Friday, June 19, 2026

တနင်္သာရီတိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကိုမေးမြန်းဆွေးနွေး

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ ဇွန် ၁၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ လွှန်တော်ကိုယ် စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေး...

မြဝတီမြို့နေအိမ်မီးလောင်မှုတွင် အသက်(၉)လနှင့် (၁၅)နှစ်အရွယ် ကလေးငယ်(၂)ဦးသေဆုံး...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နေအိမ်တစ်လုံးတွင် ယ နေ့ ဇွန် ၁၉ ရက်နေ့လည် ၃ နာရီ ၅၀ မိနစ်ကျော်ခန့်က မီးလောင်မှုဖြစ်ပွားရာမှ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ 2nd International Forum...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လာရုစ်နိုင် ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr....

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ 2nd International Forum...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လာရုစ်နိုင် ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr....
HomeNewsLocal Newsကျောက်ဖြူစီမံကိန်းနှင့် CMEC မှ...

ကျောက်ဖြူစီမံကိန်းနှင့် CMEC မှ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာ ရှိနေဟု နိုင်ငံတော်သမ္မတ ပြောကြား

“မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရေရှည်ရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် Belt and Road Initiative (BRI) နှင့် China-Myanmar Economic Corridor (CMEC) စီမံကိန်းများအတွက် မဟာဗျူဟာမြောက် ဝင်ပေါက်တစ်ခုဖြစ်သည့်အပြင် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်နိုင်မည့် အရေးပါသော လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ကြီးမားသည့်ဈေးကွက်တစ်ခုရှိသကဲ့သို့ အာဆီယံဒေသအတွင်း အချက်အချာကျသည့် ပထဝီအနေအထားကို ပိုင်ဆိုင်ထားပါသည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းများနှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများစွာ ရှိနေပါသည်။

ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ဦးစားပေးဖော်ဆောင်လျက်ရှိပါသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးတက်လွယ်ကူစေရန် ပင်လယ်ရေကြောင်းကုန်သွယ်ရေးသာမက နယ်စပ်ကုန်သွယ်ရေးစခန်းများကိုလည်း အဆင့်မြှင့်တင်ကာ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ငွေပေးချေမှုစနစ်များတွင်လည်း အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ ငွေပေးချေမှုများကို လက်ခံဆောင်ရွက်လျက်ရှိသဖြင့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေမည်ဖြစ်ပါသည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တနင်္သာရီတိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကိုမေးမြန်းဆွေးနွေး

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ ဇွန် ၁၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ လွှန်တော်ကိုယ် စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေး မြန်းဆေးနွေးခဲ့ကြကြောင်း သိရသည်။ လွှန်တော်ကိုယ်စားလှယ်များမေးမြန်းဆွေးနွေးသည့် ကြယ်ပွင့်ပြမေးခွန်း(၇)ခုအား သက်ဆိုင်ရာ တိုင်းဒေ သကြီးအဆင့် အဖွဲ့အစည်းဝင်များကပြန်လည်ဖြေ ကြားခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးအဖွဲ့၏ အတွင်းရေးမှူးနေရာ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင်နှစ်နေရာတို့ကို အစားထိုးတာဝန်ပေး အပ်ခြင်းကိုလည်း လွှတ်တော်ကအတည်ပြုပေးခဲ့ကြောင်း သိရသည်။ ယနေ့ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်အစည်း အဝေးအား တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ် စားလှယ်(၂၈)ဦးလုံးတက်ရောက်ခဲ့ရာ (၁၀၀)ရာခိုင် နှုန်းအပြည့်ရှိခဲ့ကြောင်း သိရသည်။

မြဝတီမြို့နေအိမ်မီးလောင်မှုတွင် အသက်(၉)လနှင့် (၁၅)နှစ်အရွယ် ကလေးငယ်(၂)ဦးသေဆုံး အမျိုးသားကြီး(၁)ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နေအိမ်တစ်လုံးတွင် ယ နေ့ ဇွန် ၁၉ ရက်နေ့လည် ၃ နာရီ ၅၀ မိနစ်ကျော်ခန့်က မီးလောင်မှုဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းရှိ နေ အိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နေအိမ်အတွင်း၌ အသက်(၉)လနှင့် အသက်(၁၅)နှစ်အရွယ် ကလေး(၂)ဦးသေဆုံးခဲ့ကာ အ မျိုးသားကြီး(၁)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရန်တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံထွက်ခွာ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လာရုစ်နိုင် ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ဖိတ်ကြားချက်အ ရ 2nd International Forum of the Union State "Great Heritage - Common Future" ဖိုရန်တက်ရောက်ရန် ယနေ့ ဇွန် ၁၉ ရက်နံနက် ၇ နာရီခွဲက ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071