Thursday, August 6, 2026

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ...

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ...

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...
HomeInternationalခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်--ထိုင်း

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅

ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။

ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေနိုင်သည့်ပြဿနာများကို အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြေရှင်းရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေး၌ ခရီးသွားများဘေးကင်းရေးနှင့် ခရီးသွားလာရေးဘေးကင်းမှုအစီအမံများ မြှင့်တင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ အလုံအလောက်ချထားရေးတို့ကိုလည်း ညွှန်ကြားခဲ့ကြောင်းသိရသည်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စိုးရိမ်စရာကိစ္စများလျော့ပါးစေရန်အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို ခေါ်ယူကာ အန္တရာယ်ရှိနိုင်သူများကို ကြိုတင်ကာကွယ်ပေးပြီး ကျူးလွန်သူများကိုလည်း ထိထိရောက်ရောက်အရေးယူရန် ညွှန်ကြားထားသည်ဟု ထိုင်းရဲတပ်ဖွဲ့၏အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ဆက်လက်၍ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတကာအေဂျင်စီများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်များတွင်လည်း အထူးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်သွားရန်ရည်မှန်းထားကြောင်းသိရသည်။

ထို့နောက် ခရီးသွားဧည့်သည်များဘေးကင်းရေးအတွက် နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်များအားပေါင်းစပ်ကာ အကာအကွယ်ပေးရေးစနစ်တစ်ခုတည်ဆောက်ရန်အတွက် ဧည့်သည်များဘေးအန္တရာယ်ကင်းရှင်းရေးစင်တာလည်း ထူထောင်ကြောင်းကြေငြာခဲ့သည်။

ယင်းနောက် ခရီးသွားများအနေဖြင့် အခက်အခဲရှိပါက ရဲတပ်ဖွဲ့ထံ မက်ဆေ့ချ်၊ဓါတ်ပုံနှင့် မိမိတို့၏တည်နေရာများကို တိကျစွာပေးပို့နိုင်မည့် မိုဘိုင်းလ်အပ်ပလီကေးရှင်းများကိုပါ ဒေါင်းလုဒ်ဆွဲထားရန်လည်းသတိပေးထားသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Green Room ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ အာဆီယံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ...

ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံအတွင်းရေဝင်ရောက်မှုကန်ရေပြည့်မှတ်အောက်လျော့ကျလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ခဲ့ရာ ယနေ့ သြဂုတ် ၆ ရက်နံနက် ၁၀ နာရီတိုင်းတာချက်အရ ရေအမှတ်(၄၁၉ ဒသမ ဝ)ပေသို့ပြန်လည်ရောက်ရှိခဲ့သဖြင့် ကန်ရေပြည့်မှတ်အောက်လျော့ကျလာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဆည်တော်ကြီးရေလှောင်တမံ၏ ရေထိန်းတံခါး(၇) ပေါက်မှ တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား (၂)ပေစီ၊ ရေတံခါးနံပါတ်(၁) နှင့် (၇)တို့အား (၁)ပေစီထုတ်လွှတ်ထားရသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071