Monday, June 8, 2026

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း...

ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက်...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆...
HomeNewsLocal Newsကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀...

ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျပ်ကျော်အထိ ဈေးမြင့်တက်လာ

ပြည်တွင်း စားသောက်ကုန်ဈေးကွက်တွင် ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာကြောင်း ကြက်သွန်ဖြူရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ တင်သွင်းနေသည့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) သည် ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်မှုနည်းနေသည့်အတွက် ကြူကုတ်စျေးလည်း မြင့်တက်လာပြီး ပြည်တွင်းထွက် ကြက်သွန်ဖြူစျေးသည်လည်း ယခင်ကထက် ပိုမိုမြင့်တက်လာနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ကြူကုတ်က အဝင်နည်းလို့တက်တာ။ ခုရက်ဆို ၆၉၀၀ လောက် ဖြစ်တယ်။ တရုတ်က အဝင်နည်းနေလို့ပါ။ တင်သွင်းရတာ အခက်အခဲရှိနေတာပေါ့။ ရှမ်းတွေက နည်းနည်းပြန်ကျတဲ့ သဘောရှိပေမယ့် အကြီးဆိုရင် ၈၃၀၀ ရှိနေသေးတယ်။ မနှစ်က အများဆုံးစျေးကမှ ၅၀၀၀ တောင်မရှိဘူး။ အခုက တအားကို မြင့်နေတာပေါ့။ လက်လီကတော့ ချက်ချင်းမကျဘူး။ ၃ ရက်လောက်နေမှပဲ ချရောင်းကြတာ” ဟု ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တရုတ်ကြက်သွန်ဖြူသည် ရန်ကုန်ကုန်စည် ဒိုင်ပေါက်စျေးအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်သာရှိသော်လည်း ပြင်ပလက်လီစျေးကွက်တွင် ကျပ် ၉၀၀၀ အထိရှိနေကြောင်းနှင့် ရှမ်းပြည်ထွက်ကြက်သွန်ဖြူသည် ကုန်စည်ဒိုင်စျေးတွင် ကျပ် ၈၅၀၀ ဝန်းကျင်ရှိပြီး လက်လီစျေးကွက်၌ တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ စျေးနှုန်းရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် လက်လီစျေးကွက်၌ ကျပ် ၇၀၀၀ မှ ၈၀၀၀ စျေးရှိပြီး ရှမ်းကြက်သွန်ဖြူစျေးနှုန်းမှာ ကျပ် ၈၀၀၀ မှ ၉၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။

ကြက်သွန်ဖြူကို ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်ကို တန်ချိန် ၃၀၀၀၀ ဝန်းကျင်တင်ပို့မှုရှိကြောင်း၊ အများဆုံးတင်ပို့မှုသည် တာချီလိတ် ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ကြက်သွန်ဖြူကို ပြည်တွင်းစိုက်ပျိုးမှုအနေဖြင့် ရှမ်းပြည်နယ်တွင် နှစ်စဉ်စိုက်ပျိုးဧက သောင်းနှင့်ချီ စိုက်ပျိုးလေ့ရှိပြီး အဓိကအနေဖြင့် အောင်ပန်း၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း သိရသည်။

ကြက်သွန်ဖြူကို နှစ်စဉ်အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဖေဖေါ်ဝါရီလနှင့် မတ်လတွင် သီးနှံစတင်ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071