ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ ငလျင်ဒဏ်သင့်အိမ်ထောင်စု (၆၆၀)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သြဂုတ် ၂၀ ရက်မှ သြဂုတ် ၂၄ ရက်အထိ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့်အိမ်ထောင်စု (၆၆၀)စု၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၄)သိန်းနှုန်းဖြင့် လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
