Thursday, November 13, 2025

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ...

ဖိလစ်ပိုင်တွင် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်မြှင့်တင်

မနီလာ၊ နိုဝင်ဘာ ၁၃ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၂ သန်းကို ရောဂါရှာဖွေစစ်ဆေးရန် ရည်မှန်းချက်ကြီးစွာဖြင့် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း...

ထိုင်းပစ်ခတ်မှုကိုအာဆီယံ‌လေ့လာသူအဖွဲ့ဖြင့်စစ်ဆေးမည်–ဖနောင်ပင်

ကမ္ဘောဒီးယားအစိုးရသည် ကမ္ဘောဒီးယားနိုင်ငံ၊ ပရေချမ်းကျေးရွာတွင် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ကမ္ဘောဒီးယားအရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည့် ထိုင်းစစ်တပ်၏ ပစ်ခတ်မှုကို တုန့်ပြန်မည့်အစီအမံများကို ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ကြေငြာချက်တွင်...

တရုတ်နှင့်ကမ္ဘာကိုပေါင်းကူးရန် တရုတ်ကျွမ်းကျင်ပညာရှင်များကိုတိုက်တွန်း

ပေကျင်း၊ နိုဝင်ဘာ ၁၃ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နှင့်နိုင်ငံရပ်ခြားယဉ်ကျေးမှုများကြား အပြန်အလှန်နားလည်မှုမြှင့်တင်ရန် သံတမန်များအဖြစ် တာဝန်ထမ်းဆောင်ရန် လူငယ်တရုတ်ယဉ်‌ကျေးမှု ကျွမ်းကျင်ပညာရှင်များကို တိုက်တွန်းအားပေးခဲ့သည်။ ရှီသည် ပေကျင်းတွင်ကျင်းပမည့် ၂၀၂၅...
HomeNewsLocal Newsကျောက်မဲမြို့သို့ပြန်ဝင်ရောက်လာသူများအား မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတို့...

ကျောက်မဲမြို့သို့ပြန်ဝင်ရောက်လာသူများအား မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတို့ ပြုလုပ်ပေး

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့အား တပ်မတော်မှပြန် လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်လာသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သန်းခေါင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ အောက်တိုဘာ ၁၀ ရက်တွင်လည်း ကျောက်မဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၇၅၆)ဦး ထပ်မံကျောင်းအပ်ခဲ့သဖြင့် အောက်တိုဘာ ၈ ရက်မှ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ(၁,၉၇၇)ဦး ကျောင်းတက်လျက်ရှိကာ ထပ်မံကျောင်းအပ်သည့် ကျောင်း သား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ ကျောက်မဲမြို့ရှိ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ (၁၀၅)ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာ(၆)ဦးတို့ကို လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြသည်။

လုံခြုံရေးအဖွဲ့ဝင်များမှလည်း ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက်ရှိသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိ​နေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ ရာထူးတာဝန်အမျိုးမျိုးတွင် ထမ်းဆောင်ခဲ့သော ဝါရင့်သံတမန်တစ်ဦးဖြစ်သည့် ဝန်ကြီးက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများအကြားတွင် အဖွဲ့ဝင် ၁၁ နိုင်ငံပါ ဒေသတွင်းအဖွဲ့အစည်းသည် အများသဘောဆန္ဒကို တည်ဆောက်ရန် သစ်လွင်သောချဉ်းကပ်မှုကို လက်ခံရမည်ဟု ပြောဆိုသည်။ “ကျွန်တော်တို့ မြန်မြန်သွက်သွက်လုပ်ရမယ်။ ပထမဦးစွာ ကျွန်တော်တို့မှာရှိတဲ့ ခွန်အားကို အသုံးပြုရမယ်။ ကျွန်တော်တို့ ဘက်မလိုက်ရဘူး” ဟု ပေကျင်းနှင့်...

ဖိလစ်ပိုင်တွင် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်မြှင့်တင်

မနီလာ၊ နိုဝင်ဘာ ၁၃ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၂ သန်းကို ရောဂါရှာဖွေစစ်ဆေးရန် ရည်မှန်းချက်ကြီးစွာဖြင့် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း နိုင်ငံ၏ကျန်းမာရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ တီဘီရောဂါ ရှာဖွေကုသရေးဝန်ဆောင်မှုများကို တိုးချဲ့လုပ်ဆောင်ရန်နှင့် အရှိန်မြှင့်တင်ရန်အတွက် ၂၀၂၆ ခုနှစ်အတွက် ပီဆို ၄.၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၇၁ သန်းခန့်) ဘတ်ဂျက်ကို အဆိုပြုထားရာ ၂၀၂၅ ခုနှစ်တွင် လျာထားသည့် ပီဆို ၂.၆ ဘီလျံ (ဒေါ်လာ ၄၄ သန်း) ၏...

ထိုင်းပစ်ခတ်မှုကိုအာဆီယံ‌လေ့လာသူအဖွဲ့ဖြင့်စစ်ဆေးမည်–ဖနောင်ပင်

ကမ္ဘောဒီးယားအစိုးရသည် ကမ္ဘောဒီးယားနိုင်ငံ၊ ပရေချမ်းကျေးရွာတွင် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ကမ္ဘောဒီးယားအရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည့် ထိုင်းစစ်တပ်၏ ပစ်ခတ်မှုကို တုန့်ပြန်မည့်အစီအမံများကို ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ကြေငြာချက်တွင် ကမ္ဘောဒီးယားသည် ဖ‌နောင်ပင်မြို့ရှိ ထိုင်းတော်ဝင်သံရုံးမှတဆင့် တရားဝင် ကန့်ကွက်ခဲ့ပြီး အာဆီယံ လေ့လာသူအဖွဲ့နှင့်အတူ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။ အစိုးရသည် စုံစမ်းစစ်ဆေးမှုတွင် “အကျိုးစီးပွားပါဝင်သူမိတ်ဖက်အားလုံး၏ ပံ့ပိုးမှုနှင့် ပူးပေါင်းပါဝင်မှု” ကို ပွင့်လင်းမြင်သာစွာ ဖော်ပြခဲ့ပြီး နယ်စပ်တင်းမာမှုများ မြင့်တက်လာချိန်တွင် ပွင့်လင်းမြင်သာမှုနှင့် ဒေသအဆင့် ကြီးကြပ်မှုအတွက် ကတိကဝတ်ပြုကြရန် လိုအပ်ချက်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071