မော်စကို၊ မတ်လ ၃၀ ရက်
လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ရေနံစိမ်းများကို တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်း သည် ကျူးဘားနိုင်ငံသို့ ဆိုက်ရောက်ပြီဖြစ်ကြောင်း ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အနာတိုလီ ကိုလော့ဒ်ကင် အမည်ရှိ ရေနံတင်သင်္ဘောသည် ရေနံစိမ်း တန်ချိန် ၁၀၀,၀၀၀ ခန့်ကို ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်သော ကျူးဘားသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တာ့စ် သတင်းအေဂျင်စီက ကိုးကားဖော်ပြထားသည်။ အဆိုပါသင်္ဘောသည် လက်ရှိတွင် မာတန်ဇတ်စ် ဆိပ်ကမ်း၌ ကုန်ပစ္စည်းချရန် စောင့်ဆိုင်းလျက်ရှိသည်။
ကျူးဘားနိုင်ငံအပေါ် လပေါင်းများစွာ ရေနံပိတ်ဆို့ထားမှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်ကမ်း ရိုးတမ်းစောင့်တပ်ဖွဲ့က ရုရှားပိုင် ရေနံစိမ်းတင်သင်္ဘော ကို ကျူးဘား နိုင်ငံသို့ ဆိုက်ကပ်ခွင့်ပြုခဲ့ကြောင်း သယ်နူးယော့ခ်တိုင်းမ်စ် က အစောပိုင်းတွင် သတင်း ရေးသားဖော်ပြခဲ့သည်။
Ref:ဆင် ဟွာ
