Friday, May 8, 2026

မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းမြင့်တက်လာ ရန်ကုန်အထိုင်စျေးတစ်ပိဿာ(၇,၄၉၉)ကျပ်ဖြစ်

ယခု မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းအလနည်းငယ်မြင့်တက်လာကာ ယနေ့ မေ ၈ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏...

စစ်ကိုင်းမြို့ရှိ မန္တလေးငလျင်ကြီးဒ-ဏ်သင့်လေးကျွန်းမာန်အောင်စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် လေးကျွန်းမာန်အောင်စေတီတော်မြတ်ကြီးပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသက်ပုံက ယနေ့ မေ ၈ ရက်တွင်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ...

စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို နည်းပညာဖြင့်စောင့်ကြည့်နေ၊...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းများအကြားစည်းကမ်းဖောက်ဖျက်မှုများပြားလာသည့်အတွက် နည်းပညာသုံးစောင့်ကြည့်စစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။ YRTC အနေဖြင့်...

တက္ကသိုလ်များတွင် အပန်းဖြေရိပ်သာနှင့် အားကစားအဆောက်အအုံများ အဆင့်မြှင့်တင်တည်ဆောက်မည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များတွင် အပန်းဖြေရိပ်သာများနှင့် ဘွဲ့နှင်းသဘင်အဆောက်အအုံများ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ မေလ ၂ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့...
HomeCelebrities' Newsခင်ပွန်းဖြစ်သူ နေထက်လင်းနဲ့အတူ ဇာတ်လမ်းတွဲ...

ခင်ပွန်းဖြစ်သူ နေထက်လင်းနဲ့အတူ ဇာတ်လမ်းတွဲ တစ်ခုမှာ သရုပ်ဆောင်မယ့် စုဒါလီ

သရုပ်ဆောင် စုဒါလီကတော့ အနုပညာအလုပ်နဲ့ နှစ်ပေါင်း၂ဝခန့်လောက် ဝေးကွာနေပြီး အခုတစ်ဖန် အနုပညာ အလုပ်တွေ ကို ပြန်လည်လုပ်ကိုင် တော့ မှာဖြစ်ကြောင်း သိရပါတယ်။ မကြာခင်ရိုက်ကူးတော့ မယ့် ‘ကျွန်မချစ်တဲ့သူတွေ (သို့) မုန် တိုင်းကို ရင်ဆိုင်ခဲ့သူတွေ’ ရုပ်သံဇာတ်လမ်းတွဲမှာ သူ့ရဲ့ခင်ပွန်းအမျိုး သားဖြစ်တဲ့ သရုပ်ဆောင် နေထက် လင်းနဲ့ အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။  ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာနဲ့ပတ်သက်ပြီး …

“အစ်မ ပထမဆုံး ပြန်လည်ရိုက်ကူးမယ့် ဒီဇာတ်လမ်းတွဲက ဖြစ်ရပ်မှန် ဇာတ်လမ်းလည်း ဖြစ်တယ်။ နောက် ပြီး နိုင်ငံရေးလည်း ပါတယ်ဆိုတော့ အစ်မအနေနဲ့ စာအုပ်တွေလည်း ဖတ်ရတယ်။ ကာရိုက်တာပိုင်းကို လည်း အများကြီး ပြင်ဆင်ထားပါတယ်။ပြောရမယ်ဆိုရင် နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်ကားဖြစ်တဲ့အတွက် တာဝန်လည်း ကြီးပါတယ်။ အစ်မ ပထမဆုံး သရုပ်ဆောင်ခဲ့တာလည်း နိင်ငံရေး ဇာတ်ကားပါ။ နိုင်ငံရေး ဇာတ်ကား ရိုက် ကူးပြီးမင်းသမီးဖြစ်လာတာပေါ့။ အခုအနု ပညာလောက ပြန်လည်ဝင်ရောက်တော့မယ် ဆို တဲ့အချိန်မှာလည်း နိုင်ငံရေးဇာတ်ကားကို ပြန်လည်ရိုက်ကူးရတဲ့ အတွက် အစ်မအတွက်ကတော့ နိမိတ်ကောင်းပါတယ်” လို့ပြောခဲ့ပါတယ်။

  ဒီဇာတ်လမ်းတွဲ ရိုက်ကူးပြီး သွားရင် သရုပ်ဆောင်ဖို့ လာကမ်းလှမ်းလာခဲ့ရင် ကိုယ်နဲ့လိုက်ဖက်မယ့် ကာရိုက်တာတွေကို ရွေးချယ်ရိုက်ကူး သွားမှာလို့လည်း သူကပြောခဲ့ပါ တယ်။ သူမရဲ့ ခင်ပွန်းအမျိုးသား က လည်း အနုပညာ သမားတစ်ယောက် ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ် ယောက် အနုပညာနဲ့ပတ်သက် ပြီးပံ့ ပိုးကူညီကြတာတွေ ရှိလားလိုမေးမြန်းခဲ့ရာ …

“အစ်မယောင်္ကျားကို အစ်မက ကာရိုက်တာပိုင်းအတွက် အဝတ် အစားတွေ အကုန်လိုက်လုပ်ပေးရ တာ ရှိသလို သူကိုယ်တိုင် စီစဉ်တာ လည်းရှိပါတယ်။ အစ်မအခုရိုက်ကူးမယ့် ဇာတ်လမ်းတွဲကိုလည်း သူကအရမ်း ရိုက်ကူးစေချင်တယ်။သူတိုက်တွန်း လို့လည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်တာပါ။ တစ် ယောက်နဲ့ တစ်ယောက် အဲဒီလိုလေးတွေ ပံ့ပိုးကြတာတွေတော့ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071