Wednesday, May 20, 2026

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့စေရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဇွန်လတွင်...

လာမည့်ခရီးသွားရာသီတွင် ပြည်ပနိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံ၏ အလှအပနှင့် ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန်လ ဒုတိယပတ်အတွင်း...

တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် နွေသီးနှံ ဧက...

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးပြီးဖြစ်သည့် နွေစပါး (၈,၄၈၈) ဧကနှင့် နွေအခြားသီးနှံ (၁,၂၂၈) ဧက၊ စုစုပေါင်း...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ကျင်းပမည့် လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မေ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက...

မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ လာမည့် နှစ်ရက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မုတ်သုံလေ ဝင်ရောက်လာမည့်အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင်...
HomeNewsLocal Newsခေတ်နှင့်လျော်ညီသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေသစ် ရေးဆွဲနေ

ခေတ်နှင့်လျော်ညီသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေသစ် ရေးဆွဲနေ

ပင်လယ်ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

“တည်ဆဲ ငါးလုပ်ငန်းဆိုင်ရာဥပဒေများသည် ပြောင်းလဲလာသော အခြေအနေများနှင့် ခေတ်ကာလအရ လျော်ညီမှုမရှိတော့ခြင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်နှင့် ကွာဟလာခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လိုက်လျောညီထွေမှု အားနည်းလာခြင်းတို့ကြောင့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း” စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ပြောကြားခဲ့သည်။

ယင်းပြောကြားချက်ကို ယမန်နေ့က ကျင်းပသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသော ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုများအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဥပဒေ(မူကြမ်း)များသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် ယခင်လွှတ်တော်တွင် ပြဋ္ဌာန်းရန်ကျန်ရှိနေသည့် ဥပဒေများအနက် အရေးကြီးပြီး သင့်တင့်သည့် ဥပဒေများကို လာမည့်လွှတ်တော်တွင် တင်ပြနိုင်ရေးအတွက် ဝန်ကြီးဌာနများက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို လက်ရှိကာလအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်ညှိနှိုင်းပြီးနောက် ဥပဒေပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့စေရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဇွန်လတွင် ကျင်းပမည်

လာမည့်ခရီးသွားရာသီတွင် ပြည်ပနိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံ၏ အလှအပနှင့် ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန်လ ဒုတိယပတ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါပြပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်း ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းသွားခြင်းအား ပြန်လည်မြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာဝအလှတရားများ၊ အပန်းဖြေကမ်းခြေများ၊ ရိုးရာအစားအစာများ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များကို နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊...

တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် နွေသီးနှံ ဧက ၉,၇၀၀ ကျော်အတွက် ဆင်သေရေလွှဲဆည်မှ စိုက်ပျိုးရေ ဆက်လက်ပေးဝေနေ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးပြီးဖြစ်သည့် နွေစပါး (၈,၄၈၈) ဧကနှင့် နွေအခြားသီးနှံ (၁,၂၂၈) ဧက၊ စုစုပေါင်း ဧက ၉,၇၀၀ ကျော်အတွက် အောင်ရေလုံလောက်စွာ ရရှိစေရန် စိုက်ပျိုးရေများကို ဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေများနှင့် ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မေလ ၁၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဆည်အသစ်တည်ဆောက်ရေး လမ်းညွှန်ချက် ဒုတိယဝန်ကြီးက ဆည်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လမ်းညွှန်မှာကြားရာတွင်...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ကျင်းပမည့် လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မေ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဥ်အမြဲအားပေးထောက်ခံခဲ့ကာ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက်ကူညီထောက်ပံ့ပေးခဲ့သည်များကို ကျေးဇူးတင်အသိအမှတ်ပြုသည်ဟု ပြော သည်။ ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှအ သိုက်အဝန်းတစ်ရပ်တည်ထောင်ရေးလုပ်ငန်းစဥ်များကိုထောက်ခံကာ တရုတ်-မြန်မာနှစ်နိုင်ငံလွှတ်တော်အ ချင်းချင်း ပိုမိုရင်းနှီးနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ လာမည့် လွှတ်တော်ကာလတွင် ယာယီကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လို အပ်ပါကလည်း ကော်မရှင်များနှင့် အဖွဲ့များဖွဲ့စည်းသွားမည်ဟု ပြောသည်။ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071