Tuesday, May 5, 2026

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp...

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင်...

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊...

မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့

အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တပ်မတော်က မော်လူးမြို့အား...

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌...
HomeDhammaကျွန်တော် ဖူးမြော်ခဲ့ရသော ကျောက်စိမ်းစေတီ...

ကျွန်တော် ဖူးမြော်ခဲ့ရသော ကျောက်စိမ်းစေတီ နှစ်ဆူ

pagodaမန္တလေးတိုင်း ဒေသကြီးတွင်ပင် ထူးထူးခြားခြား ကျောက်စိမ်း စေတီနှစ်ဆူ ရှိလေ၏။ တစ်ဆူက အမရပူရမြို့နယ်၊ ဆင်ရွာ၊ မြင်း မူး ကျေးရွာ ရှိ ဝေရောစန ကျောက်စိမ်း စေတီဖြစ်၏။ ကျန်တစ်ဆူကား နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန် ကျေးရွာ (နွားထိုးကြီး – မလှိုင် ခရိုင်ချင်း ဆက်ကား လမ်းပေါ်တွင်ရှိ) တွင် တည်ထားသည့် သဗ္ဗ ညုကျောက်စိမ်း စေတီတို့ပင်ဖြစ်လေ၏။ စာရေးသူ ကား ကျောက် စိမ်း စေတီနှစ်ဆူလုံး ဖူးမြော်ခွင့် ရခဲ့ပြီးဖြစ်၏။ ဝေရောစန ကျောက်စိမ်း စေတီမြတ်အား မြေသန့် မင်္ဂလာအဖြစ် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ လ ၂၁ ရက်နှင့် ပန္နက်တော်တင်ခြင်း၊ တွင်းတော်ဝန်း မင်္ဂလာအဖြစ် ဒီဇင် ဘာလ၂၃ရက်တွင် လည်းကောင်း ကျင်းပခဲ့၏။ စေတီတော်၏ ဥာဏ် တော် အမြင့် ၇၅ ပေ ၆ လက်မ၊ လုံးပတ်တော် ၁၇၆ပေရှိ၏။ ထီး တော် အမြင့် ၇ ပေ၊ ငှက်ပျောဖူး အမြင့် ၈ ပေ ၆ လက်မ အသီးသီးရှိ၏။ ပန်းတင်ခုံ အလျားအနံ ၅၂ ပေ ၆ လက်မနှင့် အမြင့် ၁၂ ပေရှိ၏။ ပန်းတင်ခုံအတွင်း၌ မုခ်လေးမုခ် ရှိပြီး မုခ်များ အတွင်း ကျောက်စိမ်း ဆင်းတုတော်များ ပူဇော်ထား၏။ စေတီတော်ကြီး တည်ထားရာတွင် အုတ်လုံးဝ အသုံးမပြုဘဲ ကျောက်စိမ်း များနှင့်သာတည်ထားခြင်း ဖြစ်ပေ ၏။ စေတီတော်ဝန်းကျင်တွင် ဥယျာဉ် ထည့်သွင်းပြီးဖွား၊ ပွင့်၊ ဟော၊ စံ ရုပ်ပွားတော်များ၊ ဓမ္မစင်္ကြာ တရားဦးဟောတော်မူခန်း၊ ပရိနိဗ္ဗာန် စံတော်မူခန်း၊ ပါရမီတော် ၁ဝ ပါး ကျောက်စိမ်းစာလုံးများ၊ အောင်ခြင်း ရှစ်ပါး၊ ဇာတ်ကြီး ဆယ်ဘွဲ့ ကျောက်စိမ်း ပန်းချီများကိုလည်း ထည့်သွင်း ပူဇော်ထားလေ၏။ အရှေ့ဘက် မုခ်အဝင်တွင် ကျောက်စိမ်း၊ ကျောက် ပြင်နှင့် သနပ်ခါးတုံး များထားရှိ၍ အမျိုးသမီး ပရိသတ်အပြင် လူငယ် များနှင့်အတူ စည်ကားလေ၏။ စေတီတော်ဝန်းကျင် အောက်ခြေပတ် လမ်းကိုလည်း သဘာဝ ကျွန်းတိုင်များဖြင့် အလှဆင်ကာ အမိုးပါ စင်္ကြံ တည်ဆောက်နေသည် ကိုလည်း မြင်တွေ့ ခဲ့ရပြန် ပါ၏။ ကျောက် စိမ်း တန်ချိန် တစ်ထောင်ကျော်ဖြင့် တည်ထားသည့် ရန်ကုန်- မန္တလေး အမြန်လမ်း၊ စစ်ကိုင်း- မြစ်ငယ် ကားလမ်း အနီးတွင် ရှိ သည့် ဝေရော စနကျောက်စိမ်း စေတီအား မန္တလေး သို့ ရောက်ပါက ဖူးမြော်ဖြစ်အောင် ဖူးမြော်စေချင်ပါတယ်။

ဆက်လက်၍ ခရီးကြုံပါက နွားထိုးကြီးမြို့ အရှေ့ဘက်မှ သဗ္ဗညု ကျောက်စိမ်းစေတီ ကိုလည်း ဖူးမြော် ရန် တိုက်တွန်းလို၏။ မြန်မာ သက္ကရာဇ် ၁၃၇၂ ခုနှစ်မှ ၁၃၇၆ ခုနှစ်အတွင်း တည်ထားခဲ့သည် ဆို ပေ၏။ ဘုရားတည်ထားသူ ဒါယကာ သည် တိပိဋက ယောဆရာတော်၏ “ဘုရားမြေပေါ်တည်မည် ဆိုပါက မြေပေါ်မတည်မီ နှလုံးသားပေါ်ကို အရင်ရှေးဦးစွာတည်ရမည်” ဟူသော မိန့်ကြားချက် အတိုင်း နှလုံးသား ဝယ် ဘုရား အရင်တည်၏။ တစ်နှစ်ကျော်ခန့် ဘုရား ဂုဏ်တော်များ ပွားများပြီး မှ မြေပေါ် သို့ ကျောက်စိမ်းစေတီ တည်လေ၏။ ကောင်းမွန် လှသော  စိတ်ကူးစိတ်သန်းပင် ဖြစ်လေ၏။ ၁၃၇၆ ခုနှစ် တပေါင်း လပြည့် ကျော် ၈ ရက်နေ့တွင် ဌာပနာသွင်း မင်္ဂလာနှင့် ထီးတော်တင် မင်္ဂလာကို  ကျင်းပခဲ့၏။ အလှူဒါယကာမှ ကြည်နူး သဒ္ဓါ ထူးပြန်၍ ပေ ၁၄ဝ x ၇ဝရှိ သဒ္ဓမ္မဇောတကဓမ္မ ဗိမာန်တော်ကိုလည်း လှူဒါန်းပြန်၏။ သဗ္ဗညု ကျောက်စိမ်း စေတီတော်မြတ် ကြီး၏ ဗုဒ္ဓဘိသေကမင်္ဂလာနှင့် သဒ္ဓမ္မဇောတကဓမ္မ ဗိမာန်တော် ရေစက်ချလှူဒါန်းခြင်းကို ၁၃၇၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျင်းပခဲ့လေ၏။

ကျောက်စိမ်းစေတီ ကုန်းမြေ ပလ္လင် အမြင့် ၁၅ ပေရှိ၏။ ဥာဏ် တော် အမြင့် ၄၂ ပေ၊ စိန်ဖူးတော် အမြင့် ၈ ပေရှိ၏။ စေတီတော် ပလ္လင်အောက်ခြေ နံရံ၌ လိုဏ်ထည့် သွင်း တည်ဆောက်ထား၏။ ထိုလိုဏ်များ အတွင်း ပွင့်ခဲ့ပြီးသော ဘုရားရှင်များ၏ ဆင်းတုတော်များ အသီးသီး ပူဇော်ထား၏။ စေတီတော် ရင်ပြင်တွင်လည်း ဆွမ်းသပိတ်၊ အသီးအနှံမျိုးစုံခဲဘွယ်များ၊ ပန်းအိုး များအားလည်း အမြင် ထူးခြားအောင် ပြုလုပ်ထား၏။ မန္တလေးဘက်မှ သွား မည်ဆိုပါက ကျောက်ဆည် – မြစ် သား-နွားထိုးကြီးလမ်းအတိုင်း၊ မန္တလေး- ရန်ကုန် အမြန်လမ်း အတိုင်း ဆိုပါက ပြင်စည်မိုင်တိုင် ၃၂၅/၇ မှတစ်ဆင့် နွားထိုးကြီးသို့ လည်း ကောင်း၊ မလှိုင်မှ ခရိုင်ချင်း ဆက်လမ်းအတိုင်းလည်းကောင်း ဝင်ရောက်ပြီး အောင်ပန်းကုန်း ကျေးရွာ၌ တည်ထားသည့် သဗ္ဗညု ကျောက်စိမ်းစေတီအား ဝင်ရောက် ဖူးမြော်နိုင်ပေ၏။ ဘုရားဒါယကာ နှစ်ဦး၏ ထူးခြားသည့် ပူဇော်မှုများ နှင့် တည်ထားသည့် ကျောက်စိမ်း စေတီများအား အခွင့်သင့်သလို ဝင်ရောက်ကြည်ညို ကြပါရန် ဖိတ်မန္တ ကပြုရပါ၏။

နိုင်ထွန်း (TGI)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071