Thursday, June 11, 2026

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် အီရန်က ပိတ်လိုက်ကြောင်း...

သူတို့ရဲ့ ပိုင်နက်နယ်မြေကို အမေရိကန်က ထပ်မံတိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ သွားလာလို့မရအောင် လုံးဝပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ Khatam...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်မည်

 ထိုင်းနှင့် ဗီယက်နမ်တို့သည် ယခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ၂၅ ဘီလျံအထိ မြှင့်တင်ရန် ရည်မှန်းချက်ထားရှိပြီး ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုမေးမြန်းဆွေးနွေးကြမည်

မနက်ဖြန် ဇွန် ၁၁ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိ ယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅) ခုကိုမေးမြန်းဆွေးနွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ ဦးသန်းဇော်၊ ပန်းတောင်းမြို့နယ်ကိုယ်စားလှယ်အမှတ်...

ပြန်လည်ထူထောင်ရေးလုပ်နေသည့် ချင်းပြည်နယ်အ တွက် မွန်ပြည်နယ်လွှတ်တော်က...

ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ချင်းပြည်နယ်အ တွက် မွန်ပြည်နယ်လွှတ်တော်က အလှူငွေကျပ်သိန်း (၂၀)ကို ယနေ့ ဇွန် ၁၀ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်(ကိုယ်စား) အလှူငွေကျပ်သိန်း...
HomeNewsLocal Newsကျူးဘားကမ်းလွန်မှာ နှစ်ပေါင်းတစ်ရာကျော်အတွင်း အားအပြင်းဆုံး...

ကျူးဘားကမ်းလွန်မှာ နှစ်ပေါင်းတစ်ရာကျော်အတွင်း အားအပြင်းဆုံး ငလျင်တစ်ခု လှုပ်ခတ်

ကျူးဘားကမ်းလွန်မှာ နှစ်ပေါင်း ၁၅၀ နီးပါးအတွင်း အားအပြင်းဆုံး ငလျင်တစ်ခု လှုပ်ခတ်သွားလို့ မက္ကဆီကိုနဲ့ ဖလော်ရီဒါအထိပါ တုန်ခါမှုတွေ ခံစားခဲ့ရပါတယ်။

တရားဝင်သတင်းထုတ်ပြန်ချက်တွေအရ ဒေသစံတော်ချိန် တနင်္လာနေ့ မနက် ၂ နာရီတုန်းက ကျူးဘားအနောက်မြောက်ဘက် ကမ်းလွန်မှာ သမိုင်းဝင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာပါ။ အဲဒီငလျင်ကြောင့် ပုံမှန်ဆိုရင် ငလျင်သိပ်မလှုပ်တတ်တဲ့ ကျူးဘား၊ မက္ကဆီကိုနဲ့ ဖလော်ရီဒါပြည်နယ်က နေရာတော်တော်များများပါ လှုပ်ခါသွားခဲ့ပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ တိုင်းတာချက်အရ အဲဒီငလျင်ဟာ အနက် ၂၆ ကီလိုမီတာ (၁၆ မိုင်) အနက်ကို ဗဟိုပြုပြီး ပမာဏ ၆.၁ မဂ္ဂနီကျုနဲ့ လှုပ်ခတ်သွားတာဖြစ်ပါတယ်။ ငလျင်ဗဟိုချက်ကတော့ ကျူးဘားနိုင်ငံ၊ မန်တူအာမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၁၀၄ ကီလိုမီတာအကွာမှာရှိပြီး မြို့တော်ဟာဗားနားကနေဆိုရင် ကားနဲ့ ၂ နာရီကနေ ၄ နာရီလောက် မောင်းရတဲ့ အကွာအဝေးပါ။

ကျူးဘားအနောက်ပိုင်းက ပီနားဒဲလ်ရီယို(Pinar del Rio) ဟိုတယ်မန်နေဂျာ ဖာလာဗီယာ ပူပို(Flavia Pupo) က ဟိုတယ်အဆောက်အအုံကြီး လှုပ်ခါသွားပြီး လူတွေတော်တော်လေး လန့်ဖျပ်ကုန်တဲ့အကြောင်းကို အခုလို ပြောပြပါတယ်။

“ဒီမှာရှိတဲ့သူတွေအားလုံးတော့ ဘာမှမဖြစ်ပါဘူး။ လမ်းပေါ်ကလူတွေကတော့ နည်းနည်း လန့်နေကြတာပေါ့” လို့ သူက ဖုန်းနဲ့ ပြောပြခဲ့တာပါ။

အခုနောက်ဆုံးလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကို ဝေးလံလှတဲ့ ဖလော်ရီဒါပြည်နယ်အထိပါ ခံစားခဲ့ရပါတယ်။ မိုင်ယာမီမြို့မှာရှိတဲ့ အမျိုးသားမိုးလေဝသဌာနကလည်း ပြည်နယ်အနောက်တောင်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်ဆိုတဲ့ သတင်းပေးပို့ချက်အမြောက်အမြား ရရှိခဲ့ကြောင်း Twitter (X) မှာ တင်ထားပါတယ်။ တနင်္လာနေ့မွန်းလွဲပိုင်းက လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့ ပို့စ်အများအပြားအရဆိုရင် အော်လန်ဒိုမြို့(Orlando) ရဲ့ မြောက်ဘက်ပိုင်းက လူတွေပါ ငလျင်ဒဏ်ကို သတိပြုမိခဲ့ကြတယ်လို့ သိရပါတယ်။

ဖို့တ်လော်ဒါဒေးလ်(Fort Lauderdale) မြို့လယ်က ရှေ့နေရုံးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မာရီယာ မွန်ကာယို(Maria Moncayo) ကတော့ သူ ရုံးခန်းစားပွဲမှာ အေးအေးဆေးဆေး အလုပ်လုပ်နေတုန်း တစ်ခုခု တုန်ခါနေသလိုမျိုး စပြီး ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ အဆောက်အအုံရဲ့ တခြားတစ်နေရာရာမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုခု လုပ်နေသလိုမျိုး ခံစားချက်နဲ့ တူပြီး၊ တစ်မိနစ်ခွဲလောက် ကြာအောင် လှုပ်ခါသွားခဲ့တာပါလို့ သူက ဆိုပါတယ်။

အဲဒီ လှုပ်ခတ်ခဲ့တဲ့ ငလျင်မျိုးဟာ ကာရစ်ဘီယံဒေသရဲ့ ဒီလိုနေရာမျိုးမှာ ဖြစ်ခဲတယ်လို့ USGS က ငလျင်ပညာရှင် ပေါလ်အားလ်က ပြောပါတယ်။ ဒီငလျင်ဟာ တက်တိုးနစ်ကျောက်ချပ်လွှာတစ်ခုတည်းရဲ့ အတွင်းပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ပုံမှန်အားဖြင့် ကျောက်ချပ်လွှာအစွန်းနားတွေမှာ ဖြစ်တတ်တဲ့ ငလျင်တွေထက်စာရင် ဒီလိုကျောက်ချပ်လွှာအတွင်းပိုင်းမှာဖြစ်တဲ့ ငလျင်တွေက ပြန့်ကျဲပြီး ဖြစ်လေ့ဖြစ်ထလည်း ပိုနည်းတယ်လို့လဲ သူက ရှင်းပြပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် အီရန်က ပိတ်လိုက်ကြောင်း စစ်တပ်အကြီးအကဲများ ပြောကြား

သူတို့ရဲ့ ပိုင်နက်နယ်မြေကို အမေရိကန်က ထပ်မံတိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ သွားလာလို့မရအောင် လုံးဝပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ Khatam al-Anbiya ဗဟိုဌာနချုပ်က ပြောကြားလိုက်ပါတယ်။ "ဒေသတွင်းမှာ လုံခြုံရေး အခြေအနေ မရှိတော့တဲ့အတွက်ကြောင့်မို့လို့ အခုချက်ချင်းပဲ ဟော်မုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအပါအဝင် ဘယ်လိုသင်္ဘောမျိုးမဆို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ ပိတ်လိုက်ပြီလို့ ကြေညာပါတယ်။ အဲဒီရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားလာတဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို ပြန်လည်တိုက်ခိုက်သွားမှာပါ" လို့ အီရန်အစိုးရရုပ်သံလိုင်းက ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်မည်

 ထိုင်းနှင့် ဗီယက်နမ်တို့သည် ယခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ၂၅ ဘီလျံအထိ မြှင့်တင်ရန် ရည်မှန်းချက်ထားရှိပြီး ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန် အင်္ဂါနေ့က ဟနွိုင်းတွင် ကျင်းပသော ဆွေးနွေးပွဲများအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဗီယက်နမ်ခေါင်းဆောင်၏ ထိုင်းနိုင်ငံ ခရီးစဉ်အပြီးတွင် ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် ဗီယက်နမ်သမ္မတ တိုလမ်ကို တွန်ကင်နန်းတော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ မကြာသေးမီက ဖလှယ်မှုများသည် အလွန်အောင်မြင်ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော် ပြောကြားခဲ့ကြပြီး ယခင်ဆွေးနွေးမှုများအတွင်း ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုမေးမြန်းဆွေးနွေးကြမည်

မနက်ဖြန် ဇွန် ၁၁ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိ ယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅) ခုကိုမေးမြန်းဆွေးနွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ ဦးသန်းဇော်၊ ပန်းတောင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးခင်အောင်ဝင်း၊ ပန်းတောင်းမြို့နယ်ကိုယ်စား လှယ်အမှတ်(၂)၊ ဦးကျော်စိုး၊ လက်ပံတန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဒေါ်လွယ်လွယ်ဝင်း၊ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးအုန်းသွင်၊ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးအောင်စိုးထက်၊ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးမြစိုး၊ နတ်တလင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးအောင်ကို၊ အုတ်ဖိုမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးသန့်ဇော်မင်း၊ တောင်ငူမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)တို့က ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြယ်ပွင့်ပြမေးခွန်းများအား သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071