Tuesday, August 4, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃...

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉...

ရန်ကုန်၊ ဩဂုတ် ၄လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃...
HomeInternationalကွန်ဆာဗေးတစ်နိုင်ငံရေးညီလာခံသို့ သစ်ခုတ်လွှစက်ကိုင်ဆောင်၍ အီလွန်မတ်...

ကွန်ဆာဗေးတစ်နိုင်ငံရေးညီလာခံသို့ သစ်ခုတ်လွှစက်ကိုင်ဆောင်၍ အီလွန်မတ် တက်ရောက်

အမေရိကန်ဖက်ဒရယ်အစိုးရ၏ ငွေကြေးအသုံးစရိတ်များကို လျှော့ချရန် သမ္မတထရမ့်၏ တာဝန်ပေးအပ်ခြင်းခံထားရသော ဘီလီယံနာ အီလွန်မတ် သည် ဗာဂျီးနီးယားပြည်နယ်၊ နေရှင်နယ်ဆိပ်ကမ်းတွင် ကျင်းပသည့် ကွန်ဆာဗေးတစ်နိုင်ငံရေးညီလာခံ စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ရာတွင် အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီထံမှ လက်ဆောင်ရရှိထားသည့် သစ်ခုတ်လွှစက်တစ်ခုကို လက်ဖြင့်ကိုင်ဆောင်လာခဲ့သည်။

“ဒါဟာ ဗျူရိုကရေစီယန္တရားကို ဖြတ်တောက်ပစ်မယ့် လွှစက်ပါ” ဟုလည်း အီလွန်မတ်က ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီက မတ်အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော အနီရောင် သစ်ခုတ်လွှစက်တွင် “လွတ်လပ်ရေး အသက်ရှည်ပါစေ(Viva la libertad, carajo)” ဟု ရေးထွင်းထားသည်။ အီလွန်မတ်သည် မီလီ သမ္မတမဖြစ်မီကတည်းက ထောက်ခံအားပေးခဲ့သူဖြစ်သည်။

အီလွန်မတ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လမ်းညွှန်မှုဖြင့် ဘဏ်လုပ်ငန်းဝန်ထမ်းများ၊ သစ်တောလုပ်သားများ၊ ဒုံးပျံသိပ္ပံပညာရှင်များနှင့် အစိုးရဝန်ထမ်းများစွာအပေါ် ပစ်မှတ်ထား၍ မလိုအပ်သည်တို့ကို ထိထိရောက်ရောက်လျှော့ချမှုများကို ဦးဆောင်လျက်ရှိသည်။ ယမန်နေ့ကလည်း အမေရိကန်အခွန်ဌာန(IRS) မှ ဝန်ထမ်း ၆,၀၀၀ ခန့်အား အလုပ်ထုတ်ပစ်မည်ဟု အီလွန်မတ်က အသိပေးခဲ့ကြောင်း ယင်းကိစ္စရပ်နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ ရေဘေးသင့်နေသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃ ရက်ကလည်း တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပေါက်ကုန်းကျေးရွာကျောင်း တိုက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေ ဘေးသင့်သူများကိုလည်းတွေ့ဆုံကာအားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071