Wednesday, September 2, 2026

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက်...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့်...

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ...

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး...

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း...

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက်...

ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊...
HomeNewsLocal Newsကြေကွဲစရာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ--နီပေါဝန်ကြီးချုပ်

ကြေကွဲစရာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ–နီပေါဝန်ကြီးချုပ်


        
နီပေါနိုင်ငံသည် မယုံကြည်နိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းသော ဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရပြီး အာဏာပိုင်များအနေဖြင့် လူရာပေါင်းများစွာ သေဆုံးရသည့် ရေကြီးရေလျှံမှု၏ အတိုင်းအဆ ပမာဏ ကို အပြည့်အဝ အကဲဖြတ်ရန် ရုန်းကန်နေရကြောင်း ဝန်ကြီးချုပ် ဘာလန်ဒရာ ရှားက ပြောကြားခဲ့သည်။
           
သြဂုတ်လ ၂၆ ရက်နေ့က ကျေးရွာများနှင့် မြို့များသို့ ရေခဲ၊ ကျောက်တုံးများနှင့် အပျက်အစီးအပိုင်းအစများပါဝင်သော လှိုင်းလုံးကြီး ဝင်ရောက်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံနယ်စပ်တလျှောက်ရှိ နီပေါနှင့် တိဘက်နှစ်ဖက်စလုံးတွင် လူ ၇၉၇ ဦး ထက်မနည်းသေဆုံးခဲ့သည်။
       
“မယုံနိုင်လောက်အောင် ကြေကွဲစရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်မျိုးနဲ့ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရပါတယ်” ဟု ရှားက သြဂုတ်လ ၃၀ ရက်ညပိုင်းက လူမှုမီဒီယာပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
       
ရာဆူဝါရှိ ဘိုတေကိုရှီမြစ်တွင် ကြီးမားသော ရေကြီးရေလျှံမှုကြောင့် လူ့အသက်များ၊ ပိုင်ဆိုင်မှုများနှင့် အခြေခံအဆောက်အဦများ ဆုံးရှုံးရမှုအပြည့်အစုံကို မှတ်တမ်းတင်ရန် အလွန်အခက်အခဲရှိနေသည် ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
     
“ဆိုးဝါးတဲ့ ရာသီဥတု၊ မြေမျက်နှာပြင်အခြေအနေကြမ်းတမ်းမှုနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ အန္တရာယ်တွေကြောင့် ဒီတာဝန်ဟာ စိန်ခေါ်မှုများစွာရှိနေပေမယ့် နိုင်ငံသားတွေရဲ့ အသက်ကို ကာကွယ်ရမယ်ဆိုတဲ့ သံန္နိဋ္ဌာန်နဲ့ ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
        
ဘေးအန္တရာယ်အတွင်း တိဘက်၏ ဘာသာရေးနယ်မြေ ကိုင်လာရှ်တောင်တက် ခရီးသွားများနှင့် ဘုရားဖူးများစွာ အပါအဝင် အနည်းဆုံး လူ ၃,၀၄၈ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
       
အသက် ၃၆ နှစ်အရွယ် ရက်ပ်ပါ ဘဝမှ နိုင်ငံရေးသမား ဖြစ်လာသူ ဘာလန်ဟု လူသိများသော ရှားသည် လူမှုအသိုင်းအဝိုင်းများနှင့် အရေးကြီးသော အခြေခံအဆောက်အဦများကို ပြန်လည်တည်ဆောက်ရန် ကြီးမားသော တာဝန်နှင့် ရင်ဆိုင်နေရသည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR စနစ် အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် အခြေအနေများ YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက် မီတာဖတ်ရှုနေမှုများ၊ Online စနစ်ဖြင့် မီတာလျှောက်ထားမှုများနှင့် Phone Application အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် စမ်းသပ်ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် Online စနစ်ဖြင့် မီတာလျှောက်ထားမှုများကို စနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရန်နှင့် မီတာဖတ်ချက်များ မှန်ကန်ရေး၊ ပိုဖတ်/လိုဖတ်မှုများ မဖြစ်ပေါ်စေရေးအတွက် မီတာဖတ်မှတ်တမ်းကတ်များကို...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်ရှိ ဒေသခံများ သတိပြုရန် မိုးဇလ အသိပေး

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က အသိပေး နှိုးဆော်ထားသည်။ ယနေ့ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ၃ ပေ ၄ လက်မခန့်အလို၌ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ အလားတူ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၌ စိုးရိမ်ရေမှတ်အောက် ၄...

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး (၁၉)ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၏ မိုင်တိုင်အမှတ် ၅၅၅/၅ နှင့် ၅၅၆/၀ ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းမှ အဝေးပြေးခရီး သည်တင်(Express)ကားသည် ဘရိတ်ပေါက်ပြီး လမ်း ၏ ဘယ်ဘက်ပေ(၅၀)ခန့်နက်သောချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး(၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသော ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များအပါအဝင် ခရီးသည်(၁၉)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071