Sunday, May 18, 2025

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...
HomeNewsLocal Newsခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်လာခြင်းနှင့် အတူမြို့...

ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်လာခြင်းနှင့် အတူမြို့ ကြီးများ နယ်စပ်ဒေသမြို့များစားသောက်ဆိုင်များတွင်တောရိုင်း တိရစ္ဆာန်များ၏ ဟင်းလျာများကို ပေါ်ပေါ်တင်တင်ရောင်းချလာ

ယနေ့ခေတ်ကာလတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် အတူမြို့ကြီးများ နယ်စပ်ဒေသမြို့များစားသောက်ဆိုင်များ၌တောရိုင်းတိရ စ္ဆာန်များ၏ ဟင်းလျာများကို ပေါ်ပေါ်တင်တင် ရောင်းချလာသည် ကို တွေ့ရ ကြောင်းစစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ပြောသည်။ ”တိုးရစ်တွေ လာရောက်တဲ့အခါ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေမှာ တောရိုင်းတိရစ္ဆာန်တွေရဲ့အစိတ်အပိုင်းတွေနဲ့ ပြုလုပ်တဲ့ပစ္စည်းတွေကို ပြုလုပ်ရောင်းချလာကြတာတွေ့ရတယ်။ မြန်မာလူမျိုး တွေဟာ အရင်ကတည်းက မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေမို့ သူတစ်ပါးအသက် သတ်တာ တောသားဟင်းလျာစားသောက်တာ ဆေးထဲထည့်ဖော်စပ်တာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ခဲ့ကြတယ်။ ဒါပေမဲ့ ခေတ်စနစ်တွေပြောင်းလာတာနဲ့ အမျှ မြန်မာနိုင်ငံထဲမှာတောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်သတ်ဖြတ်တာ တွေ ဖမ်းဆီးမွေးမြူတာတွေ အပြင်အကောင်လိုက်ဖမ်းပြီး နယ်စပ်ထွက် ပေါက် တွေက တစ်ဆင့်တစ်ဖက်အိမ်နီးချင်း နိုင်ငံတွေကို တရားမဝင်ကူးသန်းရောင်း ဝယ်ဖို့ပို့နေတာပိုများလာနေပါတယ်။ တိရစ္ဆာန်အစိတ်အပိုင်းတွေကို လည်း နည်းမျိုးစုံနဲ့ တရားမဝင်ပို့ဆောင်နေကြတာရှိပါတယ်”ဟု ဦးခင်မောင်ဝင်း က ပြောပါသည်။

မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ကတည်းက အမဲလိုက်ပစ်ခတ် ခြင်း တောသားဟင်းလျာရောင်းချခြင်း စားသောက်ခြင်းနှင့် အချို့ကိုအိမ်မွေး တိရစ္ဆာန် မွေးမြူခြင်းများရှိခဲ့သည်။ ပြည်ထောင်စုက ထုတ်ပြန်ထားသော တည်ဆဲဥပဒေဖြစ်သည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးသဘာဝနယ်မြေထိန်းသိမ်းရေး ဥပဒေကို၁၉၉၄ခုနှစ်က ထုတ်ပြန်ခဲ့ပြီး ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းကိုပါ ဥပဒေအရ ထုတ်ပြန် ထားခဲ့ကြောင်းသိရသည်။

”အမဲလိုက်တာနဲ့ ပတ်သက်လို့ အဲဒီဥပဒေရဲ့ အခန်း၅မှာ အမဲလိုက် ခွင့်ပြုခြင်း အမဲလိုက် လိုင်စင်လျှောက်ထားရယူခြင်းတွေပါဝင်ပါတယ်။စည်းမျဉ်းစည်းကမ်းများ အသေးစိတ်ကိုတော့ နည်းဥပဒေများ၂ဝဝ၂ခုနှစ် ထုတ်ပြန်ချိန်မှာ အသေးစိတ်ထည့်ထားတာတွေ့ရပါတယ်။ ဒါပေ့မဲ့ ဒီနေ့ အထိပြည်သူတွေ သိရှိနားလည်တာ လိုက်နာမှုမရှိတာ အားနည်းနေသေးတာကို တွေ့ရပါတယ်။တိရစ္ဆာန်ထွက်ပစ္စည်းတွေ အစိတ်အပိုင်းတွေ ကို အသုံးအဆောင် ပစ္စည်းတွေ ပြုလုပ်တာ အစားအသောက်နဲ့ ရှေးရိုးတိုင်းရင်းဆေးတွေမှာ အသုံး ပြုတာတွေကို ဒီနေ့အထိတွင်တွင်ကျယ်ကျယ်ဆောင်ရွက်နေတုန်းပါ” ဟု ဦးခင် မောင်ဝင်းက ထပ်ဆင့်ရှင်းပြသည်။

လှိုင်ဝင်းကို

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071