Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeArticlesကျွန်တော် ကပြခဲ့တဲ့ ကျောင်းပြဇာတ်ကလေး

ကျွန်တော် ကပြခဲ့တဲ့ ကျောင်းပြဇာတ်ကလေး

တစ်လောက အိမ်ဟောင်းက နေအိမ်သစ်အပြောင်း၊ စာအုပ် အဟောင်းပုံ မွှေရင်း ထွက်လာလိုက် တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ မနည်းဘူးဗျ။ စာတိုပေစတွေပေါ့။

အဲဒီ ‘အတိုပုံ’ထဲက ကျောင်း တုန်းက ကျွန်တော်ကိုယ်တိုင်ရေး ကိုယ်တိုင်ပါဝင် က,ပြခဲ့တဲ့ ပြဇာတ် တိုကလေးတစ်ပုဒ် ပြန်တွေ့ရတယ်။ အဲဒီတုန်းကတော့ ကျွန်တော့်ပြဇာတ် ကို ‘ငါးမိနစ်ပြဇာတ်’အဖြစ် တင်ပြခဲ့ တာကို မှတ်မိနေသေးတယ်။ ပြဇာတ် ကလေးက တရားစီရင်ရေးကိုသရော် တဲ့ ပြဇာတ်ကလေးပါ။

တကယ်တော့ ဒီပြဇာတ်ကလေး ဟာ ကျွန်တော့်ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဖန်တီးချက်တော့ မဟုတ်ပါဘူး။ နိုင်ငံခြားစာရေးဆရာတစ်ယောက်ရဲ့ သရော်စာလေးကို ကျွန်တော်က မှီခို ပြီးရေးထားတာပါ။ အဲဒီတုန်းကတော့ မူရင်းစာရေးဆရာရဲ့ နာမည်ကို လေးလေးစားစားဖော်ပြပြီးမှ ကျွန် တော်ပြဇာတ်ကို တင်ဆက်ခဲ့တာပါ။

ဒါပေမဲ့ အခုကျတော့ ကျွန် တော့် အသက်က ၇ဝ ကျော်ပြီဆို တော့၊ အဲဒီမူရင်းစာရေးဆရာရဲ့ နာ မည်ကို ကျွန်တော်မမှတ်မိတော့ဘူး။ ရုရှားစာရေးဆရာ ချက်ကော့ဗ် ဖြစ် တယ်လို့လည်း ထင်ရဲ့ဗျ။ ဒါကို ပြင် ပေးမယ့်သူရှိရင်လည်းကောင်းမှာပဲ လို့ ကျွန်တော်တွေးမိပါတယ်။ ပြင် ပေးမယ့်လူကိုလည်း ကျွန်တော် ကျေးဇူးတင်နေမိမှာပါပဲ။

အဲ့ဒီပြဇာတ်နာမည်ကတော့ ခပ်မိုက်မိုက်ထဲကပါ။ ဒီလိုပေးထား တာ။ “မဟော်သဓာလက်သစ်ရဲ့ ခွေး တရားစီရင်ခန်း”တဲ့ခင်ဗျာ။ (အခုမှ ကျွန်တော်အားနာလိုက်တာ၊ ဒါပေမဲ့ ဘယ်သူ့အားနာမိမှန်းလည်း ကျွန် တော်မသိတော့ပါဘူးလေ)။ ကိုင်း ..ကိုင်း ..ခွေးတရား’နာလိုက်ကြ ရအောင် …

မဟော်သဓာလက်သစ်ရဲ့
ခွေးတရား စီရင်ခန်း
နောက်ခံ ။ ။ အတန်အသင့် ခမ်းနားသော၊ ရှေးပုံစံနှင့် သူကြီးတစ် ဦး၏ အိမ်ပုံပန်းချီကားကြီးရှိရမည်။ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံး ရှိပြီး၊ ထိုထိုင်ခုံပေါ်တွင် သူကြီးမင်း ခပ်တည်တည်ထိုင်နေစေ ..။ ရွာ သူရွာသားများက ခင်းထားသော ဖျာ ပေါ်တွင် နေရာယူ။

မှတ်ချက် ။ ။ အမှုတစ်ခုစစ် ဆေးရန် စီစဉ်နေကြောင်းကို ပေါ် လွင်အောင် လိုအပ်သည်များကို ကြည့်၍ပြင်ဆင်ထားရန်။

ကားလိပ်ဖွင့် ။ ။ ရွာသားများ၊ ကိုယ်ထင်ရာ ကိုယ်ပြောနေကြစေ ..။ သူကြီးမင်းက စားပွဲကို လက် ဖြင့် ဘုန်းခနဲ ပုတ်လိုက်မှ မီးကို ရေ နဲ့ သတ်သလိုငြိမ်သွားစေ …။

သူကြီးမင်း ။ ။ “ခွေးကိုက်ခံရမှု အတွက် ခွေးကိုက်ခံရသူ ရှေ့ကိုလာ ပါ။ ဘာပြောချင်တုံး သိရအောင်…၊

ရွာသားတစ်ဦး ။ ။ ခြေထောက် ထော့နင်းထော့နင်း ထ, လာ ..

‘ကျွန် …ကျွန် …ကျွန် တော်မျိုးကြီး၊ ခွေးကိုက်ခံရလို့ ခွေး ပိုင်ရှင်ထံက လျော်ကြေးရလိုပါတယ် သူကြီးမင်း ခင်ဗျာ’

သူကြီးမင်း ။ ။ (စိတ်မကောင်း ဟန်ဖြင့်၊ ခွေးကိုက်သည့် ဒဏ်ရာ လှမ်းကြည့် ကျွတ် ..ကျွတ် .. ကျွတ်ဟု ပါးစပ်က စုတ်သပ်)

“အို ..ဟုတ်သားပါလား။
ဒဏ်ရာက မနည်းဘူး။ အတော် ကြီးပါလား၊

ခွေးမွေးထားတဲ့လူတွေမှာ .. တာဝန်ရှိတာပေါ့။ အဲဒီခွေး ဘယ် သူ့ခွေးလဲဆိုတာ သိကြလား ..”

ရွာသားများ ။ ။ (သိတော့ သိတယ်။ ဒါပေမဲ့ ပြောဖို့ခက်တယ်ဆိုတဲ့ အိုင် တင်မျိုး လုပ်ထားကြစေ၊ ပြီးတော့ တစ်ဦးကို တစ်ဦး ‘မင်း ပြောလိုက်’၊ ‘ငါ ပြောလိုက်’ဆိုတဲ့ အမူအရာတွေနဲ့ တစ်ဦးကိုတစ်ဦး မေးထိုးနေကြစေ.)

သူကြီးမင်း ။ ။ “ကဲပါ .. ကဲပါ။ ပြောသာ ပြောကြပါ။ မှန်ရာကို ဖော် ထုတ်ကြပါ။ ကျုပ်ကလည်း တရား သဖြင့် ဖြစ်အောင် ဆောင်ရွက်ပေး ရမှာပေါ့ ..”

ရွာသားတစ်ဦး (ထ,ပြော) ။ ။ “သူကြီးမင်းခင်ဗျား။ အဲဒီခွေးက သာမန်ခွေးဝဲစားမဟုတ်ပါဘူး။ တစ် ရွာလုံးက အရေးပေးထားရတဲ့ မြို့ ဝန်မင်းရဲ့ ခွေးဖြစ်ကြောင်းပါ ခင်ဗျ။

သူကြီးမင်း ။ ။ (ချက်ချင်း မျက်နှာ အမူအရာပြင်၊ ခွေးကိုက်ခံရသူအား သူ့ရှေ့ခေါ်၊ ခွေးကိုက်ခံရသူ ရွာသား ကလည်း သူကြီးမင်းရှေ့ ခြေထောက် ထော့နင်းထော့နင်း လျှောက်လာ …)

“အင်း …မင်းကလည်း မင်း၊ မြို့ဝန်မင်းခွေး မျက်စိနောက်တာ လည်း မပြောနဲ့၊ ခြေထောက်ကိုက ထော့နင်း ထော့နင်းနဲ့ …”
(ကား လိပ် ချ)

ကိုငြိမ်း (မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071