စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ရန်ကင်းတောင်ပေါ်ရှိ မြို့ညွှန့်ဗိမာန်တော်တွင် မေလ (၂) ရက်၊ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူတို့က မိတ်ဆက်စကားပြောကြားပြီး လွှတ်တော်တွင်ဆွေးနွေးခဲ့ကြသည်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက ဒေသအတွင်းလိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
တက်ရောက်လာကြသည့် ပြည်သူများက မိမိတို့၏ လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် လွှတ်တော်အသီးသီးတွင် ပြန်လည်တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
