Monday, September 14, 2026

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ...

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန်...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁...

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့...

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်"...

စမ်းချောင်းမြို့နယ်ရှိ Bar 4 U...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က...
HomeNewsLocal Newsကျိုင်းတုံမြို့နယ် စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ကားလမ်းဘေးထိုးကျ...

ကျိုင်းတုံမြို့နယ် စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ကားလမ်းဘေးထိုးကျ (၇)ဦးသေ ဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြား

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်အဆင်းတွင် မတ် ၁ ရက်ည ၈ နာရီ ၁၀ မိ နစ်ခန့်က အဝေးပြေးခရီးသည်တင်ကား လမ်းဘေးထိုးကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်အဆင်း၊ လက်ပံကွေ့(၁)၊ ပြည်ထောင်စုလမ်းမကြီးအ တိုင်း တာချီလိတ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား(၁၄)ဦးနှင့် အမျိုးသမီး(၁၈)ဦးလိုက်ပါလာသည့် အဝေးပြေးခရီးသည်တင်ကားသည် မိုင်တိုင်အမှတ် ၃၆၆/ ၆ နှင့် ၃၆၆/၇ ကြားအရောက် လမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးကျသွားခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ မတ် ၂ ရက်နံနက် ၂ နာရီခန့်တွင် သေဆုံးခဲ့သည့် အမျိုးသား(၅)ဦးနှင့် အမျိုး သမီး(၂)ဦး၊ ထိခိုက်ဒဏ်ရာရသူများအား သယ်ထုတ်ကယ်ဆယ်ပြီးနောက် ဒေသခံလူမှုကူညီရေးအသင်းကားများဖြင့် ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။ ယခုတပ်ဆင်မည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် တောင်ကြီးမြို့၏ အထိမ်းအမှတ်ဖြစ်သည့် မီးပုံးပျံရုပ်ပုံများ ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အရှေ့၊ အနောက် မြို့ပတ်လမ်းတစ်လျှောက်ရှိ လမ်းသွယ်များတွင် စတင်တပ်ဆင်သွားမည်ဖြစ်သည်။ ထို့ပြင် ပျ-က်စီးနေသည့် လူသွားစင်္ကြန် (ပလက်ဖောင်း) များကို ပြန်လည်ပြုပြင်သွားရန် စီစဥ်နေကြောင်းသိရသည်။ ဆေးရောင်လွင့်ပြယ်ပြီး မထင်မရှားဖြစ်နေသည့် "မဝင်ရ" တစ်လမ်းမောင်း ဆိုင်းဘုတ်များကိုလည်း အသစ်ပြန်လည် လဲလှယ်သွားမည်ဖြစ်သည်ဟု သိရသည်။

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန် Digital Smart Meter များပြောင်းလဲတပ်ဆင်ပေး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က စက်တင်ဘာ ၁၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှတာဝန်ရှိသူများက အရှေ့ပိုင်းခရိုင်အတွင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ AMI စနစ်သုံး Digital Smart Meter များ လဲလှယ်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့ ယူကရိန်းကို ထရမ့်က ပြောကြား

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်" လို့ သူက ဆိုပါတယ်။ ​တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံကို တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထရမ့်က "မစ္စတာဇီလင်စကီး လုပ်ရမယ့်အလုပ် တစ်ခုရှိတယ်။ အဲဒါက ရုရှားက ဒီဇယ်လောင်စာဆီတွေကို ပစ်မှတ်ထားနေတာကို ရပ်ဖို့ပါပဲ။ သူ့အနေနဲ့ တခြားပစ်မှတ်တွေကို တိုက်ချင်တိုက်ပါ၊ ဒီဇယ်ဆီတွေကိုတော့ မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ သူက ဒီဇယ်ရှားပါးမှုကို ဖြစ်စေလို့ပါပဲ" လို့ ပြောခဲ့ပါတယ်။ ​သူက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071