“ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာသို့ ထိုင်းနိုင်ငံသံအမတ်ကြီးမှ ကျပ်သိန်း၂၀ခန့် ပစ္စည်းများ လာရောက်လှူဒါန်းခဲ့”
သရုပ်ဆောင်ခိုင်နှင်းဝေ တည်ထောင်ထားတဲ့ ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာမှာရှိတဲ့ ကလေးတွေ အတွက် ထိုင်းနိုင်ငံ သံအမတ်ကြီးမှ တန်ဖိုးငွေ သိန်း၂၀ခန့်ရှိတဲ့ ပစ္စည်းများ လာရောက်လှူဒါန်းခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းကို သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ပဲရေးသားထားပါတယ်။
“ ထိုင်းနိုင်ငံ သံ အမတ်ကြီး Mrs. Suphatra Srimaitreephithak မှ ကလေးတွေ အတွက် မေတ္တာလက်ဆောင်များ (တန်ဘိုးငွေ ကျပ် သိန်း ၂၀ ခန့်) ကို လာရောက် လှူဒါန်းပေးပါတယ်ရှင်…လိုအပ်တာများ အတွက် ဆက်သွယ်ရန် ပြောပြီး အားပေးစကားများ ပြောကြား ပေးသွားတဲ့ အတွက်လဲ ကျေးဇူးအထူး တင်ရှိပါတယ်..ကလေးတွေကို ချစ်ပေးကြတဲ့ အတွက်လဲ ပီတိဖြစ်ရပါတယ် ရှင်..” လို့ရေး သားထားပါတယ်။
Photo-crd