Thursday, June 18, 2026

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်...

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး...

ကုန်သွယ်ရေးနှင့် အိန္ဒိယသင်္ဘောသားများ လုံခြုံရေးကိစ္စ ထရမ့်ပ်-မိုဒီ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့သည် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယသင်္ဘောသားများ၏ လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း...
HomeNewsLocal Newsကြာအင်းဆိပ်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၌...

ကြာအင်းဆိပ်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၌ လက်ဝတ်ရတနာများအားလုယက်ယူဆောင်ကာ သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၁ ဦးသေဆုံး

ကြာအင်းဆိပ်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၌ လက်ဝတ်ရတနာများအားလုယက်ယူဆောင်ကာ သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၁ ဦးသေဆုံး

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့၊ကြခတ်ချောင်းကျေးရွာအုပ်စု၊ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွားကားလမ်းဘေး၌ ဖွင့်လှစ်ထားသည့် “ချမ်းမြေ့ဝတီ”စက်သုံးဆီအရောင်းဆိုင်၌ ဇွန် ၁၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၈ နာရီ ၅ မိနစ်ခန့်က စက်သုံးဆီအရောင်းဆိုင်သို့ အမည်မသိအမျိုးသား ၄ ဦးမှဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ ဆိုင်ပိုင်ရှင်ဖြစ်သူဦးချစ်အောင်နှင့်မိသားစုဝင်များအား သေနတ်ပြခြိမ်းခြောက်ကာထိုင်ခိုင်ထားပြီး ဦးချစ်အောင်အားရိုက်နှက်၍ ရွှေလက်ကောက် ၂ ကွင်း၊ရွှေလက်စွပ် ၂ ကွင်း၊ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊စိန်လက်စွပ် ၁ ကွင်း(လက်ဝတ်ရတနာစုစုပေါင်းခန့် မှန်းတန်ဖိုး ၂၃၀ သိန်းခန့်)နှင့်ငွေ ၁၀ သိန်းကျပ်တို့အား လုယက်ယူဆောင်ခဲ့သည်။

ထိုသို့ ယူဆောင်ပြီးနောက် ဦးချစ်အောင်၏ ယောက်ဖတော်ဖြစ်သူ ဦးအေးဝင်းနိုင်(၄၅)နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ နေအိမ်ရှေ့ဝင်ပေါက် ၌ လက်လုပ်မိုင်းတစ်လုံးထောင်ကာ ဆိုင်ကယ်ဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအေးဝင်းနိုင်မှာ မေးအောက်၊နှာခေါင်းယာဘက်၊လည်ပင်းနှင့် ဦးခေါင်းနောက်စေ့တို့တွင် ကျည်ဖောက်ဝင်ဒဏ် ရာ ၄ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ထောင်ထားသည့် လက် လုပ်မိုင်းအား သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များမှ လုယက်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရအ ရေးယူနိုင်ရေးတို့အတွက် ရှာဖွေစစ်ဆေးမှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူလူထုကထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်းဦးတည်သွားနေခြင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏အချုပ်အခြာ အာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အ မျိုးသားရေးဂုဏ်သိက္ခာတို့ကိုကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံကကြိုဆိုပြီး နိုင်ငံအတွင်းရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှကြိုး ပမ်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်အရ သိရသည်။ ထို့ပြင်...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် ကလေးဝမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းလွင်၏ မေးခွန်းအား ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီး၏ ရှင်းလင်းချက်အရ ကလေးဝမြို့နယ်သို့ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းသည်...

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းများပိတ်ထားရန်နှင့် လုပ်ငန်းအချို့ကို ယာယီရပ်နားထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တစ်နာရီလျှင် မိုးရေချိန် ၇၀ မီလီမီတာကျော် ရွာသွန်းနေပြီး ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်သေးကြောင်း သိရသည်။ ယခုသတိပေးချက်သည် ၂၀၂၆ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အနက်ရောင်သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အနောက်တောင်မုတ်သုံလေအားကောင်းစွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071