Wednesday, May 13, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeCelebrities' Newsခင်ပွန်းဖြစ်သူရဲ့ ပံ့ပိုးမှုတွေကြောင့် စိတ်ချမ်းသာနေရပါတယ်လို့...

ခင်ပွန်းဖြစ်သူရဲ့ ပံ့ပိုးမှုတွေကြောင့် စိတ်ချမ်းသာနေရပါတယ်လို့ ဖွင့်ဟလိုက်တဲ့ ဇင်ဇင်ဇော်မြင့်

သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်နဲ့ ခင်ပွန်းဖြစ်သူ ချမ်းကျော်ကျော်ပိုင်တို့ရဲ့ CKKP Production ကနေ ပထမဦးဆုံးပွဲဦးထွက်လာခဲ့တဲ့ ‘ရာဇဝင်ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇွန်လ ၆ ရက်နေ့က စတင်ပြီး ရုံတင်ပြသနေပြီဖြစ်သလို ဇင်ဇင်ဇော်မြင့်ကိုယ်တိုင်လည်း ရုပ်ရှင်လောကထဲ တစ်ကျော့ပြန်လည် ဝင်ရောက်လာပြီဖြစ်ပါတယ်။

”မေလေးကတော့ အဲဒီမှာ ဖက်ရှင်ဒီဇိုင်နာ ခင်နန်းစံဆိုပြီး သရုပ်ဆောင်ထားတယ်။ မာနကြီး တယ်။ အချစ်ကို ကိုးကွယ်တယ်။ တန်ဖိုးထားတယ်။ အဲဒီအချိန်မှာ မာနကြီးတဲ့ ကောင်လေးတစ်ယောက်နဲ့ဆုံတဲ့အခါ မှာ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပါလို့”လို့ ဇင်ဇင်ဇော်မြင့်က ‘ရာဇဝင်ရိုင်းခဲ့သည်’ ဇာတ်ကားထဲက သူ့ရဲ့ ကာရိုက်တာနဲ့ပတ်သက်ပြီး ပြောပြပါတယ်။ ရှေ့မှာဆိုခဲ့သလို ရုပ်ရှင်လောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာပြီဆို တော့ ဇင်ဇင်ဇော်မြင့်ရဲ့ နောက်ထပ်ဇာတ်ကားက …

”အခု ဒုတိယဇာတ်ကားက သရဲကားဖြစ်မှာပါ။ သရဲကားက တခြားသရဲကားတွေနဲ့ မတူဘဲနဲ့ အဝတ်အစားတွေ၊ မိတ်ကပ်တွေကအစ အကုန်အဆန်းတွေချည်းပဲလုပ်ထားပါတယ်။ ဘယ်လိုသရဲကားလဲဆိုတာကတော့ အချိန်တန်လို့ရှိရင်ပြောပြပါမယ်”လို့ သူကပြောပါတယ်။ အရင်က ဇင်ဇင်ဇော်မြင့်နဲ့ အခု ဇင်ဇင်ဇော်မြင့် ထွေထွေ ထူးထူးပြောင်းလဲသွားတာမရှိဘူးနော်လို့ ဆိုတော့ …

”အမှန်အတိုင်းပြောရရင်တော့ မေလေးက ဘုရား၊ တရားသမားပါ။ ဘာသာရေးလိုက်စားတယ်။ နောက်ပြီး တရားတွေထိုင်တယ်။ ပြီးတော့ မေလေးက စိတ်ကိုပျော်ပျော်ထားတတ်တယ်။ ကိုယ့်ကို ချစ်တဲ့သူဖြစ်ဖြစ်၊ မုန်းတဲ့သူဖြစ်ဖြစ် ကိုယ်က အမြဲတမ်းအကောင်းဘက်ကပဲ ကြည့်ပေးတယ်။ ပြီးတော့ စိတ်ကိုအမြဲတမ်းပျော်အောင် နေတယ်။ စိတ်ညစ်စရာကတော့ လူတိုင်းမှာရှိတာပေါ့လေ။ ဒါပေမဲ့ ကိုယ်က စိတ်ညစ်စရာတွေကို ချက်ချင်းပဲ ခေါင်းထဲ ကနေထုတ်ပြီးတော့ ပျော်အောင်ပဲအမြဲနေပါတယ်”လို့ သူက ဆက်လက်ပြောပါတယ်။ အခုလို စိတ်ချမ်းသာနေတာ ကိုချမ်းကျော်ကျော်ပိုင်နဲ့လည်း သက်ဆိုင်မယ်ထင်တယ်လို့ဆိုတော့…

”အဲဒီလိုပြောရင်လည်း ရပါတယ်။ အဓိကကတော့ သူကပံ့ပိုးပေးတာပေါ့လေ။ သူပံ့ပိုးပေးလို့လည်း ကိုယ်က စိတ်ချမ်းသာတာပေါ့(ရယ်လျက်)” လို့ ဇင်ဇင်ဇော်မြင့်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071