွေမတိမ်း နား ထောင်ကြတာ။ ကျွန်တော်က ဒီကိုင်း နားဆိုနား ဟိုကိုင်းနားဆို နားပဲ။ သူတို့သဘောနဲ့ သူတို့ ဘယ်တော့မှ နေရာမရွှေ့ကြဘူး။ ကျွန်တော်ထား တဲ့ သစ်ကိုင်းမှာပဲ သူတို့တစ်သက် အခြေချကြတယ်။ အဲ …လေတိုက် လို့ ပြုတ်ကျရင်တော့ ပြန်တင်ပေး ရတယ်။ မိုးမိလို့ ငှက်ပျက်ရင်(စက္ကူကို) အသစ် ပြန်ချိုးရတယ်။ ဒါတော့ရှိ တယ်။ သူတို့ဟာ စက္ကူငှက်ကလေး တွေ ဆိုပေမယ့်ကျွန်တော့်အတွက် အသက်ပါတယ်။

ပြောရဦးမယ်။ ကျွန်တော်သူ ငယ်ချင်းက စက္ကူငှက်ဖြစ်သလို၊ အသက်ပါတဲ့ ငှက်အစစ်သူငယ်ချင်း လည်း ကျွန်တော့်မှာရှိတယ်။ သူငယ် ချင်းအသစ်တွေပေါ့။ အဲဒီသူငယ်ချင်း အသစ်တွေကိုတော့ အခုလို နေမ ကောင်းစဉ်မှာရတာ။ ဒီတော့ ညဆို ငှက်ကလေးနှစ်ကောင်နဲ့အတူ အိပ် တယ်။ သူတို့နှစ်ယောက်ကလည်း နေ့စဉ်မပျက်မကွက် ကျွန်တော်အ ခန်းမှာ လာအိပ်ကြတယ်။ ကျွန်တော် အိပ်ခန်းလေးအား သူတို့အိပ်ခန်း တက်စရာ သစ်ကိုင်းလေးလား၊ အသိုက်ကလေးလား။ တစ်ခုခုအ တွက် သုံးကြတာဖြစ်တယ်။ ဘာအ တွက်သုံးသုံး ကျွန်တော်ကျေနပ် တယ်။ ကျွန်တော်သူတို့ဆီက အိမ် လခမယူဘူး။ စပေါ်မတင်ခိုင်းဘူး။ ဒါတောင် သူတို့က စည်းကမ်းမဲ့ ချေးပါချတယ်။ ငါက လူပဲလေ။ သူတို့က ငှက်ဆိုတော့ ကျွန်တော်ပဲ သည်းခံရတယ်။

အဲ ငှက်ကလေးနှစ်ကောင်က အချိန်မှန်ထတယ်။ အချိန်မှန်လာ တယ်။ အိပ်ယာကို ကျွန်တော်ထက် စောပြီး အိပ်ယာဝင်တယ်။ အသံမ ပေးဘူး။ မနက် ၅ နာရီဆို ငှက်က လေးတွေ ပုံမှန်နိုးတယ်။ အဲဒီအချိန် မျိုးဆို ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရတော့ဘူး။ ဒီကောင်တွေ ကျွန်တော့်ကို ‘နိုး’တော့တာပဲ။ ကျွီ …ကျွီနဲ့၊ အခန်းထဲမှာ ဟိုမှဒီမှ တဝီးဝီးနဲ့။

အဲအခန်းတံခါးထပွင့်ပေးလိုက် တာနဲ့ ငှက်ဖိုငှက်မှာ ခရေဖို ခရေမ ဆီရောက်သွားတော့တာပဲ။ ငှက်နှစ် ကောင်အနက်မှ ငှက်မကလေးထက် ငှက်ဖိုလေးက ဆိုးတယ်။ ခရေနှစ်ပင် ပေါ်လှည့်ပြီး သောင်းကျန်းကြတော့ တာပဲ။

ကျွန်တော်ဖြစ်စေချင်တာက ငှက်ဖိုလေးက ခရေမပင်က ပန်းလေး ခူးပြီး ငှက်မလေး ပန်ပေးမလား အောက်မေ့တယ်။ အဲလိုမလုပ်ကြဘူး။ နှစ်ယောက်လုံး ခရေဖိုပေါ်က ခရေ သီးတွေ ဆိတ်လိုက်ကြတာ။

ခရေသီးတွေ တဖြုတ်ဖြုတ်ကြွေ လို့။

စောဘရန်ငြိမ်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071