Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeNewsLocal Newsခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန်

———————————————————————–

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။

အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။

နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။

အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။

သင်္ကြန်ကာလနီးရင် ပုံမှန်အချိန်တွေမှာတောင် အဲလိုကာလတွေဟာ ယာဉ်စီးခမြင့်တက်တာ၊ ကားလက်မှတ်ရဖို့ ခက်ခဲတာ၊ ရက်ကြိုကတည်းက ဝယ်ရတာတွေရှိပါတယ်။ ဒီနှစ် သင်္ကြန်ကာလနီးကပ်ချိန်မှာတော့ ခါတိုင်းနှစ်တွေထက် ယာဉ်စီးခဈေး အဆမတန်မြင့်တက်တာ ကြုံခဲ့ရပြီး ဒါကတော့ အရှေ့အလယ်ပိုင်းကပြဿနာတွေရဲ့ ဂယက်ကြောင့်ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့နိုင်ငံအများအပြားမှာ စက်သုံးဆီပြဿနာအခက်အခဲများ ကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့နိုင်ငံများနည်းတူ စက်သုံးဆီဂယက်ကို ရင်ဆိုင်ခဲ့ရပါတယ်။ စက်သုံးဆီပြဿနာဖြေရှင်းနေဆဲကာလမှာ ဒီဇယ်ဈေး၊ ဓာတ်ဆီဈေး အဆမတန်မြင့်တက်လာမှုကို အကြောင်းပြုပြီး အဝေးပြေးယာဉ်လိုင်းတွေမှာလည်း ယာဉ်စီးခတွေ နှစ်ဆ၊ သုံးဆလောက်အထိ မြင့်တက်လာခဲ့တာကို ကြုံတွေ့ခဲ့ရတာပါ။

ဒီလိုစက်သုံးဆီဈေး အဆမတန်မြင့်တက်ပြီးတဲ့နောက်မှာ အဝေးပြေးယာဉ်လိုင်းတွေ၊ လေယာဉ်ခတွေလည်း လိုက်ပါမြင့်တက်လာမှုကြောင့် ခရီးသွားတွေအတွက် အခက်ကြုံစေခဲ့ပေမဲ့လည်း မြန်မာ့မီးရထားကတော့ ရထားလက်မှတ်ခနှုန်းထားတွေကို ပုံမှန်အတိုင်းနဲ့ အချိန်မှန်မှန်ပြေးဆွဲပေးနေပါတယ်။

ရထားခနှင့် ကားခ နှိုင်းယှဉ်ကြည့်ခြင်း

———————————————————

ဥပမာအားဖြင့် ရန်ကုန်-ပြည်ခရီးစဉ်ကို အဝေးပြေးယာဉ်လိုင်းက Express ကားတွေနဲ့သွားမယ်ဆိုရင် လူတစ်ယောက်ကို ကားခ ယခင်က ကျပ် ၁၅၀၀၀၊ စက်သုံးဆီဈေးတက်လာပြီးနောက် ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပါတယ်။ သင်္ကြန်မတိုင်မီကာလ ခရီးသွားများတဲ့ကာလဆိုရင် ခါတိုင်းနှစ်တွေလည်း ဈေးတက်လေ့တက်ထရှိပါတယ်။ အခုနှစ်ကတော့ သုံးဆလောက်အထိကို ဈေးတက်သွားတာပါ။ ဒါပေမဲ့ သင်္ကြန်ကျော်ပြီးတော့ ကားခတွေ ၅၀၀၀၀ ကနေ ၃၀၀၀၀အထိ ဈေးပြန်ချပေးခဲ့ပြီး အခုမေလဆန်းထဲမှာ ရန်ကုန်-ပြည် ကားလက်မှတ်တစ်စောင်ကို ကျပ် ၃၀၀၀၀ ရှိနေပါတယ်။

ရထားအနေနဲ့ကတော့ ရန်ကုန်-ပြည်ခရီးစဉ်မှာ စာပို့ရထား၊ လူစီးအမြန်ရထားတွေနဲ့ ပြေးဆွဲနေတာဖြစ်ပါတယ်။ ရထားနဲ့သွားမယ်ဆိုရင် လူစီးအမြန်ရထားနဲ့သွားပါက လူတစ်ဦးကို ကျပ် ၁၅၀၀၀ပဲ ကျသင့်ပါတယ်၊ ရန်ကုန်ကနေ ပြည်အထိ မသွားဘဲ ကြို့ပင်ကောက်၊ ပေါင်းတည်စသဖြင့် ကြားထဲကမြို့တွေအထိပဲဆိုရင် ကျပ် ၁၀၀၀၀၊ ၁၂၀၀၀ စသဖြင့် အသီးသီးကျသင့်ပါတယ်။ ရထားလက်မှတ်ဈေး တစ်နည်းအားဖြင့် ရထားခက အရင်လည်း ဒီဈေး၊ အခုလည်း ဒီဈေးပါပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် ကားခထက် ရထားခက အများကြီးသက်သာတာ တွေ့ရမှာဖြစ်ပါတယ်။

မေ ၁ ရက်က စတင်ပြေးဆွဲနေတဲ့ ရန်ကုန်-မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထား

—————————————————————————–

နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားတွေနဲ့ ၂၀၂၆ ခုနှစ် မေ ၁ ရက်က စတင်ပြေးဆွဲပေးပြီဖြစ်ပါတယ်။

အမှတ်(၅)အဆန်ရထားဟာ ရန်ကုန်ကနေ မန္တလေးကို မနက် ၆နာရီမှစတင်ထွက်ခွာပြီး ညနေ ၄ နာရီမှာ မန္တလေးမြို့ကို ဆိုက်ရောက်မှာဖြစ်ကာ စုစုပေါင်းကြာမြင့်ချိန်က ၁၀ နာရီဖြစ်ပါတယ်။ အမှတ်(၆)အစုန်ရထားကတော့ မန္တလေးကနေ မနက် ၆နာရီမှာစတင်ထွက်ခွာပြီး ညနေ ၄ နာရီ၊ ၁၀ မိနစ်မှာ ရန်ကုန်မြို့ကို ဆိုက်ရောက်မှာဖြစ်ကာ စုစုပေါင်းကြာမြင့်ချိန်က ၁၀ နာရီ ၁၀ မိနစ်ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တစ်လျှောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ပဲခူး၊ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊နေပြည်တော်၊ ရမည်းသင်း၊သာစည်၊ကျောက်ဆည်ဘူတာတို့ဖြစ်ပြီး လက်မှတ်ခနှုန်းထား များကတော့ လူတစ်ဦးလျှင် အထက်တန်းအတွက် ကျပ် ၄၈၀၀၀၊ ပထမတန်းအတွက် ကျပ် ၃၄၀၀၀ ဖြစ်ပါတယ်။

ရထားလမ်းအဆင်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်၍ ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲချိန် ၁၉ နာရီကြာရာမှ လက်ရှိအချိန်မှာ ၁၀ နာရီခန့်သာ ကြာမြင်တော့သည့်အထိ ခရီးစဥ်ကြာမြင့်မှုနှုန်း လျော့ကျလာခဲ့တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

မြန်မာ့မီးရထားအနေဖြင့် ယခုတိုးချဲ့ပြေးဆွဲပေးနေတဲ့ ရထားခရီးစဉ်များအပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲပေးနေတဲ့ အမှတ်(၁၁)အဆန်၊ (၁၂)အစုန် လူစီးအမြန်ရထားခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲပေးလျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်

——————————————————-

ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တစ်လျှောက် အမှတ်(၃၁)အဆန်/အမှတ်(၃၂)အစုန်လေအေးပေးစက်ပါ ခေတ်မီDEMUလူစီးအမြန်ရထားတွေ ပြေးဆွဲပေးနေပါတယ်။ အမှတ်(၃၁)အဆန်ရထားက ရန်ကုန်ကနေ နံနက် ၁၀ နာရီမှထွက်ပြီး ညနေ ၃ နာရီမှာ နေပြည်တော်ကို ဆိုက်ရောက်မှာဖြစ်ကာ စုစုပေါင်းကြာမြင့်ချိန် ၅ နာရီဖြစ်ပါတယ်။ အမှတ်(၃၂)အစုန်ရထားကတော့ နေပြည်တော်ကနေ နံနက် ၁၀ နာရီမှထွက်ပြီး ညနေ ၃ နာရီမှာ ရန်ကုန်ကို ဆိုက်ရောက်မှာဖြစ်ကာ စုစုပေါင်းကြာမြင့်ချိန် ၅ နာရီဖြစ်ပါတယ်။

ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တစ်လျှောက် အမှတ်(၇)အဆန်/အမှတ်(၈)အစုန်လေအေးပေးစက်ပါ ခေတ်မီDEMU လူစီးအမြန်ရထားလည်း ပြေးဆွဲပေးနေပါတယ်။ အမှတ်(၇)အဆန်ရထားက ရန်ကုန်ကနေ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်မှထွက်ပြီး ညနေ ၅ နာရီ ၃၀ မိနစ်မှာ နေပြည်တော်ကို ဆိုက်ရောက်မှာဖြစ်ကာ စုစုပေါင်းကြာမြင့်ချိန် ၅ နာရီဖြစ်ပါတယ်။ အမှတ်(၈)အစုန်ရထားကတော့ နေပြည်တော်ကနေ မွန်းတည့် ၁၂ နာရီ၃၀ မိနစ်မှထွက်ပြီး ညနေ ၅ နာရီ၊ ၃၀ မိနစ်မှာ ရန်ကုန်ကို ဆိုက်ရောက်မှာဖြစ်ကာ စုစုပေါင်းကြာမြင့်ချိန် ၅ နာရီဖြစ်ပါတယ်။

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင်ပြေးဆွဲမယ့် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် DEMU လူစီးအမြန်ရထားများနဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တွင် ပြေးဆွဲနေသော အမှတ်(၃၁)အဆန်/ အမှတ်(၃၂)အစုန်၊ အမှတ်(၇)အဆန်/အမှတ်(၈)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများရဲ့ ထိုင်ခုံလက်မှတ်တွေကို online Railways Ticketing and payment (ORTP) System ဖြင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများ အားလုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်း၌လည်း တံတား ပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရထားလမ်းများအပြင် ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့် တင်ခြင်းများ ကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က အစိုးရအဖွဲအနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမယ့်ကိစ္စရပ်များ ပြောကြားရာမှာ ထည့်သွင်းပြောကြားထားပါတယ်။

ရထားစီးနင်းမှုများပြားလာတာနဲ့အမျှ ရထားစီးခရီးသွားပြည်သူတွေ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေနဲ့ ရထားခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ဒီလိုကာလတွေမှာ ခရီးသွားပြည်သူတွေဟာ ယခင်ကထက် ရထားခရီးစဉ်တွေကို ပိုမိုရွေးချယ်လာကြတာဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071