Looking for something?

Explore the website

Looking for something?

Tuesday, July 15, 2025

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...
HomePoemကျွန်တော်ဟာလမ်းတစ်စင်းပါ

ကျွန်တော်ဟာလမ်းတစ်စင်းပါ

တန်ဖိုးနည်းပစ္စည်းတွေနဲ့
ဖြစ်တည်လာတဲ့ အညတရ လမ်းတစ်စင်း။
ကတ္တရာစေး အနည်းငယ်နဲ့
ဟာတာတာ ကျောက်ကလေးတွေက
ကျွန်တော့် သွေးကြောတွေပါပဲ။
ပြီးတော့ ၀မ်းစာမပြည့်ခဲ့တဲ့
ကျွန်တော်က ပိန်တယ်၊ ပါးတယ်
အဖုအထစ်တွေလည်း အနည်းငယ်ရှိလေရဲ့။

ချစားအမြတ်ကြီး ထုတ်သူတွေရဲ့
ကွက်ကျော်ရိုက်ခြင်းမှာ
ကျွန်တော်က ဗီလိန် ဓားစာခံတစ်ယောက်ပါ
တကယ့်ဗီလိန်တွေက ဘယ်သူတွေလဲ။
ကျွန်တော့်ကျောကို မညှာမတာ နင်းကန်သွားပြီး
ဘ၀ပြောင်းကာ ငိုယိုကြတဲ့သူတွေအတွက်
ကျွန်တော်က ယမမင်း။
မဆင်မခြင် ဖြစ်ပျက်သွားကြရခြင်းမှာ
ကျွန်တော့်ကိုပဲ အပြစ်လာပုံချကြတယ်
တကယ်အပြစ်ရှိသူက ကျွန်တော်ပဲလား။
ကွမ်းတံတွေးအိတ်ကလေးတွေဆီက
ကွမ်းသွေးတွေ ကျွန်တော့်ကို လာစင်တဲ့အခါ
ပျို့အန်ထွက်လာတဲ့ အန်ဖက်တွေ ပေနေတဲ့အခါ
ခန္ဓာဝန်မနိုင်လို့ ကျွန်တော့်အပေါ် အလေးအပင်စွန့်ကြတဲ့အခါ
ဘယ်သူများအရေးတယူ သုတ်ပေးခဲ့ကြဖူးလဲ။

သစ်လုံးတင်ထားတဲ့ ကားကြီးတွေလာရင်
VIP စာတန်းပါ ကားကြီးတွေလာရင်
အရိုးစိမ့်အောင် ရင်နာမိလေရဲ့။
မတူညီတဲ့နေရပ်ပေါင်းစုံက တန်ဖိုးနည်းတွေ
ကျွန်တော့်ကို နင်းပြီး ရင်ဘတ်ထဲဝင်လာကြတယ်
ပြီးတော့ တန်ဖိုးကြီးတွေကို သယ်ဆောင်ကာ
ကျွန်တော့်ကိုနင်းပြီး ခြေစုန်ကန်သွားကြတယ်။
မနိုင်ဝန်တွေကြီးပဲ ထမ်းနေရလို့
ခန္ဓာကိုယ်အပေါက်အပြဲ ဗရပွနဲ့
ဆေးမကုနိုင်တဲ့ ကျွန်တော်ဟာ
လူနာတစ်ယောက်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ကျွန်တော့်ကို ဘယ်အချိန်ဆေးကုပေးကြမှာလဲ
ကျွန်တော့်အသံတွေကိုရော
ဘယ်သူကြားနိုင်မှာလဲ။
တစ်ခါတစ်ခါဆို ဘာတွေတင်လာမှန်းမသိတဲ့
ပိုင်ရှင်မဲ့ပစ်္စည်းတင်ကားတွေလည်း
ကျွန်တော့်ကို ကြိတ်ချေသွားကြလေရဲ့။
နိဗ္ဗာန်ယာဉ်တွေလည်း
ကျွန်တော်သယ်ဆောင်တယ်
မြင်းလှည်းစုတ်ချာချာလေးတွေလည်း
ကျွန်တော်သယ်ဆောင်ရတယ်။
အလွယ်ဖြတ်လမ်းက
အချောင်နှိုက်ချင်သူတွေကိုလည်း
ကျွန်တော် မာနကင်းမဲ့စွာ ထမ်းပိုးထားပါတယ်။

ကျွန်တော်ဟာ
အယုတ်၊ အလတ်၊ အမြတ် ရွေးခွင့်မရှိခဲ့။
အလွှာပေါင်းစုံက
ဖိနပ်ပေါင်းစုံ၊ ခြေဖ၀ါးပေါင်းစုံကို
ကျွန်တော် ပင့်တင်ပေးထားတယ်။
မူးမူးရူးရူးတွေနဲ့
တစ်ခါတစ်ရံ ပါးချင်းလည်း အပ်ဖူးတယ်
ရင်ဘတ်ချင်း ချိတ်ဖူးတယ်။
မစင်ပုံ ရှာစားနေကြ
လမ်းဘေး ခွေးလေခွေးလွင့်တွေက
ကျွန်တော့်ရဲ့ အဖော်ပါ။
တစ်ခါတစ်ခါ
မိုးစက်ကလေးတွေ ကျွန်တော့်ကိုယ်ပေါ်နဲ့
ကျွန်တော့်ပါးပြင်ပေါ် ကျလာတဲ့အခါ
ကျွန်တော်သိပ်ပျော်တာပဲ
ကျွန်တော့်အညစ်အကြေးတွေ စင်သွားလို့လေ။

အထည်ကြီးပျက်တွေရဲ့
ကားအကောင်းစားတွေထက်
တောခြေက လှည်းကလေးတွေ သယ်ဆောင်ရတာကို
ကျွန်တော်ပိုနှစ်သက်တယ်။
အယောင်ဆောင် ကာလာစုံဖိနပ်တွေထက်
ခြေဗလာနဲ့ ရုန်းကန်နေရသူတွေကို
ကျွန်တော်ပိုချစ်တယ်။
ဘယ်လိုလောကဓံတွေပဲ ခံခဲ့ရပါစေ
ကြီးငယ်ယုတ်လတ် မြတ်မရွေး
ကျွန်တော် ထမ်းပိုးထားဆဲ။
ခေတ်ကြီး စီးဆင်းနေသရွေ့
လူသားတွေ တည်ရှိနေသရွေ့
ကျွန်တော် အားလုံးကို ဆက်လက်ထမ်းပိုးပြီး
ဆက်လက်သယ်ဆောင်နေမှာပါ။

လွင်စန်းမောင် (ပိုးစာကုန်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071